Home » » (ကရင်ငြိမ်းချမ်းရေး) တကယ်သိလို့ထောက်ခံတာလား (သို့မဟုတ်) မက်လုံးကြောင့်ထောက်ခံတာလား

(ကရင်ငြိမ်းချမ်းရေး) တကယ်သိလို့ထောက်ခံတာလား (သို့မဟုတ်) မက်လုံးကြောင့်ထောက်ခံတာလား

စောလင်းနက်စ်
၂၀၀၉၊မတ်လ(၃၀)ရက်နေ့ခေတ်ပြိုင်ဂျာနယ်မှဖေါ်ပြသော`၂၀၁၀၊နအဖရွေးကောက်ပွဲအတွက်
ကရင်ငြိမ်းချမ်းရေးအဖွဲ့ဝင်များထောက်ခံ`ဆိုတဲ့သတင်းတစ်ပုဒ်ဖတ်မိပါသည်။ဒီသတင်းနဲ့ပတ်
သက်ပြီးတော့ကျွန်တော်အတွေးတစ်ခုဝင်လာပါသည်။

ထိုအတွေးကတော့ `အဲဒီငြိမ်းချမ်းရေးခေါင်းဆောင်များဟာ တကယ်သိလို့ထောက်ခံတာလား (သို့မဟုတ်)မက်လုံးကြောင့်
ထောက်ခံတာလား` ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်အပါအ၀င် ကရင်လူမျိုးအများစုဟာ သူတစ်ပါးကိုအားကိုးတတ်ခြင်း၊ အထင်ကြီးခြင်း၊ ယုံလွယ်ခြင်းစတဲ့ သင်္ကေတများ အများစုပိုင်ဆိုင်ကြပါတယ်။ နောက်ပြီးတော့ တစ်ခါတစ်လေအရမ်းလည်း မိုက်ရူးရဲဆန်တယ်။

ဒါတွေလည်း သာဓကမြေက်များစွာရှိပါတယ်။ ဥပမာ မြန်မာနိုင်ငံကို ဗြိတိသျအုပ်ချုပ်စဉ်တုံးက ကရင်လူမျိုးများ သူတို့အတွက် မြေက်များစွာစတေးပေးခဲ့ပါတယ်။ Forgotten Alliance ဆိုတဲ့ ဗွီဒီယိုဇာတ်ကားကို ပြန်ကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ သူတို့ဆီက အခွင့်အထူးအနည်းငယ်ပြန်ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှဗြိတိသျပြန်သွား တဲ့အချိန်မှာ တော့ ကရင်လူမျိုးစုတို့ရဲ့ဘ၀ဟာ ဘယ်သူ့ကိုအားကိုးရမှန်းမသိဖြစ်ခဲ့ရရှာတယ်။

ကဲ…အခုတစ်ခါလာပြန်ပြီး ခေတ်ကာလာပြောင်းလဲလာတာနဲ့အညီ ဗြိတိသျကို အားကိုးတာတော့မဟုတ်ဘူးပေါ့ ပရိယာယ်များတဲ့ မြန်မာ့တပ်မတော်ကို ယုံစားပြန်ပြီးပေါ့၊ အခုလက်ရှိတပ်မတော်ဟာ ကရင်လူမျိုးကိုမပြောနဲ့ သူတို့လူမျိုးကိုတောင် သူတို့အာဏာ
နဲ့ပတ်သက်ရင် သနားညာတာ၊ ငှဲ့ညာထောက်ထား အလကားပေးရိုးထုံးစံ မရှိဘူးဆိုတာ ကိုယ်ရှေ့မှာတင်သက်သေသာဓက
ပြစရာမလိုပဲနဲ့ သိရှိနိုင်ပါတယ်။ နောက်ပြီး `သူတို့လုပ်သမျှ ထောက်ခံမယ်ဆိုပါလား၊ ကတိတွေလည်း အားလုံးပေးလိုက်
ပြန်ပြီးလား` ဘယ်လိုလဲ ရွှေကရင်တို့ရေ…ကိုယ့် အားကိုယ်မကိုးတော့ပဲနဲ့ သူများအားကိုပဲ ကိုးတော့မှာလား။

ဒါကြောင့် ကျွန်တော်ဒီမေးခွန်းကို `၂၀၁၀၊နအဖရွေးကောက်ပွဲအတွက် ထောက်ခံသူများ`ကို မေးချင်ပါတယ်။ တကယ်သိလို့ထောက်ခံတာလား (သို့မဟုတ်) မက်လုံးကြောင့်ထောက်ခံတာလား။ ထောက်ခံတဲ့ခေါင်းဆောင် အများစုဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် အခြေခံဥပဒေများကို ဖတ်ရှုလေ့လာသုံးသပ်ပြီးပြီလား၊ သုံးသပ်လေ့ လာပြီးတော့ တကယ်ကိုယ့်လူမျိုးအတွက်အကျိုးရှိသလား၊ အဲဒီဖွဲ့စည်းပုံဥပဒေနဲ့ပတ်သက်ပြီး တစ်ချိန်သောအ ခါမှာ ကိုယ့်လူမျိုးအတွက် ဘေးကျပ်နံကျပ်ဖြစ်/မဖြစ် တကယ်အာမခံနိုင်သလား။ ပါဝင်တဲ့ ဖွဲ့စည်းပုံဥပဒေကို စီ စစ်ပြီး လိမ္မာပါးနပ်စွာထောက်ခံသင့်တယ်လို့ ပြောချင်ပါတယ်။

ဒီလိုမှမဟုတ်ဘဲနဲ့ လက်ရှိမြန်မာ့တပ်မတော်ရဲ့ မက်လုံးကြောင့် ထောက်ခံလိုက်မယ်ဆိုရင်…ရွေးကောက်ပွဲပြီးလို့ အုပ်ချုပ်သည့်နောက်ပိုင်းမှာ လက်ရှိ နအဖတပ်မတော်ဟုတ်ချင်မှ ဟုတ်တော့မှာပါ၊ မြန်မာ့နိုင်ငံရေး ဘယ်လို ပြောင်းလဲသွားမည်ဆိုတာ မည်သူမှမသိနိုင်ပါ။ အဲဒီအချိန်ကျရင် ထောက်ခံတဲ့ခေါင်းဆောင်များ နောင်တရမည့် အဖြစ်မျိုး မဖြစ်စေချင်ပါ၊ မြန်မာနိုင်ငံမှဗြိတိသျပြန်သွား တဲ့အချိန်တုံးက ကရင်ပြည်သူများ အားကိုးရာမဲ့ဘ၀မျိုး နောက်တစ်ခါထပ်မကြုံစေချင်တော့ပါ။ သစ်ပါမစ်၊ ကားပါမစ်၊ဆိုင်ကယ်ပါမစ်တွေကြောင့်နောင်တစ်ချိန်ကရင်
ပြည်သူများမျက်နှာငယ်ရမည့်အဖြစ်ကို ထပ်ပြီးအမဲစက်မထင်စေချင်ပါ။

ဒါကြောင့် တကယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို သိလို့ ၂၀၁၀၊ ရွေးကောက်ပွဲကို ထောက်ခံတာမျိုးဖြစ်ပါစေ လို့ ကရင်ပြည်သူများကိုယ်စား ကျွန်တော်ဆန္ဒပြုလိုက်ပါသည်။

0 comments:

Post a Comment