Home » » KNU ဆက်လက်ရှင်သန်ဖို့အရေး ကရင်ပြည်သားတစ်ဦးရဲ့ပန်ကြားချက်

KNU ဆက်လက်ရှင်သန်ဖို့အရေး ကရင်ပြည်သားတစ်ဦးရဲ့ပန်ကြားချက်

ကျနော် ဖဒိုဒေဗစ်ထောရဲ့ စာကိုဖတ်ပြီး တောင်တော်စိတ်မကောင်းဖြစ်မိပါတယ်
ကျနော့်အနေနဲ့ ကတော့ KNU ဆက်လက်ရှိနေစေချင်သေးတယ်
တတ်နိုင်သလောက်ပြည်ပရောက်နေတဲ့ ကရင်တွေအနေနဲ့  ငွေကြေး
အားဖြင့်သော်၎င်းထောက်ပံ့စေချင်ပါတယ်။
စောဘဦးကြီးရဲ့ မှု ၄ချက်ကို အကောင်အထည်မဖေါ်နိုင်တာတောင်
ဆက်လက်ထိမ်းထားစေချင်တယ် ကရင်လူမျိုးမှာ စစ်တပ်ရှိထားသင့်တယ်
စစ်တပ်ရှိရမယ် KNU မရှိတော့မှ စစ်တပ်လိုချင်လို့ အသစ်ပြန်ဖွဲ့ စည်းဖို့ ဆိုတာ
လုံးဝအလွယ်ပါဘူး အနှစ်၆၀ ကျော်တည်ရှိခဲ့ တဲ့ KNU ကိုကျနော်တို့ ရှေ့ မှာပြိုပျက်သွားတာ
မဖြစ်စေချင်ပါဘူး။

နောက်တချက်က စောဒေဗစ်ထောပြောသွားပုံအရ နအဖနဲ့ ပေါင်သွားတဲကရင်အဖွဲအစည်းတွေ
အနေနဲ့ လည်း ကိုယ်ကျိုးစီပွားကိုဘဲမလုပ်ဘဲ ကရင်လူမျိုတွေအတွက် ပညာရေး ကျမ်းမာရေး
နိုင်ငံရေး အသံလွင့်ရုံ စသည်ဖြင့်ကိုယ့်လူမျိုးတိုးတက်ဖွင့်ဖြိုးအခြေခိုင်အောင်လုပ်ပေးသင့်ပါတယ်
တခြားသောလူမျိုးတချို့ ရဲ့သုံးသတ်ချက်အရ KNU ဟာ သူခေါတ်ကောင်စဉ်က သူလူမျိုးကိုအခြေခိုင်အောင်မလုပ်ပေးနိုင်ခဲ့ဘူးလို့ သုံးသတ်သူတွေရှိပါတယ်။

ဒါကြောင့် နအဖနဲ့ ပေါင်သွားတဲ့ ကရင်တွေဟာဒါကို အမိအရကိုင်စေချင်ပါတယ်။
KNU အနေနဲ့ လည်းဝါဒဖြန့် မှုတွေကို မိမိလက်လှမ်းမှီတဲ့ အခုဒုက္ခသည်စခန်းမှာ သန်းနဲ့ ချီရှိနေတဲ့ လူတွေရှိနေပါတယ်သူတိုတွေကိုလည်းဝါဒဖြန့် နိုင်ပါတယ် နောက်ပြီး ထိုင်းမှာအလုပ်လုပ်တဲ့ 
သူတွေကိုရောပေါ့ နောက်ပြီး ထိုင်းနဲ့ အဆင်ပြေအောင်ပြန်ကြိုးစားစေချင်ပါတယ် KNU မှာ Backgrown နိုင်ငံမရှိတာတော်တော်ဆိုးပါတယ် နအဖမှာ တရုပ် ရုရှား အိန္ဒိယ
စတဲ့ နိုင်ငံကြီးတွေအပြင် အာစီယံနဲ့ လည်းအဆင်ပြေနေပါတယ် နောက် UN နဲ့ 
ပါအဆင်ပြေလာတာကိုတွေရတယ်။

နောက်ဆုံး KNU အားထားနေရတဲ့ ထိုင်းကိုပါစည်းရုံးထားလိုက်ပါပြီး မိမိရဲ့ ရန်သူဟာ နိုင်ငံရေးအရရော စီးပွားရေးအရရောလူမှုဆက်ဆံရေး မီဒီယာ စသည်ဖြင့် ဘက်စုံမှာ အရမ်းအလုပ်လုပ်နေပါတယ် ဒါကြောင့် ကျနော်တို့ ကရင်လူမျိုးတွေအနေ
နဲ့ လည်း မိမိတတ်နိုင်တဲ့ ဘက်မှ အမျိုးသားရေးအတွက်ပိုအလုပ်လုပ်ဖို့ နဲ့ KNU အနေနဲ့ 
လည်းဒါထက်အများကြီးအလုပ်တွေလုပ်ဖို့ လို အပ်ပါတယ် အောင်ဆန်းပြောခဲ့သလို သူများတွေကခြေလှမ်းတစ်လှန်းလှန်းရင် ကျုပ်တို့ က သူများထက် လေးငါး
ဆယ်လှမ်း လှမ်းနိုင်မှ တော်ကာကျမယ်ဆိုတာမျိုးလိုပေါ့ ကရင်လူမျိုးများ ကိုယ့်အမျိုးသားရေးမှာနှိုးကြားမှုရှိလာအောင် ကြိုးစားကြရအောင်

ကျနော်တို့ တွေဒါထက်ပိုအလုပ်လုပ်ကြရအောင်

စသောင်း

0 comments:

Post a Comment