Home » » သတိထား ဟမ်း(Hang)တတ်သည်..

သတိထား ဟမ်း(Hang)တတ်သည်..

ကိုဇော် (Multiply)

ကျွန်တော့ကို ဒီနေ့ ချက်ထဲက ညီမလေးတစ်ယောက်က Powerpoint file(.pps) လေးတစ်ခု လှမ်းရှယ်ပေးပါတယ်။
ကျွန်တော်လည်း ဘာမှန်းမသိလို့ ဒေါင်းလော့ချလိုက်တယ်။
ပြီးတော့ ဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံရိုက်ခိုင်းတဲ့ ဟာလေးပါ။
ဒါနဲ့ ကျွန်တော်လည်း ကြည့်ပြီး Desktop ပေါ်မှာပဲ အမှုမဲ့ အမှတ်မဲ့ ထားထားလိုက်တယ်။ ပြီးတော့ ထုံးစံအတိုင်း ကွန်ပျူတာကို ဟိုကလိ၊ ဒီကလိနဲ့ ကလိပြီး ခဏပိတ်လိုက်တယ်။ ညနေ ရေမိုးချိုးပြီး ပြန်ဖွင့်တော့ စက်ကအရမ်းဟမ်းနေတယ်။
ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး။
restart နှစ်ခါလောက်ပေးတာလည်း အဆင်မပြေဘူး။

ဒါနဲ့ Task Manager ထဲမှာ ၀င်ကြည့်တော့ NETWORK SERVICE ဆိုတဲ့ .exe ဖိုင်လေး သုံးဖိုင်ပိုနေတာ ကိုတွေ့တယ်။ M နဲ့ စတာပါ။(ပူထူနေတုံးမို့ သေချာမမှတ်ထားလိုက်မိဘူး) ကျွန်တော်လည်း ဘာမှန်းမသိတာနဲ့ End Process လုပ်လိုက်တော့ ကွန်ပျူတာကြီး ဘာမှကိုဖွင့်မရတော့ဘူး။ နောက် စိတ်ရှုပ်ရှုပ်နဲ့ အဲဒီ Power point file(.pps) ဖိုင်လေးကိုလည်း ဖျက်လိုက်ရော ချက်ချင်း စက်ကပြန်ကောင်းသွားတယ်။

Power point file(.pps)လေးရဲ နာမည်က To_take_a_photo ပါ။
ဒါကြောင့် ကျွန်တော်ပြောချင်တာက ပေးတိုင်းမယူမိဖို့ပါ။
ကျွန်တော်ကတော့ လက်တွေ့ပဲ တော်တော်မှတ်သွားပြီ။
တစ်နာရီလောက် ပွဲပျက်သွားတယ်။
နောက်ပြီး တစ်စောင်ရရင် နောက်ထပ်ငါးစောင်လောက် ပြန်ပို့ခိုင်းတဲ့ ဖိုင်တွေကိုလည်း ဘာမှန်းမသိရင် ရှောင်ကြပါ။
(click on the tears) ဆိုတဲ့ Power point file(.pps)ဖိုင်လေးတွေလိုမျိုးပါ။
အရင်ကလည်း ကျွန်တော့ သူငယ်ချင်းတွေဖြစ်ဖူးပါတယ်။ ဘာမှမဖြစ်ရင်တော့ မဖြစ်ဘူးပေါ့။
ဖြစ်ရင်လည်း .........Gtalk ကကျွန်တော့တို့ အတွက် မရှိမကောင်း ရှိမကောင်းပါ။ ဒါကြောင့် မသင်္ကာတဲ့ မေးလ်ဆိုရင် မဖွင့်ကြည့်တာ အကောင်းဆုံးပါပဲ။
သတိထားကြပါ။

အန္တရာယ် ကင်းဝေးနိုင်ကြပါစေ။

source;Forum

0 comments:

Post a Comment