Home » » ကိုယ့်ပုံတွေသူများကြည့်လို့မရအောင် Code တွေပြင်မယ်….

ကိုယ့်ပုံတွေသူများကြည့်လို့မရအောင် Code တွေပြင်မယ်….

သူရထွန်း

ကွန်ပျူတာဖိုင်များတွင် Header code တွေပါတယ်။ အဲဒီ Header code တွေက Hex number တွေဖြစ်ပါတယ်။
Hex number ဆိုတာက 0 to F (0.1.2…9,A,B….F) တွေဖြစ်ပါတယ်။ အဲဒီ Header code တွေကို ပြောင်းလိုက်ရင်
အဲဒီဖိုင်ကို ဖွင့်မရတော့ပါဘူး။ အဲဒီယူဆချက်ကိုသုံးပြီးတော့ jpeg ဖိုင်တွေရဲ့ Header code ကိုပြောင်းရင်
အဲဒီ JPEG ဖိုင်ဟာ ဖွင့်မရတော့ပါဘူး ။ သူများမမြင်စေချင်တဲ့ ကိုယ့်ဓာတ်ပုံတွေကို ဒီနည်းလမ်းသုံးပြီး
ဘာ software မှမလိုပဲ ဖျောက်လို့ရပါတယ်။

– Start ကနေ Run ကိုသွားပါ။ cmd လို့ရိုက်ထည့်ပါ။
– အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်။
– debug “Your Picture File Location” လို့ရိုက်ထည့်ပါ။ ဥပမာ. သင့်ပုံက D:\ ထဲမှာရှိပြီး File name က
mypic.jpg ဆိုရင် debug D:\mypic.jpg လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
– e 100 လို့ရိုက်ပြီး Enter ခေါက်ပါ။
– ဥပမာ- 1381:0100 FF. လို့ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ FF. ဆိုတာ မူရင်း Header code ဖြစ်ပါတယ်။
အဲဒါကို သေချာမှတ်ထားပါ။ ပြီးတော့ AA လို့ရိုက်ပြီး Enter ခေါက်ပါ။
AA လို့မရိုက်ချင်လည်း 00,11,22,….,FF ထဲကနေ ကိုယ်ကြိုက်တာကိုရိုက်ပါ။
ဒါပေမဲ့ မူရင်း Header code ကိုတော့ ရိုက်လို့မရဘူးနော်။
– w လို့ရိုက်ပြီး Enter ခေါက်ပါ။
– Writing xxxxx bytes ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဥပမာ Writing 0B586 bytes
– q လို့ရိုက်ပြီး Enter ခေါက်ပါ။
– ပြီးရင် Exit လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Command Prompt ကနေထွက်သွားပါလိမ့်မယ်။

ဒါဆိုရင် ပြီးသွားပါပြီ။ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ။ လုံးဝမရပါဘူး။

ပြန်ပြီးတော့ ဖြည်ချင်ရင်တော့ ….

– အပေါ်ကအဆင့်ကအတိုင်း အဆင့် ၄အထိသွားပါ။
–. အဆင့် ၅မှာ မူရင်း header code ကိုပြန်ထည့်ပေးပါ။ ပြီးရင် ကျန်အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။

0 comments:

Post a Comment