Blogger

Creating a Web Page (မြန်မာဘာသာ ဖြင့် )

Creating a Web Page (မြန်မာဘာသာ ဖြင့် )

Adobe: After Effects CS4 Help

Adobe: After Effects CS4 Help

ကွန်ပြူတာက desktop ပေါ်မှာ icon တွေပျောက်နေပြီး ဘာမှလုပ်လို့မရလို့ပါ

ကူကြပါဦး
ကျနော့အသိတစ်ယောက်ကွန်ပြူတာမှာ စက်ကို ဖွင့်လိုက်ရင် ၀င်းဒိုးကပုံမှန်တက်ပြီးတော့ desktop ဆီကိုရောက်လာရင်ဘာမှမပေါ်တော့ပဲ(နောက်ခံပုံလေးတော့ပေါ်ပါတယ်) explorer.exe ကို ဖျောက်ထားသလိုမျိုးလေး ဖြစ်နေတယ်
သုံးတာက windows XP pro& dell laptop ပါ
ctr+Alt+Del ကို နှိပ်ပြီးခေါ်ရင်လဲ task-manager က လွဲ ပြီးကျန်တဲ့ lock . log-off.shutdown,cancel ,change password အကုန်လုပ်လို့ရပါတယ်
ဘာကီးမှလဲ နှိပ်လို့ မရပါ
သူပြောတာကတော့ antivirus program တစ်ခုကို အင်စတော လုပ်ရင်းဖြစ်သွားတာလို့ပြောတာပဲ

အဲဒါဘာကြောင့်ဖြစ်တာလဲ သိချင်ပါတယ်ခင်ဗျာ
ဘယ်လိုပြန်လုပ်ရမလဲ ဆိုတာကိုလဲ ကူညီကြပါဦး
ဖြစ်နေတဲ့ပုံလေးကို ကျနော့စက် က screen-shoot လေးနဲ့ ပြထားပါတယ်

AutoCAD ဆိုသည္မွာ

၁-၁ AutoCAD အကြောင်း

AutoCAD ၏ First released ကို ၁၉၈၂ ခုတွင် MicroCAD အမည်ဖြင့် စတင်ဖြန့်ချီ ခဲ့ပါသည်။ ထို့နောက်တွင် AutoCAD သည် အစွမ်း ထက်မြက်သော ပုံဆွဲ ကိရိယာ တစ်ခုဖြစ်လာခဲ့ပါသည်။ AutoCAD သည် Computer Aided Design (CAD) ခေါ် Drawing Software များထဲမှ အခြေခံအကျဆုံးသော Software တစ်ခုဖြစ်ပါသည်။ Autodesk ကုမ္ပဏီမှ ထုတ်လုပ်သော CAD software များတွင် ဈေးနှုန်း အနည်းဆုံး ဖြင့် ရောင်းချသော software တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ၄င်း၏ လုပ်ဆောင်နိုင် စွမ်းရည်မှာ အခြားသော software များထက် နိမ့်ကျနေပါသည်။ သို့ရာတွင် AutoCAD တွင် ထူးခြားသော အရည်အချင်း တစ်ရပ် ရှိနေပါသည်။ ၄င်းမှာ Command line ပင်ဖြစ်ပါသည်။ ၄င်းသည် program ရေးသွင်းနိုင်သော Programming inerface ပင်ဖြစ်ပါသည်။ ရှေးဦးစွာ ပေါ်ခဲ့သော Programming Language များမှ ယနေ့ထက်တိုင် အသုံးပြုနေသော language နှစ်ခု ရှိပါသည်။ ၄င်းတို့မှာ FORTRAN နှင့် LISP programming တို့ ဖြစ်ပါသည်။ Auto CAD သည် AutoLISP ခေါ် LISP based program တစ်ခုပေါ်တွင် တည်ဆောက်ထားပါသည်။ အောက်ပါ အတိုင်း ရိုက်ကြည့်ပါ။

Command: (* 5 9)
45

ထို့ကြောင့် AutoCAD သည် program ရေးသွင်းနိုင်သော CAD software တစ်ခုဖြစ်ပါသည်။ ဤသည်ပင်လျှင် AutoCAD ၏ ထူးခြားမှုဖြစ်ပြီး user ကိုယ်တိုင်မှ မိမိ စိတ်ကြိုက် ပြင်ဆင် ဖြည့်စွက်နိုင်မှုကို autodesk မှ ပေးအပ်ထားပါသည်။ သို့ရာတွင် Draftman အနေဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ အနေဖြင့် AutoCAD ကို အထူးလေ့လာရန် လိုသော်လည်း ၊ မိမိတို့ လုပ်ငန်း အခြေအနေ အရ သင်ယူရသူများအနေဖြင့် အထူးကျွမ်းကျွင်စွာ လေ့ကျင်ခြင်းထက် မိမိသက်ဆိုင်ရာ နယ်ပယ် အလိုက် အထူးပြု software များကို ဆက်လက် လေ့လာရန် တိုက်တွန်းလိုပါသည်။ အခြားသော အဆင့်မြင့် CAD များ ကို လေ့လာရန်မှာမူ AutoCAD ကို မသိမဖြစ်လေ့လာရန်လိုအပ်ပါသည်။

၁-၂ AutoCAD Interface or General Features of AutoCAD



(ပုံကို ရှင်းရှင်းလင်းလင်းမြင်ရန် ကလစ်နှစ်ချက်နှိပ်ပါ)

မှတ်ချက်။ ။ ယခု ဖော်ပြချက်များသည် အကြမ်းဖျင်း ဖော်ပြချက်များသာ ဖြစ်ပါတယ်...

၁-၃ Function and Accelerator Keys

(ပုံကို ရှင်းရှင်းလင်းလင်းမြင်ရန် ကလစ်နှစ်ချက်နှိပ်ပါ)

မှတ်ချက်။ ။ *ပြထားသော Shortcut များသည် Window shortcut များနှင့် အတူတူပင်ဖြစ်သည်။

၁-၄ Command တစ်ခုအား ခိုင်းစေခြင်း

AutoCAD တွင် Command တစ်ခု ကို နည်းလမ်း (၃) ရပ်ဖြင့် ထည့်သွင်းနိုင်သည်။
၁။ Menu များမှ တဆင့် ခိုင်းစေခြင်း။ Menu bar မှ Menu များကို ဆွဲချ၍ နှစ်သက်ရာ command ကို ရွေးချယ်နိုင်သည်။ ဥပမာ- Line ဆွဲရန် Draw Menu မှ Line ကို ရွေးပါ။
၂။ Toolbar မှ တဆင့် ခိုင်းစေခြင်း ။ Toolbar များမှ Line Tool Line Tool ကို ရွေး၍ နှိပ်ပါ။ Line Tool မှာ Draw Toolbar ထဲတွင် ရှိပါသည်။
၃။ Keyboard ကို သုံး၍ Command Line မှ တဆင့် ခိုင်းစေခြင်း။ ဤနည်းလမ်းသည် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ ဥပမာ- Line ဆွဲရန် line ဟု ရိုက်၍ spacebar ကိုပုတ်ပါ။ သို့ အတိုကောက် l ဟု ရိုက်၍ spacebar ကို ပုတ်ပါ။
မှတ်ချက်။ ။ AutoCAD တွင် space bar ကို Enter key အဖြစ်သုံးသည်။ ညာဘက်က မောက်စ် ကို သုံး၍ ဘယ်ဘက်လက်မှ command ကို keyboard မှ တဆင့် ရိုက်သွင်းခြင်းသည် သက်တောင့်သက်သာ အရှိဆုံးဖြစ်ပါသည်။

၁-၅ နောက်ဆုံး Command ကို ပြန်လည်အသုံးပြုခြင်း

AutoCAD တွင် နောက်ဆုံး အသုံးပြုထားသော Command ကို နည်းလမ်း (၃) ရပ်ဖြင့် ပြန်ခေါ်နိုင်သည်။
၁။ Keyboard ပေါ်ရှိ Enter key ကို နှိပ်ပါ။
၂။ Spacebar ကို နှိပ်ပါ။
၃။ Right Click ခေါက်ပါ။

၁-၆ AutoCAD command တစ်ခု ကို cancel လုပ်ခြင်း

Active ဖြစ်နေသော command တစ်ခု ကို cancel လုပ်ရန် Esc key ကိုနှိပ်ပါ။
မှတ်ချက်။ ။ တစ်ချို့သော command များသည် option များပါဝင် သဖြင့် Esc ကို တစ်ခါနှိပ်ယုံဖြင့် ထွက်မသွားပါ။ ထို့ကြောင့်သေချာအောင် နှစ်ခါနှိပ်သင့်ပါသည်။

၁-၇ Pointing Device (Mouse) ကို အသုံးပြုခြင်း


ယနေ့ခေတ်သုံး မောက်စ်များတွင် အများအားဖြင့် အစိတ်အပိုင်း (၃) ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။
Left Mouse Button
ဘယ်ဘက် မောက်စ် ခလုပ်ကို object များကို select လုပ်ရာတွင် သုံးပါသည်။ ထို့အပြင် Double click နှင့် press and drag လိုရာသို့ ဖိဆွဲခြင်းများလည်း ပြုနိုင်သည်။
Right Mouse Bottom
ညာဘက်မောက်စ် ခလုက်ကို Enter အဆုံးသတ်ရာတွင် သုံးပါသည်။ အကယ်၍ Options များရှိနေသေးလျှင် popup menu များခေါ်ရန် သုံးပါသည်။
Scroll wheel
ဘီးကို ပုံမှန် အားဖြင့် Window ကို ထက်အောက်ရွှေ့ကြည့်ရန် သုံးသော်လည်း AutoCAD တွင် zoom in/out လုပ်ရန်သုံးပါသည်။ ဘီးကို ရှေ့သို့ တွန်းလိုက်ခြင်းသည် အနီးသို့ ဆွဲကပ်ကြည့်ခြင်း (zoom in) ဖြစ်၍ နောက်သို့ ဆွဲလိုက်ခြင်းသည် အဝေးမှကြည့်ခြင်း (zoom out) ဖြစ်ပါသည်။ ဘီးကို ဖိနှိပ်လိုက်ပါ က pointer သည် လက်ပုံသို့ပြောင်းသွားပါသည်။ ယင်းမှာ zoom pan သို့ ပြောင်းသွားခြင်းဖြစ်ပြီး မြင်ကွင်းကို လိုရာသို့ ရွှေ့ရန် သုံးပါသည်။
မှတ်ချက်။ ။ Scroll Wheel ဖြင့် zoom အမျိုးမျိုး ကြည့်ခြင်းကို မည့်သည့် command active ဖြစ်နေသည်ဖြစ်စေ ကြားဖြတ် သုံးနိုင်ပါသည်။

Ref:http://mai-comgraphic-507.blogspot.com/2011/05/style-definitions-table.html

Recovery Disk နဲ့ Vista ကို Recovery (Reinstall)ပြန်လုပ်နည်း

ကျနော်အခုရေးပြချင်တာက HP, Compaq ကွန်ပျူတာအမျိုးအစားများကို Recovery
Manager ပါရှိသည့်အတွက် ၎င်းကွန်ပျူတာများကို Recovery Partition နဲ့ ပြုလုပ်
ထားတာအတော်များများတွေ့ရတယ်။ အဲဒီလို Recovery Partition နဲ့ လုပ်ထားတဲ့
စက်ကို လိုအပ်လို့ ပြန်ပြီး Recovery လုပ်ရမယ်ဆိုရင် အဆင်ပြေနိုင်အောင် သိသ
လောက်ရေးခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အခု ၀င်းဒိုးဗစ်စ်တာသုံးတာမ၇ှိသလောက်ဖြစ်သွားပါပြီး ဒါကြောင့် ဒီပို့စ်
သည် ဗဟုသုတမျှသာရည်ရွယ်ပါသည်။

(၁)
Recovery Disk စက်ထဲမှာ ထည့်လိုက်ပါ။ ပြီးတော့ Boot တက်လိုက်ပါ။ HP, Com
paq Brand အများဆုံးဟာ Boot တက်လျှင် F10 ကီးနှိပ်ထားရတာများပါတယ်။
(အများစုပြောတာနော်)
(၂)
Welcome to the Recovery Manager ဘောက်စ်ပေါ်လာမည်။ Advance option ကိုနှိပ်ပါ။

+/- အပြည့်အစုံသို့

(၃)
နောက်ဘောက်စ်တွင် system recovery ကိုနှိပ်ပြီး Next ကိုနှိပ်။


(၄)
နောက် Insert Recordable Disk ဘောက်စ်ပေါ်လာမည်။ CDဆိုရင် 9 ချပ်၊ DVD ဆိုရင်
2 ချပ်၊ DVD-DL (DVD Dual Layer) အသုံးပြုတာနည်းပါတယ်။ Next ကိုနှိပ်။


(၅)
နောက်ဘောက်စ်တွင် Disk 1 of 2 ဆိုပြီး Recovery Disk က မိမိစက်ကို Reformating
လုပ်တာတွေ့ရမှာဖြစ်ပါတယ်။


(၆)
Disk 1 လုပ်ဆောင်ချက်ပြီးလျှင် Disk 2 ကိုဆက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း…


(ရ)
ဒီအဆင်မှာတော့ system recovery successful ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ Finish ကိုနှိပ်။
Restart ပြန်တက်လာလျှင် Recovery Disk နဲ့ system recovery လုပ်ဆောင်တာပြီးသွားပါပြီ


( အထက်ပါပုံများသည် Wikihow.com မှာ Recovery Created Disk ကိုမှီငြမ်းထားခြင်းဖြစ်
သည်။ ဒါကြောင့် တစ်ချို့ပုံသည် Recovery လုပ်ထားတဲ့ပုံမဟုတ်ပဲ၊ Created လုပ်ထားတဲ့ပုံ
ဖြစ်ပါသည်။ အထောက်အကူဖြစ်စေရန်သာ ရယူထားဖြစ်သည်။ )



Original Link

အဆင်ပြေပါစေ...
စောလင်းနက်စ်

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

သူငယ်ချင်းတစ်ယောက်က ကျနော်ရေးခဲ့တဲ့ Window Password များကို Linux နဲ့ဖြုတ်မယ်
ဆိုတဲ့ တော့ပစ်ကိုဖတ်ပြီး ကွန်မင့်ပြန်ရေးခဲ့ထားပါတယ်။ ကိုလင်းနက်စ်ရေ…၀င်းဒိုးပတ်စ်ဝါဒ်
ဖြုတ်တာ ဒီထက်လွယ်တဲ့နည်းလေးရှိရင် ပို့စ်တင်ပေးစေချင်တယ်တဲ့။ ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း
တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ
နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော်
များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။
နောက်တော့ ကျနော် Linux Lice CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း
သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း
နည်းတော့ ခက်တယ်။

ဒါကြောင့် Linux Lice CD နဲ့ဆိုင်ရင် Trinity Rescue Kit or TRK 3.4 ကို အသုံးပြုပြီး ၀င်း
ဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းက ပိုပြီးလွယ်မယ်ထင်တာနဲ့ သူငယ်များဆီ ထပ်မံမိတ်ဆက်ပေး
လိုက်ပါတယ်။ သူက Free License ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။
+/- အပြည့်အစုံသို့

ဒီဆော့ဝဲလ်ရဲ့ လုပ်ဆောင်နိုင်တဲ့ Feature တွေကို ဖတ်ကြည့်လိုက်ပါ….
-easily reset windows passwords with the improved winpass tool
-simple and easy menu interface
-5 different virusscan products integrated in a single uniform commandline with
online update capability
-full ntfs write support thanks to ntfs-3g
-winclean, a utility that cleans up all sorts of unnecessary temporary files on your
computer.
-clone computers over the network via multicast.
-wide range of hardware support (kernel 2.6.35 )
-contributed backup utility called "pi", to automate local machine backups
-easy script to find and mount all local filesystems
-self update capability to include and update all virusscanners + local changes
you made to TRK.
-full proxyserver support.
-run a samba fileserver (windows like filesharing)
-run a ssh server
-recovery and undeletion of files with utilities and procedures
-recovery of lost partitions
-evacuation of dying disks
-full read/write and rpm support
-UTF-8 international character support (select keyboard language from the scrollable
textmenu at startup)
-2 rootkit detection uitilities
-most software updated to recent versions
-literally thousands of changes and bugfixes since version 3.3
-elaborated documentation, including manpages for all commands (also TRK 's
own)

Trinity Rescue Kit or TRK နဲ့ Window PW ဖြုတ်နည်း….
ဒီဆော့ဝဲလ်က iso image file ဆိုတော့ ထုံးစံအတိုင်းပေါ့ဗျာ။ iso Brun နည်း တွေသိချင်ရင်
ကျနော့်ဆိုက်မှာပဲ ရှာပြီးဖတ်ကြည့်လိုက်ပါ။ ကဲ…Burn လိုက်ပြီးဆိုရင် ၎င်း CD ကို Drive ထဲ
ထည့်ပြီး Boot တက်လိုက်ပေါ့ဗျာ။ Boot တက်လာလျှင် ဒီအတိုင်းပဲ ကြည့်နေလိုက်ပါ။ အောက်
ပါပုံအတိုင်း ရောက်လာရင်… Trinity Rescue Kit easy menu အောက်က Window Passw
Ord Resetting ကိုရွေးပြီး Enter ခေါက်လိုက်ပါ။

နောက် Screen တစ်ခုမှာ Winpass with Prompt for user name first ကိုရွေးပြီး
Enter ခေါက်ပါ။

နောက် Screen တစ်ခုမှာ မိမိဖျက်ချင်တဲ့ ပတ်စ်ဝါဒ်ရဲ့ အကောင့် user name ကိုရိုက်
ထည့်ပါ။
နောက် screen တွေမှာ ”1" ရိုက်ပါ။ ပြီးတာနဲ့ Press a key continue ဆိုတာကို ကီး
တစ်ခုခုကိုနှိပ်လိုက်ပါ။ ဒါဆို Go back ပြန်သွားပြီးထွက်လို့ရပါပြီ။
ဘာဖြစ်သိချင် လိုချင်ရင် စမ်းရတာချည်းပါပဲ။ လက်တွေ့သည်သာ အသေချာဆုံးဖြစ်ပါ
တယ်။

Download Link :
(Oringinal link) Trinity Rescue Kit or TRK 3.4
Mediafire

အဆင်ပြေပါစေ…
စောလင်းနက်စ်

မိမိကွန်ပျူတာကို OS (Operation System) 32 bit /64 bit စစ်ဆေးနည်း

မိမိသုံးတဲ့ကွန်ပျူတာရဲု့ OS (Operation System)ကို 32 bit လား (ဒါမှမဟုတ်) 64 bit လား
သိရှိနိုင်ရန် ရေးလိုက်ဦးမယ်။ သိပြီးသားပုဂ္ဂိုလ်များက တိတ်တိတ်လေးပေါ့။ နောက်ပိုင်း စက်
တွေဟာ 64 bit များပါတယ်။ 32 bit ထက် ကောင်းတယ်ဆိုပေမယ့် အချို့application soft
Ware များ သူနဲ့ သိပ်ပြီးအဆင်မပြေလှပါဘူး။ အထူးအားဖြင့် ဇော်ဂျီဖေါင့်၊ ဇော်ဂျီကီးဘုတ်
အင်စတောလာတွေပေါ့ဗျာ။ ခဏခဏ 64 bit တွေနဲ့ conflict ဖြစ်နေပါတယ်။
ဒါကြောင့် မိမိကွန်ပျူတာကို ၀ယ်ယူတော့မယ်ဆိုရင် ဘယ် OS (Operation System) type
သုံးမလဲဆိုတာ အရင်ဆုံးဖြတ်ပြီးမှ ၀ယ်ယူသင့်တယ်လို့ ကျနော်ထင်တယ်။ ဒါနဲ့ ဆက်စပ်ပြီး
ကွန်ပျူတာတစ်လုံးမှာ OS (Operation System)ု 32 bit လား (ဒါမှမဟုတ်) 64 bit လား
သိနိုင်အောင် အောက်ပါအချက်အလက်တွေကြည့်ပြီး ဆုံးဖြတ်လို့ရပါလိမ့်မယ်။

ပထမကြည့်နည်း…
My Computer > Right Click> Properties ကိုနှိပ်ပါ။ System Properties ဘောက်စ်ပေါ်
လာလိမ့်မယ်။ အဲဒီဘောက်စ်ထဲမှာ System Type: 32 bit Operation System ဆိုပြီးတွေ့
နိုင်ပါတယ်။

ဒီနည်းကတော့ လူတိုင်းသိပြီးသားပါ။
+/- အပြည့်အစုံသို့


ဒုတိယကြည့်နည်း…
Run ဘောက်စ်ကိုဖွင့်လိုက်ပါ။
Start> Menu> Run ဒါမှမဟုတ် Window + R ကီးကိုတွဲနှိပ်။ Run ဘောက်စ်တွင် dxdiag
ဆိုပြီး ရိုက်ထည့်။ DirectX Diagnostic Tool ဘောက်စ်ပေါ်လာမည်။ ကွင်းထားတဲ့အကွက်
တွင် Operation System: Window 7 Ultimate 32 bit (6.1 build 7600) ဆိုပြီးတွေ့နိုင်ပါတယ်။


တတိယကြည့်နည်း…
Run ဘောက်စ်ကိုဖွင့်လိုက်ပါ။
Start> Menu> Run ဒါမှမဟုတ် Window + R ကီးကိုတွဲနှိပ်။ Run ဘောက်စ်တွင် cmd
ဆိုပြီး ရိုက်ထည့်။ ပြီးတော့ အောက်ပါစာချောင်းကို မှန်အောင်ရိုက်ထည့်ပါ။
reg query HKLM\HARDWARE\DESCRIPTION\System\CentralProcessor\0
ပြီးလျှင် Enter ခေါက်။ cmd.exe ဘောက်စ်ပေါ်လာလိမ့်မယ်။
အဖြေသိနိုင်ရန် အောက်ပါ ကျနော်ကွင်းထားတဲ့အကွက်ကြည့်လိုက်ပါ…

Identifier REG-SZ x84 Family 6 Model 15 Stepping 13
x86 ဆိုရင် 32 bit OS ဖြစ်ပါတယ်။
အကယ်၍ အဲဒီအကွက်တွင်…
Intel64 ဆိုရင် 64bit “Intel” OS ဖြစ်ပါတယ်၊
AMD64 ဆိုရင် 64bit “AMD” OS ဖြစ်ပါတယ်။

အဆင်ပြေပါစေ...
စောလင်းနက်စ်