Home » » ကွန်ပျူတာနှစ်လုံး ကို LAN network အဖြစ် ချိတ်ဆက်ကြမယ်

ကွန်ပျူတာနှစ်လုံး ကို LAN network အဖြစ် ချိတ်ဆက်ကြမယ်

ကိုဇော် (ဒဂုံ)

ကွန်ပျူတာ နှစ်လုံးတည်းကို LAN အနေနဲ့ ချိတ်ပြီး သုံးချင်တယ် / သီအိုရီ တွေကိုလည်း လေ့လာရမှာလည် အဆင်မပြေဘူးဆိုရင်တော့ အလွယ်ဆုံးနည်းနဲ့ အဆင်ပြေအောင်ပြောရရင်
ကွန်ပျူတာနှစ်လုံး အကွာအဝေးကိုမှတ်
- ကွန်ပျူတာ Servicing ဆိုင်ကိုသွား
- ကျွန်တော့် ကွန်ပျူတာနှစ်လုံးကို LAN ချိတ်ချင်လို့  RJ 45 ကြိုးလုပ်ပေးပါဆြိုပီး လုပ်ခိုင်းလိုက်ပါ
- ပြီးရင် ကြိုးရဲ့ တစ်ဘက်တစ်စကို ကွန်ပျူတာတစ်လုံးစီရဲ့  NIC card အပေါက်မှာ သွားထိုးလိုက် (မိမိကွန်ပျူတာတိုင်းမှာ NIC port တစ်ခုတော့ ပါစမြဲပါ)
- ပြီးရင် ကွန်ပျူတာတစ်လုံးစီမှာ IP အမှတ်တွေပေးရပါမယ်(ကိုယ်ပိုင်အမှတ် ဆိုပါတော့ဗျာ)


IP အမှတ်ပေးပုံပေးနည်းကတော့
ှStart >Setting> Network Connections ကို ဖြင့္လိုက္ပါ
Local Area Connection ဆိုတဲ့ စာနဲ့ Icon လေးကို ထပ်ဖွင့်ပါ
“Local Area Connection” dialog box ကျလာရင် General tab အောက်က properties ကိုကလစ်
နောက်ထပ် dialog box ကျလာရင် General tab အောက်က
” This connection uses the following items” အောက်ပါ Scroll barလေးကိုဆွဲချလိုက်ရင် အောက်ဆုံးမှာ Internet Protocol(TCP/IP) နှစ်ချက်ကလစ်လိုက်
နောက်ထပ် box တစ်ခုချလာမယ် Use the following IP address ဆိုတာကို ရွေးလိုက်ပါ အဲဒါဆိုရင် IP အမှတ်တွေ ထည့်လို့ ရသွားမယ်
IP အမှတ်တွေထည့်ပါ့မယ်

ပထမ ကွန်ပျူတာမှာ
IP address = 192.168.1.1
Subnet mask = 255.255.255.0 ဆြိုပီးထည့်ပါ ပြီးရင် ok တွေနဲြ့ပန်ထွက်ခဲ့ပါ

ဒုတိယ ကွန်ပျူတာမှာ (IP အမှတ်ထည့်လို့ ရတဲ့ နေရာအထိ ပထမပြောခဲ့တဲ့အတိုင်းသွားပါ)
IP address = 192.168.1.2
Subnet mask = 255.255.255.0 ဆြိုပီးထည့်ပါ ပြီးရင် ok တွေနဲြ့ပန်ထွက်ခဲ့ပါ

ဒါဆိုရင် ကွန်ပျူတာနှစ်လုံးဟာ LAN ချိတ်ဆက်လို ပြီးသွားပါပြီး ဆက်သွယ်မှု ရ /မရ စမ်းသပ်ချင်တယ်ဆိုရင်
ပထမကွန်ပျူတာ ရဲ့  runbox မှာ cmd လို့ ရိုက်ဖွင့်လိုက် ကျလာတဲ့ command prompt မှာ
ping 192.168.1.2 လို့ ရိုက်ပြီး enter ခေါက်လိုက်
reply…….. ဆိုရင် တစ်ဘက်ကွန်ပျူတာနဲ့ ဆက်သွယ်မှု ရပြီလို့ မှတ် (request time out ဆိုရင် မရဘူး)

အလားတူဘဲ ဒုတိယကွန်ပျူတာ ရဲ့  runbox မှာ cmd လို့ ရိုက်ဖွင့်လိုက် ကျလာတဲ့ command prompt မှာ
ping 192.168.1.1လို့ ရိုက်ပြီး enter ခေါက်လိုက်
reply…….. ဆိုရင် တစ်ဘက်ကွန်ပျူတာနဲ့ ဆက်သွယ်မှု ရပြီလို့ မှတ် (request time out ဆိုရင် မရဘူး)

အဲဒီလို ဆက်သွယ်မှုတွေ ရရှိနေတဲ့ ကွန်ပျူတာဆိုရင် အခြားတစ်လုံးထဲက data တွေကို နောက်တစ်လုံးကနေ ဆွဲယူသုံးစွဲလို့ ရပါပြီဗျာ

http://kozaw.byethost7.com/

0 comments:

Post a Comment