Home » » USB Stick တွင် File, Data တွေ ကူး၊ ရေးလို့မရအောင်လုပ်ထားချင်လား

USB Stick တွင် File, Data တွေ ကူး၊ ရေးလို့မရအောင်လုပ်ထားချင်လား

မိမိ USB Stick တွင် File, Data တွေကို သူများ Copy, Deleteလုပ်လို့မရအောင်
ဒါမှမဟုတ် virus ရှိတဲ့စက်များရဲ့ Data စသည်ကို မိမိ USB Stick ထဲသို့ မရောက်ရ
လေအောင် Registry Editor နဲ့ ကာကွယ်ထားလို့ရပါတယ်။

လုပ်နည်းလေး...

Start Menu > Run Window + R ကိုနှိပ်ပြီး Registry Editor ဖွင့်ပါ

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control ထိရောက်အောင်သွားပါ။

+/- အပြည့်အစုံသို့


Control ကို Double Click, အဲဒီမှာ StorageDevicePolicies ဆိုတာကိုလိုက်ရှာပါ။

(တွေ့လား၊ မတွေ့ဘူး)

မရှိသေးရင် control ကို right click လုပ်လိုက်ပြီး new key ကိုရွေးလိုက်ပါ။ နာမည်ကိုတော့ StorageDevicePolicies ပေးလိုက်ပါ။


StorageDevicePolicies ဆိုတာကို left-click တစ်ချက်လုပ်လိုက်ပါ။

ပြီးရင် ညာဖက် box ထဲမှာ right-click လုပ်လိုက်ပြီး new > Dword Value ဆိုတာကိုရွေးလိုက်ပါ။
နာမည်ကို WriteProtect လို့ပေးလိုက်ပါ။


WriteProtect ဆိုတဲ့ value ကို Double-Click နှိပ်၊ ပေါ်လာတဲ့ box မှာ 1 လိုက်ရိုက်လိုက်ပါ။


(WriteProtect ဖြစ်သွားပါမယ်။)

(ပြန်ဖျက်ချင်ရင် 0 ထားပါ။ ရေးလို့ပြန်ရပါမယ်)

OK နှိပ်ပါ။ Registry Editor ကိုပိတ်လိုက်ပါ။ စက်ကို restart ပြန်လုပ်ပါ။

Note-Value ကို 0 နှင့် 1 ပြောင်းတိုင်း စက်ကို restart လုပ်ပေးရန်လိုအပ်ပါသည်။

အဆင်ပြေပါစေ...

စောလင်းနက်စ်

0 comments:

Post a Comment