Home » » Network နှင့်ပတ်သတ်၍...

Network နှင့်ပတ်သတ်၍...

ကိုဇော် (Multiply)

Networking ( Microsoft )

ကွန်ပြူတာ တလုံးနဲ.တလုံး ချိတ်ဆက်နိုင်ဖို.အတွက် ကြားခံ Media တွေ လိုအပ်ပါတယ်
Network Card , Cable , Switch , Hub , Router စသည်ဖြင်.အခြေခံ Network Medium တွေကို အသုံးပြု ပြီး Data တွေကို Translate လုပ်ကြတာ ပါ။ နည်းပညာပိုင်းကို ခဏလောက်ထားပြီး ဒီနေရာမှာ Hardware တွေရဲ.လုပ်ဆောင်ချက်လေးတွေ ကိုပဲ ရှင်းလိုက်ရအောင် ...

တခုခြင်းပြန်ရှင်းရမယ်ဆိုရင် ... Network Card



ကတော. အရင်တုံးက သုံးတဲ. 10Mbs Speed ရတဲ. နက်ဝက်ကဒ်တွေပါ ။ အခုအသုံးမရှိသလောက်ကိုဖြစ်နေပါပြီ ။ နောက်တ ခုကတော.



ပါ ။ RJ45 ခေါင်း နဲ. 100Mbs / 1Gbs Speed အထိအထောက်အကူပေးနိုင်ပါတယ် ။ လက်ရှိသုံးစွဲနေတဲ. နက်ဝက်ကဒ်တွေဖြစ်ပါတယ် ။

ဒီနက်ဝက်ကဒ်ကို ပို.ဆောင်ဆက်သွယ်ပေးမဲ. ကြိုးကတော. RJ45 Male တပ်ထားတဲ. ကြိုး ဖြစ်ပြီး ကြိုးအမျှည်ပေါင်း ၈ကြိုး ပါဝင်ပါတယ်။ ကြိုး ထိုးတဲ.နေရာမှာတော. A Type်(ဖြူမော်/မော်/ဖြူစိမ်း/ပြာ/ဖြူပြာ/စိမ်း/ဖြူညို/ညို) နဲ. B Type (ဖြူစိမ်း /စိမ်း /ဖြူမော် /ပြာ / ဖြူပြာ/မော် /ဖြူညို / ညို) ဆိုပြီး ၂မျိုး ၂စားရှိပါတယ် ။



ဒီ၂ ခုအကြောင်း တရားကိုပဲ အရင်ရှင်းရရင် ...

ကွန်ပြူတာ ၂လုံးထဲချိတ်မယ်ဆိုရင် Peer To Peer ချိတ်ဆက်တယ်လို.လဲခေါ်ပါတယ် ။ နက်ဝက်အသေးစား (၁၀လုံးအောက်) တွေမှာ တွေ.ရပြီးကြိုး တစ်ဖက်ကိုတော. A type ဖြစ်ပြီး အခြားတစ်ဘက်ရှိခေါင်းအား B type အဖြစ် လုပ်ပေးရပါမယ် ။ ဒီလို A type နဲ. B type ကို ထိုးပေးရတဲ. နေရာတွေကတော. ကွန်ပြူတာ အခြင်းခြင်း (ကြားခံ Switch ,Hub ) မပါပဲနဲ.ဖြစ်စေ ၊ တချို.နက်ဝက်ဘောက် အခြင်းခြင်းဖြစ်စေ ထိုနေရာတွေမှာ ပဲသုံးပြုပါတယ် ။ သူက ဒါရိုက်ချိတ်ဆက်ထားခြင်းဖြစ်လို. Sharing တော.ကောင်းတယ်။ Security အရမကောင်းဘူး။ Security လိုအပ်တဲ.နေရာတွေမှာ Peer Network ကို မသုံးသင်.ပါဘူး ။ စက်တလုံးလုံးကနေ ဖြစ်စေ စက်အားလုံးက ဖြစ်စေ ၊ အခြားကွန်ပြူတာတစ်လုံးစီမှ Sharing Data တွေယူလိုက်မယ်ဆိုရင် အယူခံရတဲ.ကွန်ပျူတာမှာ Performance ကျသွားပါတယ် ။ အပြန်အလှန် Data ပေးပို.နေတဲ.အတွက် ကွန်ပြူတာ (၁၀) လုံးထက် ပို၍အသုံးပြုဖို. မသင်.တော်ပါဘူး ။


အများသော အားဖြင်. နက်ဝက်အကြီးစား (၁၀လုံးထက်ပိုပြီး) Switch တွေ ၊ Router တွေ နဲ.ချိတ်ဆက်မယ်ဆိုရင်တော. A type ပဲဖြစ်ဖြစ် B type ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ နှစ်သက်သလို ကြိုးစီလို.ရပါတယ် ( အဓိက ကတော. ပာိုဘက်(တဖက်နက်ဝက်ခေါင်း)မှာ ဘယ်လိုစီစီ နောက်တဖက်မှာလဲ တဖက်ခေါင်းစီထားတဲ.အတိုင်း ပြန်စီပြီးထိုးလဲ အဆင်ပြေပါတယ် ) ။



နက်ဝက်ကြိုး ( Network Cabling ) က မီတာ ၁၀၀ ပတ်ဝန်းကျင်အထိပဲ အသုံးပြုရ အဆင်ပြေပြီးတော. မီတာ ၁၀၀ ကျော်သွားရင်တော. Network Speed လျှော.ကျမူ.ကြောင်. ဒေါတာ မရနိုင်ပါဘူး ။ အဲ.နေရာတွေမှာ Network Speed ကိုထပ်တိုးပေးနိုင်မဲ. Switch , Hub တွေကို အသုံးပြုမှ အဆင်ပြေမှာပါ ။
ကွန်ပြူတာ အလုံးရေ လိုအပ်သလောက် Network Ports ( 8pots switch , 16posts Switch ) အရေအတွက် နဲ. ရှိပါတယ် ။


Switch ရဲ.သဘော တရားကတော. ဖြန်.ဖူးပေးမဲ.အလုပ်နဲ. လမ်းညွှန်ပေးတဲ.အလုပ်ကိုပဲလုပ်ကိုင်မှာပါ ။ ဥပမာ ပေးရရင် ... ရပ်ကွက် မြေပုံ တခုလိုပေါ. အိမ်နံပါတ်ဘယ်လောက် ၊ ဘယ်လောက်ကို လာတဲ.ဧည်.သည် က ကိုယ်.ဘာသာ ကိုယ်ရှာပြီး သွားလို.ရအောင် ပြထားတဲ.သဘော မှာပဲလုပ်ကိုင်ပါတယ် ။

Router ကတော. Switch နဲ.ကွာခြားချက်တွေရှိပါတယ် ။ သူ.မှာ Function တွေပိုစုံလင်ပြီး သူကိုယ်တိုင်ဖြစ်စေ ၊ တခြား စက်တလုံးဖြစ်စေ ၊ နက်ဝက် တခုကိုဖြစ်စေ သွားရောက်ဖို.အတွက် သက်မှတ်ပေးနိုင်ပါတယ် ။ ပြီးတော. ရောက်ရှိလာတဲ. နက်ဝက် ရဲ. Speed ကို ပြန်ပြီး Routing အနေနဲ. တိုးပေးပါတယ် ။ အဲ.အတွက် နက်ဝက် ၂ခု ချိတ်ဆက်ရာမှာပိုပြီး လျှင်မြန်စေပါတယ် ။ Wireless router တွေကတော. ၁၀၀ မီတာ ကနေ ၂၀၀ မီတာ လောက်ကို point to point ကို access လုပ်နိုင်တယ် (ကြားခံ နံရံများ ၊ ပိတ်ဆို.မူများရှိရင်တော. မိတာ ၁၀၀ က အကောင်းဆုံးပါ ) ။ ဥပမာ ပေးရရင် ... ရပ်ကွက်တခုမှာလာတဲ.ဧည်.သည် ကို အိမ်တိုင်ရာရောက်လိုက်ပို.ပေး သလို ၊ သူ ကိုယ်တိုင် ကို က ရပ်ကွက် တခု တည်ထောင် နိုင် ပါတယ် ၊တခြားရပ်ကွက် က အိမ်ကို ပါ (သတ်မှတ်ပေးထားရင်) သူ လိုက်ပြနိုင် ပါတယ် ။ (ရှင်းလားတော. မသိဘူး ... အပီား ဒီထက်လဲ မရှင်းတတ်တော.ဘူး )


ဒါဆိုရင် Network Card , Switch , Router တွေရှိတာနဲ. အားလုံးတတ်ဆင် ပြီးတာ နဲ. Network ရသလားဆိုတော. မရနိုင်သေးပါဘူး ။ ကားတစီးကို အားလုံးတတ်ဆင်ပြီးတာ နဲ. ကားက ၀ူးကနဲမထွက်သွားပါဘူး ၊ ကားကို မောင်နှင် နိုင်မဲ.သူရှိမှ အဆင်ပြေမှာပါ ။ အဲ.အတွက် ကွန်ပြူတာ အခြင်းခြင်း မှာလဲ နားလည်အောင် လုပ်ကိုင်ပေးမဲ.သူ Protocol ဆိုတာလိုအပ်တယ်။
ဥပမာ--
(၁) TCP/IP (Transmission Control Protocol/ Inernet Protocol)
(၂) NetBEUI( Net BIOS Extend User Interface)
စသဖြင်. Protocol တွေလိုအပ်လာပါတယ် ။ Protocol ဆိုတာက ကွန်ပြူတာတွေ အခြင်းခြင်း ဆက်သွယ်ရာမှာ လုပ်ဆောင်ကြရမယ် rule တွေလို.ပဲကျနော် သဘောပေါက်ထားပါတယ် ။ ဆော.၀ဲရေးသားထားသူ အပေါ်မှာ မူတည်ပြီး Protocol အများအပြားရှိနေမှာပါ ။ အခု အသုံးပြုမူ.အများဆုံးနဲ. အသုံးဝင်ဆုံး Protocol ကတော. TCP/IP Protocol ပဲဖြစ်ပါတယ်။


Transmission Control Protocol (TCP)

TCP အကြောင်းကတော. သူ.မှာလုပ်ဆောင်ရမဲ. လုပ်ငန်းစဉ်တွေအများကြီးရှိပါတယ် ။ (မှတ်ချက် ။ ကျနော. ဆရာ ကိုရဲထွန်းအောင် ကျနော.ကို ဥပမာပေးပြီး အင်းလေးဆားဗစ် တခုမှာ ရှင်းပြခဲ.တာကို အခုထိ မှတ်မိပါသေးတယ် ။ သူရှင်းသလိုပဲ ပြန်ရှင်းလိုက်မယ်ဗျာ ( ကျေးဇူးပါ ဆရာ) ။ ) ကျနော်တို. ကုန်တင်ကားကြီး ကို တခြားနယ်တခု လေယာဉ်ပြန်နဲ.ပို.ချင်တယ်ဆိုပါစို.ဗျာ ။ ဒါပေမယ်. လေယာဉ်ပျံက ကားတစီးလုံးကို သယ်နိုင်လောက်တဲ. အရွယ်အစား မရှိဘူး အဲ.တော. ကျနော်တို.အနေနဲ. ဘယ်လိုပို.ရမလဲ ။ ရှင်းပါတယ် ။ အမှတ်စဉ် အရည်အတွက် ရယ် ၊ ပါဝင်မဲ. ပစ္စည်းအပိုင်း နေရာရယ် (ဥပမာ . ကားဘောဒီဆို ဘောဒီ ၊ ကားစက်ပိုင်းဆို ကားစက်ပိုင်း ) တခုထားပြီး ကားပစ္စည်းတခုခြင်းစီ ဖြုတ်ပြီး ပို.ပေါ. ။ အဲ.တော. ( အမှတ်စဉ် ၊ အမျိုးအစား ၊ ပစ္စည်း ) ပာိုရောက်တော.မှ အမှတ်စဉ် အတိုင်း သူ.နေရာနဲ.သူ ပြန်ကောက်တတ်လိုက်ယုံ ပဲလေ ။ ဒီလိုပါပဲ data တွေသည် အရွယ်အစားကြီးနေတယ်ဆိုရင် ပို.ဆောင်လို.အဆင်ပြေမဲ. အပိုင်းငယ်လေးတွေ ပိုင်းပြီး ပို.ဆောင်ရတဲ. တာဝန်ကို TCP ကလုပ်ဆောင် တာပါ ။ အဲ.ဒါကို segmentation လို.လဲခေါ်ပါတယ်။ ဒါက အစိတ်အပိုင်းလေးတွေ ပိုင်းထားတဲ. အချိန်ပဲရှိပါသေးတယ် ။

အမျိုးအစား(နေရာ)တွေရေးဖို. နေရာမှာတော. TCP header ကအလုပ်လုပ်မှာပါ ။သူ.နောက်မှာ စောစောက ပိုင်းထားတဲ. Data အစိတ်အပိုင်းတွေလာမှာပါ ။ TCP segment တွေကို အမှတ်စဉ် နံပါတ်တတ်ပေးဖို. လိုလာပြီ အဲ.အတွက် Sequence Number ဆိုတဲ.နေရာနဲ.အမှတ်စဉ် ထည်.ပေးမှာပါ ။ ဒါမှလဲ ပာိုရောက်လို. ဘယ်နေရာဘယ်အပိုင်း ၊ ဘယ်အမှတ်စဉ် လိုတယ် ချက်ချင်းသိပြီး လိုအပ်ရင် ပြန်ပို.လိုရအောင်ပါ ။ အဲ.တော. ( ၊ TCP Header ၊ Segment ) ဆိုပြီး အပိုင်းလေးတွေနဲ. ပို.ဆောင်ဖို.အဆင်သင်.ဖြစ်သွားပါပြီ ။



ပာုတ်ပြီဗျာ .. ကျနော်တို. ပို.ဆောင်ဖို.အတွက် အရာတွေအားလုံး ထုတ်ပိုးလို.ပြီးသွားတဲ. အချိန်မှာ ကျနော်တို. ဘယ်ကို ပို.မှာလဲဆိုတာ ကလိုအပ်လာပါတယ် ။ အင်းလေးလား ၊ တောင်ကြီးလား ၊ မန္တလေးလား ၊ ပြင်ဦးလွင်လား ။ ဘယ် အရပ်ဒေသ ကို ပို.ဆောင်မှာလဲ ??? ။ ဘယ်သူကကျနော်တို. ပို.မဲ. ပစ္စည်းတွေကို လက်ခံယူထားမှာလဲ ??? ။ ရှင်းပါတယ် ။ ပို.ချင်တဲ. နေရာ နဲ. လက်ခံမယ်.သူ နံမည်ကို ထည်.ပေးလိုက်ယုံပါပဲ ။

Internet Protocol ( IP )

ကွန်ပြူတာတွေမှာလဲ တလုံးကနေ တလုံးကို ဒေတာတွေပို.ဆောင်ဖို.အတွက် သူ.တိုရဲ. ကိုယ်ပိုင် လိပ်စာတွေရှိမှ ဖြစ်မှာပါ ။ ဒီကိုယ်ပိုင်လိပ်စာတွေ ကတော. IP Address တွေဖြစ်လာပါတယ် ။ Data တွေကိုပို.ရန် IP ရဲ့အကူအညီ ကိုရယူပါတယ်။ TCP မှ segmentation လုပ်ပြီး ရလာသော segment ရှေ.မှာ IP header ထည်.ပေးပြီး (တံဆိပ်ခေါင်းတပ်ပေးလိုက်တာပေါ.ဗျာ) အဲ.မှာ source နဲ. destination IP address ပါရှိရမှာပါ ။ ပေးတဲ.သူ ရဲ.နံမယ်နဲ. လက်ခံမဲ.သူရဲ. နံမယ်လိုပေါ. ။ IP header မှာလဲ IP address (၂)ခု ပါရှိပါတယ်။ တစ်ခုက source IP address ဖြစ်ပြီး ကျန်တစ်ခုက destination IP address တို.ပါ ။ အဲ.ဒီလို အပိုင်းလေး အနေနဲ. ဖြစ်သွားပြီးမှ ပေးပို.ခြင်းကို စတင်လုပ်ကိုင် နိုင်မှာပါ ။ အဲ.ဒီလို ပေးပို.တဲ.အစိတ်အပိုင်းကို IP packet ( IP header +Data) လို.ခေါ်ပါတယ် ။ ပါဆယ်ထုတ်ပြီးသား လိပ်စာတတ်ပြီးသား ပေါ.ဗျာ ။

IP address ဆိုပြီးနံမယ် ကိုတော. အင်တာနက်သုံးတဲ.လူတိုင်း နီးပါးသိကျမှာပါ ။ှုIP ADDRESS က ဘာလှဲရှင်းပါတယ် ။ Internet Protocol ရဲ. လိပ်စာ ပေါ.ဗျာ ။ ကျနော်တို. အပြင်မှာ စာပို.တော.မယ်ဆိုရင် စာအိတ်ပေါ်မှာ အိမ်နံပါတ် ၊ လမ်း ၊ ရပ်ကွက် ၊ မြို့နယ် ၊ တိုင်း ၊ နိုင်ငံ ဘာညာကွိကွ တွေရေးပေးပြီး ပို.ပေးရသလိုမျိုး IP address မှာလည်း internet protocol မှ သတ်မှတ်ပေးထားသော format ရှိပါတယ်။ IP address တွေက 32 bit binary ဂဏန်းတွေတွေပါ ။ စက်အချင်းချင်းနားလည်တဲ. ကိန်းဂဏန်းတွေနဲ. ဖော်ပြပေးတာဖြစ်ပြီး လူတွေအသုံးပြုရလွယ်ကူအောင်လို. Decimal ဂဏန်း တွေနဲ. အစားထိုးသုံးပြုပါတယ် ။

1010110100111011 = Binary ဂဏန်း
192 . 168 . 1 . 1 = Decimal ဂဏန်း

Binary ဂဏန်း

သူ.မှာ ၀ ရယ် ၁ ရယ်ပဲပါဝင်ပြီး ။ ၀ နဲ. ၁ ကို တလှည်.စီ အသုံးပြုတာဖြစ်ပါတယ် ။
0001 = ၁ ဖြစ်ပြီး 0010 = ၂ ဖြစ်သွားပါတယ် ။ အလားတူစွာ 0011 = ၃ ဖြစ်သွားပါမယ် ။ အသေးစိတ်လေ.လာချင်ရင်တော. http://en.wikipedia.org/wiki/Binary_numeral_system မှာ လေ.လာနိုင်ပါတယ် ။



Decimal ဂဏန်း
သူ.မှာတော. 1st Octet 2nd Octet 3rd Octet 4th Octet ဆိုပြီး အပိုင်း ၄ ပိုင်းပါဝင်ပါတယ် ။
decimal number တစ်ခုစီကို octet တစ်ခုလို.ခေါ်ပါတယ်။ decimal octet ရဲ.တန်ဖိုးက 8 bit ကိုကိုယ်စား
ပြုပါတယ် ။ ကွန်ပြူတာ တွေမှာ နက်ဝက်ကဒ် အတွက် လိပ်စာ သက်မှတ်ပေးတဲ.နေရာမှာလဲ အပြင်လောက လိုမျိုး နေရပ်လိပ်စာ မတူမှ အဆင်ပြေမှာပါ ။ ဒါမှလဲ လိပ်စာမှန်ပြီး ရောက်ရှိမှာဖြစ်ပါတယ် ။ ( ဥပမာ - စက်တစက် ကို 192.168.0.1 ပေးခဲ.ရင် နောက်စက်ကို

192.168.0.2 ဖြစ်ရပါမယ် ။
IP Address ရဲ. အပိုင်းလေးပိုင်း က တစ်ခုကြားကို Decimal Point တွေနဲ. ခွဲခြားထားပါတယ် ။ ပေးနိုင်တဲ. အတိုင်းအတာတွေကတော. ၁ ကနေ ၂၅၄ အထိပဲဖြစ်ပါတယ်။ အဲ.ဒီမှာ (Address for the Network )နဲ့ Hosts ရဲ.လိပ်စာ(Address for the Host) ဆိုပြီး ခွဲခြားထားတယ် ။ ပထမ 8 bits ဟာ အပိုင်းလေးပိုင်းထဲက ပထမဆုံးအပိုင်း Network address အပိုင်းဖြစ်ပြီး ကျန်သုံးပိုင်းဟာ Host address ပိုင်းဖြစ်ပါတယ် ။ အဲ.မှာ စပြီး CLASS A , CLASS B , CLASS C စသည်ဖြင်. နက်ဝက်အမျိုးအစား တွေပေါ်လာတာပါ ။ ဥပမာ - မြီု.နယ်ကြီးရင် အိမ်ခြေပိုများ သလိုပေါ. ။

Class-A ကတော. အလွန်ကြီးမားတဲ. နက်ဝက်တွေမှာ အသုံးပြုပါတယ် ။ Hosts ပေါင်း 16,777,216 ကို ကိုင်တွယ်နိုင်ပါတယ် ။
Class B ဆိုတာကတော့ အလယ်အလတ်တန်းစား ကွန်ရက်တွေ မှာ အသုံးပြုပါတယ် ။ Host ပေါင်း 1,048,576ကိုင်တွယ်နိုင်ပါတယ် ။
Class C ဆိုတာကတော. နက်ဝက်အသေးစား တွေအတွက်ပါ ။Hosts ပေါင်း 65,535 အများဆုံးပဲရနိုင်ပါတယ်။
အသေးစိတ် လေ.လာချင်ရင် တော. http://lanverse.com/tutorials/subnetting-class-a-network/မှာ ဖတ်ရူနိုင်ပါတယ် ။

Subnet Mask ရဲ. အလုပ်လုပ်ပုံက ရိုးရှင်းပါတယ် ။ သူ.အနေနဲ. နက်ဝက် တခုမှာ ကွန်ပြူတာ အလုံးရေ ဘယ်လောက် ကနေ ဘယ်လောက်အထိ သတ်မှတ်ပေးတဲ.အလုပ်မျိုးပါ ။ သူ.အနေနဲ. ပိုင်းခြားထားတဲ. RULE တခုဖြစ်ပါတယ်


တွက်ချက်ချင်ရင်တော. http://www.subnet-calculator.com/ မှာပါ ။ အသေးစိတ်လေ.လာချင်ရင် တော. http://en.wikipedia.org/wiki/Subnetwork မှာလေ.လာနိုင်ပါတယ် ။

edit ..( http://www.zshare.net/download/506932447f6f939c/ မှာလဲ pdf ဖိုင်ကို ဒေါင်းလုဆွဲပြီး လေ.လာလို.ရပါတယ် ။ အကြောင်းအမျိုးမျိုးကြောင်. ကျနော. ရှင်းပြချက်များ မရှင်းလင်းတာတွေ ၊ နားမလည်တာတွေ ဖြစ်ခဲ.ရင် ကျနော် ရှင်းပြမူ.အားနည်းနေတဲ.အတွက်တော. ခွင်.လွတ်ပါ ။ )
OSI Reference Model ဆိုတာ

Open Networking စနစ်များအတွက်နည်းပညာ Model တစ်ခုဖြစ်တဲ့ ဒီ Open System Internnection (OSI) Reference Model ကို International Organization for Standardization (ISO) က ဥရောပမှာ ၁၉၇၄ခုနှစ်ကတည်းကစတင် Developed လုပ်ခဲ့တာဖြစ်ပါတယ်။ကနဦးမှာတော့သူဟာ အကြောင်းကြောင်းကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။အလွှာ(၇)လွှာပါတဲ့ ဒီ OSI Model ဟာ Ethernet တို့ TCP/IP တို့စတဲ့ အမျိုးမျိုးသော Networking Protocol တွေကို Implement လုပ်ပေးနိုင်ပါတယ်။ဒီနေရာမှာ အထူးသတိပြုဖို့ရှိလာတာကတော့ OSI သည် TCP/IP တို့လို ကွန်ပျူတာမှာ install လုပ်ပြီးအသုံးပြုရတဲ့ protocol မဟုတ်ဘူးဆိုတာပဲဆိုတာဖြစ်ပါတယ်။
Protocol ဆိုတာက ကွန်ပျူတာတွေအပြန်အလှန် ဆက်သွယ်ကြတဲ့ နေရာမှာတဖက်နှင့်တဖက် လိုက်နာလုပ်ဆောင်ကြရမယ့် rule တွေဘဲဖြစ်ပါတယ်။အနည်းငယ်ထပ်အကျယ်ချဲ့ရရင် protocol တစ်ခုဆိုတာသည် ပရိုဂရမ်မာတစ်ယောက် ကနေပြီး function (သို့) function များစွာတို့ကိုလုပ်ဆောင်နိုင်စေရန်ရေးသားထားတဲ့ set of instruction တွေဘဲဖြစ်ပါတယ်။အချို့ protocol တွေသည် OS (window XP၊ 2000)နှင့်အတူပါရှိပြီးသားဖြစ်သလို အချို့ကျတော့ software program တွေနှင့်အတူ install လုပ်ရပါမယ်။ ဤတွင်မှဆက်ပြီး OSI model နှင့် protocol တို့ရဲ့ ဆက်နွယ်မှုကိုကြည့် ရအောင်။
OSI model သည်လိုက်နာလုပ်ဆောင်သင့်တယ်လို့အကြံပြုထားတဲ့ model သက်သက်သာဖြစ်ပါတယ်။ ကိုယ်တိုင်
Protocol တွေဖန်တီးမည့် programmer တွေအနေနှင့် OSI model အောက်မှ မဖြစ်မနေအကျုံးဝင်အောင်ရေးသားရမယ်လို့ ကန့်သတ်ချက်တွေတော့မရှိပါဘူး ဒါပေမယ့် OSI model ကိုလိုက်နာပြီး ပုံစံထုတ်ရေးသားထားတဲ့ protocol တွေသာလျှင် အခြား network တွေနှင့်ပေါင်းစပ်ချိတ်ဆက်တဲ့နေရာမှာ များစွာအခက်အခဲမရှိအပြန်အလှန် Communicate လုပ်နိုင်မှာဖြစ်ပါတယ်။ TCP/IP protocol ကို OSI model မပေါ်ခင်ကတည်းက အသုံးပြုလာခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့် TCP/IP အပါအ၀င် အဲဒီအခါက အသုံးပြုနေသော protocol တွေကို OSI ဘောင်အတွင်းဝင်အောင် ထည့်သွင်းစဉ်တုန်းကများစွာအခက်အခဲတွေရှိခဲ့ပါတယ်။OSI model နှင့် မကိုက်ညီသော(၀ါ) OSI model ကိုလိုက်နာမှုမရှိသော ကိုယ်ပိုင် protocol တွေသည်တစ်ခုနှင့်တစ်ခုစုပေါင်းချိတ်ဆက်တဲ့ နေရာမှာ ကမ္ဘာသုံးမဖြစ်လာတော့ဘဲ တဖြည်းဖြည်းကွယ်ပျောက်သွားခဲ့ပါသည်။ အနှစ်ချုပ်ဆိုရရင် OSI model သည် network ပေါ်မှာအပြန်အလှန် communicate လုပ်နေသော ကွန်ပျူတာနှစ်လုံးတို့အကြားမှာဖြစ်ပေါ်နေတဲ့ theoretical representation တစ်ခုပင်ဖြစ်ပါတယ်။

ကွန်ပျူတာနှစ်လုံးတို့ဖြင့်အပြန်အလှန် communicate လုပ်လိုတဲ့အခါမှာ source လို့ခေါ်တဲ့ data ပေးပို့မယ့်ကွန်ပျူတာ၏ application layer မှစပြီး data တွေပေးပို့ပါလိမ့်မယ်။၎င်း data တွေသည်packet ပုံစံဖြင့် OSI model ၏အောက်ဆုံး layer ဖြစ်သော physical layer ထိတိုင်အောင် ဆင်းသွား ပါလိမ့်မယ်။ physical layer သည် network အတွင်းပို့လွှတ်မယ့်data တွေရဲ့ခရီးအစဖြစ်ပါတယ်။ physical layer ၌ data တွေကို cable ပေါ်သို့စတင်transmit လုပ်ပါတယ်။အဲ့ဒီလို transmit လုပ်လိုက်တဲ့ data တွေသည် ရည်ရွယ်ရာကွန်ပျူတာဖြစ်တဲ့ destination သို့ရောက်တဲ့အခါ physical layer မှစပြီး OSI model ရဲ့ layer တွေကိုတဆင့်ပြီးတဆင့် ဖြတ်ကျော်တက်ပြီး နောက်ဆုံး application layer သို့ရောက်သွားပါမယ်။
အဲ့ဒီ data ပေးပို့မှုဖြစ်စဉ်သည် millisecond အတွင်းပြီးမြောက်မှာဖြစ်ပါတယ်။ ဒါက data သွားပုံလမ်းကြောင်း ဖြစ်ပါတယ်။ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး communicate လုပ်ပုံကို logically အရကြည့်မယ်ဆိုရင် layer တူအချင်းချင်းသာ communicate လုပ်ကြပါတယ်။ဆိုရရင် ကွန်ပျူတာတစ်လုံးမှ application layer protocol သည် တစ်ဖက် ကွန်ပျူတာ၏ application layer protocol ဖြင့်သာ information တွေဖလှယ်ကြပါတယ်။ အခြား layer protocol များသည် Application layer ၏ data တွေကို ၀င်ရောက်စွက်ဖက်ဘို့ရန်မကြိုးစားကြပါဘူး



_____________________________________________________________________________________________ဲ……. ကိုယ့် Computer မှာ Network Card မရှိပဲနဲ့  Virtual Network လုပ်ချင်ရင် ဒီလို လုပ်လို့ ရပါတယ်ခင်ဗျာ။ ကျွန်တော် အရင်က ကျွန်တော့် Computer မှာ network card နှစ်ကဒ်မရှိလို့ ၊ connection မရှိလို့  Networking Practical လုပ်ဖို့  လွန်ခဲ့ တဲ့ နှစ်တွေတုန်းက တော်တော်စားခဲ့ တယ်။ Network Card နှစ်ကဒ်ကို Loop ကြိုးလုပ်ပြီးတစ်မျိုး၊ တစ်ကဒ်ထဲကိုပဲ Loop ဖြစ်အောင် လုပ်ပြီး တစ်ဖုံ သုံးခဲ့ ရပါတယ်။ တကယ်တော့ Microsoft က Network Card တစ်ခုမှ မလိုလဲ Virtual Network အတွက် Network Connection ယူလို့  ရအောင် လုပ်ထားပါတယ်။ Practical လုပ်ဖို့ တော်တော်လေးအဆင်ပြေမယ်ထင်ပါတယ်။ ကဲ AD တို့ ဘာလို့ ညာတို့ ကို စမ်းလို့ ရပြီဗျာ။

1. GoTo “Control Panel”
2. Open “Add or Remove Hardware”
3. Next
4. Click Yes, I have already connected the hardware, and then click Next.
5. At the bottom of the list, click Add a new hardware device, and then click Next.
6. Click Install the hardware that I manually select from a list, and then click Next.
7. Click Network adapters, and then click Next.
8. In the Manufacturer box, click Microsoft.
9. In the Net Adapter box, click Microsoft Loopback Adapter, and then click Next.
10. Click Finish.

IP က APIPA နဲ့ ကျတတ်ပါတယ်။ Manual ပြန်လုပ်ရတတ်ပါတယ်။၂ ကဒ်လုပ်လဲ အဆင်ပြေပါတယ်။

0 comments:

Post a Comment