Home » » Firefox Multi Home Page

Firefox Multi Home Page

စောကျော်ခရော့စ်

အင်တာနက် ဘရောင်ဇာ တခုကို ဖွင့်လိုက်ရင် စစချင်း ပွင့်လာတာ မူလစာမျက်နှာလို့ ဘာသာပြန်ကြတဲ့ Home Page ပါ။ ကိုယ့်အနေနဲ့ စဖွင့်ဖွင့်ချင်းမှာ ဂျီမေးလ်ကို ပွင့်စေချင်တာလား၊ သတင်းစာမျက်နှာ တခုခုကို ပွင့်စေချင်တာလား ရွေးပေးထားနိုင်ပါတယ်။

Tool > Option ကိုဖွင့်ပြီး Main tab အောက်က Home page နေရာမှာ ကိုယ်ပွင့်စေချင်တဲ့ ၀ဘ်စာမျက်နှာလိပ်စာကို ထည့်ပေးလိုက်ရုံပါဘဲ။ ဥပမာ Gmail ပွင့်စေချင်တယ်ဆိုရင် http://www.gmail.com ကို ထည့်ပေးပေါ့။

အဲ … စာမျက်နှာ တခုမက ပွင့်စေချင်တယ်ဆိုရင်တော့ လိပ်စာတခုနဲ့ တခုကြားမှာ | ဆိုတာနဲ့ ခြားပေးရပါမယ်။ ဥပမာ Gmail နဲ့ ဇွဲကပင် နဲ့ Google နဲ့ စာမျက်နှာ ၃ ခု ပွင့်စေချင်တယ်ဆိုရင် http:www.gmail.com | zwekabin.org | google.com အဲသလို ထည့်ပေးပါ။ ဒါဆို ကျန်းမာရေး ကောင်းသွားပါပြီ။

0 comments:

Post a Comment