Home » » Subnet Mask ‌‌လေးများအ‌ကြောင်း

Subnet Mask ‌‌လေးများအ‌ကြောင်း

ကိုဇော် (ဒဂုံ)
  • http://kozaw.byethost7.com/


  • ကျနော့်အနေနဲ့ ဆွေးနွေးမှာကတော့ Network တစ်ခုမှာ Subnet တစ်ခုဟာလဲ Network Administrator တစ်ဦးအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူ ပြုလို ဘာဘဲဗျာ ဘာလိုလဲဆိုတော့ မိမိရဲ့ Network တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ကွန် အရေအတွက်ကိုဘဲ IP ပေးမယ်ဆိုရင် Subnet Mask နဲ့ သတ်မှတ်လို့ ပါဘဲ
    မိမိမှာ Router တစ်လုံးနဲ့ မိမိ Network ကို IP တွေပေးမယ်ဆိုရင် Client PC တွေကလည်း အလုံး (၃၀)လောက်ဘဲရှိတယ်ဆိုရင် အဲဒီ PC တွေအတွက်ဘဲ IP တွေကိုဘဲပေးချင်တယ် နောက်ထပ် PC (or) Laptop တွေ မိမိ Network ထဲဝင်လာပြီး IP ယူလို့ မရအောင် Subnet Mask နဲ့ ပိတ်လို့ ရပါတယ်
    တကယ်လို့ များ မိမိ Router က
    IP Address - 192.168.0.1
    Subnet mask - 255.255.255.0
    Gate way -192.168.0.1 ဆိုပြီးရှိမယ် အဲဒီ Router ကနေ IP တွေကို ပေးနေမယ်ဆိုရင်


    PC အလုံးပေါင်း ၂၅၄ လုံးလောက် သူ့ ကို Connect လုပ်နိုင်ပါတယ် IP တွေလည်းယူပြီး မိမိ Network အတွင်းသို့ ဝင်ရောက်၍ Resource တွေကိုလည်း Access လုပ်နိုင်ပါတယ်
    အဲဒါကိုမှာ
    မိမိက PC အလုံး (၂)လုံး စာဘဲ မိမိ Network မှာ IP ပေးချင်တယ်ဆိုရင် Subnet mask ကို 255.255.255.252 ထားရပါ့မယ်
    မိမိက PC အလုံး (၆)လုံး စာဘဲ မိမိ Network မှာ IP ပေးချင်တယ်ဆိုရင် Subnet mask ကို 255.255.255.248 ထားရပါ့မယ်
    မိမိက PC အလုံး (၁၄)လုံး စာဘဲ မိမိ Network မှာ IP ပေးချင်တယ်ဆိုရင် Subnet mask ကို 255.255.255.240 ထားရပါ့မယ်
    မိမိက PC အလုံး (၃၀)လုံး စာဘဲ မိမိ Network မှာ IP ပေးချင်တယ်ဆိုရင် Subnet mask ကို 255.255.255.224 ထားရပါ့မယ်
    မိမိက PC အလုံး (၆၂)လုံး စာဘဲ မိမိ Network မှာ IP ပေးချင်တယ်ဆိုရင် Subnet mask ကို 255.255.255.192 ထားရပါ့မယ်
    မိမိက PC အလုံး (၁၂၆)လုံး စာဘဲ မိမိ Network မှာ IP ပေးချင်တယ်ဆိုရင် Subnet mask ကို 255.255.255.128 ထားရပါ့မယ်
    မိမိက PC အလုံး (၂၅၄)လုံး စာဘဲ မိမိ Network မှာ IP ပေးချင်တယ်ဆိုရင် Subnet mask ကို 255.255.255.0 ထားရပါ့မယ်
    အဲဒီလိုသာ Subnet mask နဲ့ ပိတ်ထားမယ်ဆိုရင် သတ်မှတ်တဲ့ PC ထက်ပိုပြီ အဲဒီ Network မှာ IP ယူလို့ မရပါဘူး
    မိမိအနေနဲ့ ဘာမှ Config မလုပ်ချင်ဘူး ဆိုရင် Default ဖြစ်တဲ့ 255.255.255.0 သာထားလိုက်ပါရပါတယ်
    အခုဆွေူးနွေးသွားတာက (192.168.0.* )အုပ်စုပါ အခြားအုပ်စုတွေလည်း အလားတူပါဘဲဗျာ

    0 comments:

    Post a Comment