Home » » How to make a "Shut Down" icon on your desktop( very easy )

How to make a "Shut Down" icon on your desktop( very easy )

မောင်နိုင်
  • http://www.lovercreater.com/


  • မိမိကွန်ပျူတာ desktop ပေါ်မှာ shutdown icon လေး လုပ်ကြည့်ကြရအောင်။ အရမ်းလွယ်ပြီးတော့အရမ်း လည်းကောင်းပါတယ်။ အခြားကွန်ပျူတာတွေတော့ မသိဘူး ကျွန်တော့် ကွန်ပျူတာတော့ ဒီကောင်လေး ကလစ်လိုက်
    တာနဲ့ အချိန်ပိုင်းအတွင်းမှာ shutdown ကျသွားပါတယ် ။ Start Menu ကိုသွားစရာမလို တော့ ဘူးပေါ့ဗျာ ။

    အဆင့် (၁)။ desktop ပေါ်မှာ Right Click ထောက်လိုက်ပါ။
    အဆင့် (၂)။ New မှ Shortcut ကိုနှိပ်ပါ။

    အဆင့်(၃)။ ပုံမှာပြထားသလိုပဲ shutdown -s -t 0 ရိုက်ထည့်ပါ။ ပြီးလျှင် Next ပေးပါ ။ 0 နေရာမှာ မိမိကြိုက်တဲ့ နံပါတ်ကို ပေးလို့ရပါ တယ် ။ အဲဒီအိုင်ကွန်လေးကို နှိပ်ပြီးတော့ shutdown ကျသွားမယ့်အချိန်ဖြစ်ပါတယ် ။


    အဆင့်(၄)။ Type a name for this shortcut မှာ မိမိကြိုက်တဲ့ နာမည်ရိုက်ထည့်ပါ ။ ပြီးလျှင် finish ပေးပါ။


    ဒါဆိုရင် desktop ပေါ်မှာ shutdown icon လေးပေါ်လာတာ တွေ့ပါလိမ့်မယ် ။ ပေါ်လာတဲ့ shutdown icon လေးကိုမကြိုက်ဘူး မိမိစိတ်ကြိုက် အိုင်ကွန်ပုံစံပြောင်းချင်တယ် ဆိုရင်တော့ shutdown icon လေးကို Right Click ထောက်ပြီးတော့ Properties မှ Change Icon ကိုနှိပ်ပြီး မိမိပြောင်းချင်တဲ့ အိုင်ကွန်ပုံစံလေးပေးလိုက်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Ok ပေးလိုက်ပါ ။ ဒါဆိုရင် မိမိ ပြောင်း လိုက် တဲ့ အိုင်ကွန်ပုံလေး ပေါ်နေပါ လိမ့် မယ် ။
    ကဲ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။

    0 comments:

    Post a Comment