Home » » ရှင်သန်ချင်တယ်….တော်လှန်ရေး

ရှင်သန်ချင်တယ်….တော်လှန်ရေး

စောလင်းနက်စ်

၁၀-၀၅-၂၀၀၉ RFA သတင်းဌာနမှတင်စက်နေကျ `တနင်္ဂနွေနေ့ RFA စကားဝိုင်း`ကို နားထောင်ပြီး ကျနော် ဒီဆောင်းပါးကိုရေးဖို့စိတ်ကူးပေါ်လာတယ်လို့ပြောရမှာပဲ။
`တနင်္ဂနွေနေ့ RFA စကားဝိုင်း`မှာ ဆွေးနွေးသွားတဲ့အကြာင်းကတော့ ``တိုင်းရင်းသားများ သဘောထားနဲ့ ရပ်တည်ချက်``.
ဆွေးနွေးသွားတဲ့ပုဂိုလ်တွေက ၁။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနိုင်ငွေသိန်း ၂။ ပအို့အမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌခွန်ဥက္ကာ ၃။ တရုတ် မြန်မာနယ်စပ်စစ်ရေးလေ့လာသူ ဦးအောင်ကျော် စောတို့ဖြစ်ကြပါတယ်။

အဲဒီထဲမှာ ဦးအောင်ကျောစောရဲ့ဆွေးနွေးချက်တွေဟာ ငြိမ်းချမ်းရေးယူသွားတဲ့ တိုင်းရင်းသားတွေအတွက် အလွန်နားထောင်သင့်တဲ့ ဆွေးနွေးချက်တွေဖြစ်ပါတယ်။ သူ့ဆွေးနွေးချက်ထဲမှာ ၀-တိုင်းရင်းသာအဖွဲ့အစည်း ဟာ ငြိမ်းချမ်းရေးယူတဲ့နောက်ပိုင်း သူတို့ရဲ့တပ်အင်အား၊ ဘန်ကာကတုတ်ကျင်း၊ ခဲယမ်းမီးကျောက်စသည် တပ်ဖွဲ့ကို စနစ်တကျပြန်လည်ဖွဲ့စည်းတာတွေ့ရပြီး နအဖရဲ့စေခိုင်းချက်တွေကို နည်းမှန်လမ်းကျမဟုတ်ရင် ဘယ်တော့မှမလုပ်ကြောင်းထည့်သွင်းပြောသွားပါတယ်။ အခု နအဖရဲ့ နယ်ခြားစောင့်တပ်အစီအစဉ်ကိုလည်း လက်ခံသင့်၊ မခံသင့် ဂရုတစိုက်လေ့လာသုံးသပ်တဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
ဒါဆို ၀-ငြိမ်းချမ်းရေးအဖွဲ့ဟာ သူတို့ငြိမ်းချမ်းရေးယူပြီးတဲ့နောက် ရလာတဲ့အခွင့်အရေးကို စနစ်တကျအသုံးချ တယ်လို့ ဝေဖန်သုံးသပ်လို့ရပါတယ်။


DKBA

အဓိကသူပြောသွားတဲ့အချက်တစ်ချက်မှာ - နအဖ နယ်ခြားစောင့်တပ်အစီအစဉ်ကို ``ဒီလိုကိုယ့်လူမျိုးအချင်း ချင်း ပြန်သတ်တဲ့ DKBA လို အဖွဲ့အစည်းမျိုး``ပဲ လက်ခံမယ်။
အခြားလူတစ်ယောက်က ကိုယ့်လူမျိုးအဖွဲ့အစည်းတစ်ခုကို စော်ကားမော်ကားပြောလိုက်တော့ အတော်ခံပြင်း တယ်။ ဘယ်တတ်နိုင်မလဲ ကိုယ့်လူမျိုးအဖွဲ့အစည်းကိုက နအဖခိုင်းတိုင်း၊ နအဖမက်လုံးပေးတိုင်းလက်ခံပြီး လုပ်ပေးနေတာကိုး။ သူများတွေ အထင်သေး၊ အမြင်သေးဖြစ်အောင် ကိုယ့်ကြမ္မာကို ကိုယ်ပဲဖန်တီးတာ။ တ ကယ်တော့ DKBA ဟာ future plan မတွေ့ရတာ အမှန်ပဲ။ နအဖရဲ့အစီအမှန်ကို ငြင်းပယ်နိုင်တဲ့အင်အား DKBA ပြင်ဆင်ထားမှုဘာမှရှိပုံမရဘူး။ တစ်ပွဲချင်း run နေတာပဲ။ ဒီပွဲပြီး နောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု DKBA ခေါင်းဆောင်များ တကယ်မစဉ်းစားထားဘူး။ နအဖပေးတဲ့စည်းစိမ်နဲ့ရစ်ပြီး တစ်ယောက်တည်းအတွက်၊ တစ်ဘ၀အတွက်ပဲကြည့်တော့တယ်ထင်တယ်။

DKBA ရဲ့ အဓိကပင်မ main ဆိုရလောက်သောပုဂိုလ်မှာ မြိုင်ကြီးငူဆရာတော်ဖြစ်ပါတယ်။ သူသည်လည်း ခေတ်နောက်ပြန်စွဲပြီး နိုင်ငံရေးအမြင်ဘာမှမရှိ၊ အာဏာရှင်စနစ်သာကျင့်သုံးလေ့ရှိတဲ့ သူလိုပုဂိုလ်မျိုး DKBA အဖွဲ့အစည်းကောင်းတစ်ခုမည်သို့ ပေါ်ပေါက်လာနိုင်မည်နည်း။ တစ်ခါသူပြောတဲ့စကားတစ်ခွန်းရှိတယ် ``အ မေရိကန်ကို မင်းတို့မကြောက်နဲ့၊ သူတို့အနုမြူလာကြဲချရင် ငါဂါထာနဲ့အဆိတ်မရှိအောင် မန်းလိုက်မယ်`` ဒါ ဆို DKBAဟာသူဂါထာနဲ့တည်ဆောက်ထားပုံရတယ်။နောက်ပြီး DKBA ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ဖားနွီး၊ ဥက္ကဋ္ဌဗိုလ်ချုပ်ကျော်သန်းတို့လည်း နအဖရဲ့ လှည့်ကွက်ကို ကျော်လွှားနိုင်မယ့်သူတွေရယ်လို့ ကျနော်မမြင်ပါ။
DKBA သည်လည်း ၀-ငြိမ်းချမ်းရေးအဖွဲ့ရဲ့ policy, procedure, method စတာတွေကို အတုမယူသင့်ဘူး လား။

ဘာပဲဖြစ်ဖြစ်DKBAလည်းတစ်နေ့ကျရင်နအဖရဲ့လှည့်ကွက်ကိုအတွင်းကျကျသိမြင်တော့ပြီးတော့ကရင်တော် လှန်ရေးအတွက်ပြန်လည်ရှင်သန်နိုင်ပါစေ…အကောင်းဘက်နဲ့မျှော်လင့်နေဆဲ…မျှော်လင့်နေအုံးမှာဖြစ်ပါတယ်။

KNU
KNU ဆိုတာ Karen National Union လို့ခေါ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကရင်ပြည်သူတွေအတွက် တနည်းအားဖြင့် ကရင့်တော်လှန်ရေး)ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ KNU ရဲ့ အားနည်း ချက်၊ အားသာချက်တွေကို အနည်းငယ်သုံးသပ်ပြခြင်တယ်။ (အမှားဖြစ်ခဲ့ရင် နားလည်ပေစေချင်တယ်)။
KNU ရဲ့ အင်အားဟာ သမိုင်းတစ်ခုချင်း ကျနော်မရေးတော့ပါ။ တကယ်တော့ KNU အင်အားဟာ ရန်ကုန်မြို့ကို တောင် သိမ်းပိုက်တော့မယ့် အရည်အချင်းရှိခဲ့ပါတယ်။ ဒါသမိုင်းတစ်ခုပေါ့၊ ကျနော်မှီခဲ့သလောက်ပဲပြန်ပြော တော့မယ်။ ကျနော် ၈-နှစ် အရွယ်၊ ၁၉၈၄-ခုလောက်တုံးကဖြစ်မယ် အဲဒီအချိန်တုံးက ကျနော်တကယ်ထင်ခဲ့ မိတယ် ``ကျနော်နေထိုင်ရာ နေရာဒေသအားလုံးဟာ ကရင်နိုင်ငံလို့သာထင်ခဲ့တယ်`` အကြောင်းကတော့ ဘားအံကလွဲပြီး နေရာဒေသအများစုဟာ KNU တပ်တွေသာမြင်ရလို့ပါပဲ။ အဲဒီအချိန်တုံးက KNU တပ်ရင်းတစ် ရင်းဟာ အနည်းဆုံး ၃၀၀-၀န်းကျင်ရှိပါတယ်။ လက်နက်ခဲယမ်းတွေလည်း တပ်မတော်ထက်တောင်ကောင်း မယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ မြန်မာ့တပ်မတော် တပ်မ ၅၅-၂၂-၄၄-၆၆ တို့ဟာ ကရင်ပြည်နယ် အကြီးအကျယ်ထိုးစစ်စင်နေပြီးဖြစ်ပါတယ်။ ကျနော်အခုထိတိုင် စစ်ဘေးစစ်ဒါဏ်တွေကို မြင်ယောင်နေဆဲ။

နောက် သုံး၊ လေး နှစ်အကြာ KNU တပ်တွေဟာ တဖြည်းဖြည်းနဲ့ ကျနော်နေရာနားတ၀ိုက်မမြင်ရတော့သ လောက်ပါပဲ၊ ကျနော်စဉ်းစားမိသည်၊ KNU တွေဟာ အင်းအားကောင်းတုံးက ဘာကြောင့် အခွင့်အရေးတွေ လက်လွတ်ခံရတာလဲ။ ဘားအံက လွဲရင် သူတို့တိုက်ခိုက်သိမ်းပိုက်မည်ဆှိုလျှင် ရနိုင်ပါလျှက်နဲ့ ဘာကြောင့် ဒေါနတောင်ထဲမှာရှိတဲ့ ၀မ်ခစခန်း၊ မဲလ၊ မောင်ဖိုးကေ၊ ဘီလူး၊ ရေကျော်၊ မာနယ်ပလောစတဲ့ စခန်းများကို အားကိုးပြီးတောထဲမှာ၊တော်လှန်ရေးလုပ်နေသလဲ။ မြို့တွေကိုသိမ်းပြီးသူသေကိုယ်သေတိုက်ရမှာပေါအဲဒီ အချိန်တုံးက ကရင်ပြည်နယ်တစ်ဝှမ်းလုံးဆက်ကြေးလို့ခေါ်တဲ့ထောက်ပံ့ကြေးတွေ၊နောက်ပြီးမှောင်ခိုခေတ်မှာလဲ မှောင်ခိုဂိတ်အကောက်အခွန်တွေအများကြီးရခဲ့ပါလျှက်နဲ့ဘာကြောင့်KNUအင်အားချိနဲ့ခဲ့ရသလဲ။ပြည်ပအထောက်
အပံ့တွေလဲရနိုင်သလောက်တော့ရရှိခဲ့မည်ထင်ပါသည်။ အခွင့်အရေးအကောင်းဆုံးအချိန်ကို KNU ဗဟို ဘာကြောင့် အသုံးမချခဲ့တာလဲ။ စသည့် မေးခွန်း များစွာကို ကျနော်မေးချင်ပါသည်။

၁၉၈၈-ခု အရေးအခင်းပြီးသည့်နောက်ပိုင်း မဲသဝေါစခန်းကို မြန်မာတပ်မတော် သိမ်းပိုက်လိုက်ပြန်တယ်။ ဒီ နောက်ပိုင်း KNU အင်အားဟာ ကျဆင်းမတတ် ကျဆင်းလာခဲ့ပါတယ်။ နောက်ဆုံး အဖြစ်အပျက်တစ်ခုဆိုရင် ကျနော်ရွာက ခလေးတွေကို လုပ်အားပေးဆိုပြီး (အသက် ၁၃-နှစ် ၀န်းကျင်) KNU တပ်အင်အား သွပ်သွင်းခံ ရတဲ့အဆင့်အထိ ရောက်လာခဲ့ပါတယ်။ ကျနော်တွေးလိုက်ပြီး KNU ဟာ တစ်ခုခုတော့မှားနေပြီး၊ ကျင့်သုံးမှု လမ်းစဉ်လား၊ ခံယူမှုလမ်းစဉ်လား တစ်ခုခုတော့ တစ်ခုခုပဲ။ ကျနော်ချစ်တဲ့ KNU ဒီလိုဖြစ်ပျက်သွားတာ အင် မတန်ခံစားမိပါသည်။ ကျနော်တို့ ခံယူတာက KNU သည် ကျနော်တို့ ကရင့်တော်လှန်ရေး၊ ကရင်အမျိုးသား အတွက်။ ခံစစ်ပါမက ပြေးရတဲ့အခြေအနေထိရောက်လာတော့ ချစ်သော KNU ရဲ့ ကြမ္မာဟာလဲ သူတို့သာ ဖန်တီးတာဖြစ်ပါလိမ့်မည်။

နောက်ဆုံး DKBA ပေါ်ပေါက်လာတဲ့အခြေအနေသည်လည်း ရန်သူ့ထောက်လှမ်းရေးလက်ချက်သာအပြစ် ပုံလို့ မကောင်းပါ၊ မှန်မှန်ကန်ကန် ကိုယ့်အတွင်းပြဿနာများကိုလည်း သုံးသပ်ဖို့လိုနေပါပြီး။ အခုနောက်ပိုင်း KNU မှာ သူတို့ရဲ့တော်လှန်ရေး အင်အားကျဆင်းရခြင်း အကြောင်းရင်းများကို seminar, conference, review, discussing လုပ်တာတွေ မကြာကြာကြားနေရပါသည်။ဒါပေမယ့်ရလာဒ်တွေဘယ်လိုရခဲ့လဲဆိုတာတော့မသိပါ။

ကျနော်ဒီနေရာမှာ တစ်ခုထောက်ပြခြင်ပါသည်။ ဘာသာရေးဟာ KNU တွင် ဆွေးနွေးရမည့်အခြေအနေ အဆင့် (၁-၂) မဟုတ်သည့်တိုင် အဆင့်(၃)လောက်တော့ ဆွေးနွေးကိုဆွေးနွေးရမည်။ ဒါ အသေးအမွှားကိစ္စမဟုတ် တာတော့ သေချာသည်။ ဖြစ်ပြီးသားကိစ္စတွေကို ဆွေးနွေးလို့အဆင်မပြေသော်လဲ နောက်နောင် ဒီလိုမလိုအပ် တဲ့ KNU အတွင်း ဘာသာရေးပြဿနာဟာလုံးဝမရှိသင့်ပါ။ KNU ဟာ ဘာသာရေး ကိုယ်စားပြုတာမဟုတ်၊ ကရင်လူမျိုးရေး ကိုယ်စားပြုသည်-ဆိုတာကို သဘောပေါက်ရမှာဖြစ်ပါသည်။ ဘာသာရေးကို ရှေ့တန်းတင်မည် ဆိုလျှင် လူမျိုးရေးအတွက် လုပ်စရာလဲမလိုအပ်တော့ပါ။ (ခရစ်ယာန်+ဗုဒ္ဒ ဆိုတာ အဲဒါဘာသာရေး) ဒီတော် လှန်းရေးမှာလာမထည့်နဲ့၊ မင်းယုံကြည်ခြင်၊ ကိုးကွယ်ခြင်ရင် အပြင်မှာ individual ကိုးကွယ်လို့ရပါတယ်။ သင် KNU ကို တကယ်ကိုယ်စားပြုတယ်ဆိုရင် Religion ဆိုတဲ့ နာမည်နဲ့ မရောလိုက်ပါနဲ့။

ကျနော် KNU ကို မချစ်၊ မချစ်ဆိုတာကို ကျနော့်ဘလော့ကို ကြည့်ပြီးသိနိုင်ပါသည်။ KNU ကောင်းကြောင်းသ တင်းကိုသာအမြဲတင်လေ့ရှိပါသည်။အကြောင်းကKNUဆိုတာကရင်ပြည်သူတွေအတွက်ကိုယ်စားပြုအဖွဲ့ အစည်းတစ်ခုဖြစ်လို့ပါပဲ။ အချို့လူများ ဘာသာရေးအကြောင်းကို လာပြောရင်တောင် ကျနော်မပြောချင်ဘူး။ Religion ဆိုတာ individual ကိစ္စမို့ပါ။ ကျနော်ပြောဆိုဆွေးနွေးမှုများသည် not talking to Religion, only for Karen National. ကျနော်ပါဝင်ဆွေးနွေးချက်များကို သက်ဆိုင်သူများအနေနဲ့ ကျနော် KNU အပေါ်ထားတဲ့ စေတနာကို နားလည်ပေးမညထင်ပါသည်။ နောက်ပြီး KNU လည်း လက်တွေကျတဲ့ လုပ်ဆောင်ချက်တွေသာ လုပ်တာကောင်းသည်။ ဟန်ဆောင်ပရိယာယ်များ(စာရွက်ပေါ်ကသာ စည်းမျဉ်းစည်းကမ်း၊ သတင်းဌာနတွေ မှာသာ ကောင်းအောင်ဟစ်ဆိုတာမျိုး) အောင်မြင်တဲ့နည်းလမ်းကောင်းများမဟုတ်ပါ။

နိဂုံးချုပ်အားဖြင့် ဦးအောင်ကျော်စောပြောတဲ့ ``ကိုယ့်အချင်းချင်းပြန်သတ်တဲ့ DKBA လိုအဖွဲ့အစည်းမျိုး`` ဆိုတဲ့အသံကို ကရင်ပြည်သူများ သတိရှိနိုင်အောင်၊ KNU သည်လည်း ကရင်ပြည်သူအတွက် လက်တွေ့ ကျတဲ့ နည်းကို ကျင့်သုံးပြီး၊ ``ပျက်အစဉ်၊ ပြင်ခဏ``မေတ္တာထားကာ ကရင့်တော်လှန်ရေး ဆက်လက်ရှင်သန်နိုင် အောင် KNU နှင့်တကွ ကရင်အဖွဲ့အစည်းအားလုံး ကျနော် (စောလင်းနက်စ်) ``ရှင်သန်ချင်တယ်…တော်လှန် ရေး`` ဆိုတဲ့ ဆောင်းပါးကို ကရင်တိုင်းရင်းသားညီ၊ကို၊မောင်၊နှမအားလုံး ``အမျိုးသားအတွက်``ဆက်လက် ရှင်သန်နိုင်ကြပါစေ…

အာသီသများစွားဖြင့်
စောလင်းနက်စ်

0 comments:

Post a Comment