Home » » Run Boxထဲမှာ gpedit.msc ဖွင့်လို့ မရပါက

Run Boxထဲမှာ gpedit.msc ဖွင့်လို့ မရပါက

သင့်အတွက် မနက်ဖြန်

သင်၏ Windows XPက Home Editionဖြစ်နေပါသလား။ Home Editionဆိုရင် gpedit.msc (Group Policy Editor) မပါလာပါဘူး။ အဘယ်ကြောင့်ဆိုသော XP Homeသည် Standalone versionဖြစ်သောကြောင့်ဖြစ်သည်။

Windows Vista ဖြစ်နေပါက Vista Home Premiumဆိုရင် gpedit.mscမပါလာပါ။ Vista Business, Ultimate and Enterpriseဆိုရင် ပါလာပါတယ်။ တိကျတဲ့ Informationကို သိချင်ရင်တော့ ဒီ Forumမှာ ၀င်ကြည့်နိုင်ပါတယ်။
အကယ်၍ တခြား Version အထူးသဖြင့် Windows XP Proဆိုရင်တော့ ပါလာပါတယ်။ ပါလာရဲ့သားနဲ့ ခေါ်လို့ မရသေးဘူးဆိုရင် Virus ကြောင့် အများဆုံးဖြစ်နိုင်ပါတယ်...

Registry Editorထဲမှာ သွားပြီး ပြင်ဆင်နိုင်ပါတယ်။ သို့ပေမယ့် Registry Editorထဲတွင် အပြင်အဆင် မှားသွားပါက မိမိ၏ Windows problemsများစွာ ဖြစ်လာနိုင်သောကြောင့် မတင်ပြချင်ပါ။ ထို့ကြောင့် Consoleထဲတွင် သွင်းထည့်နိုင်ပါသည်။

* Start menu > Run > "mmc"ကို ရိုက်ထည့်ပါ။ Consoleဖွင့်ခြင်းဖြစ်သည်။
* Console 1 Windowမှ File menu> Add/Remove snap in...ကိုနှိပ်ပါ။


* Add/Remove snap in.. dialog boxမှ Add buttonကိုနှိပ်ပါ။ ပုံပါအတိုင်းဖြစ်သည်။


* ထို့နောက် Add Standalone snap-in dialog boxမှ Available Standalone snap-ins အောက်ကိုသွားပြီး Group Policy Object Editorကို selectလုပ်ကာ Add buttonနှိပ်လိုက်ပါ။


* ထို့နောက် Finish buttonကို နှိပ်လိုက်ပါ။ Okဆက်နှိပ်ပါ။ Saveလုပ်ပါ။
* ဒါဆိုရင် gpedit.msc ပေါ်လာပါပြီ။

0 comments:

Post a Comment