Home » » Registry ကို Reboot မပေးပဲ re-initialize လုပ်မယ်

Registry ကို Reboot မပေးပဲ re-initialize လုပ်မယ်

မူပိုင် = သံလုံးငယ်

ကျနော့်ကို တာဝန်ပေးထားတာ တစ်ခု ရှိတယ် ..။ ကျနော့် အစ်ကို ကိုကိုရဲ ကပါ ...။ လင့်တွေရော မသိတာတွေရော အကုန်ပြောပြပြီး .. Registry အကြောင်းတွေ ရေးပါတဲ့ . ။ ကြာပြီပြောထားတာ ကျနော်ပျင်းနေတာ .... အဟီး ... Registry ရဲ့ အကြောင်းလေးကို အခြေခံ ပြောခဲ့ ပြီးပါပြီ .. ။ အခု ကိုကိုရဲ ရဲ့ အကြွေးတွေ စဆပ်ပါတော့မယ် .. ။

အခု ပထမ ဆုံးအနေနဲ့ Registry ကိုပြင်ဆင်ပြီးရင် တစ်ချို့ ပြင်ဆင်မှုတွေ အတွက် Restart ပေးဖို့ လိုပါတယ် .. ။ ကွန်ပျူတာကို Reboot မပေးပဲ registry ကိုပဲ re-initialize လုပ်ပေးနိုင်တဲ့နည်းပါ .. ။ (registry ကိုပဲ restart ပေးတာပေါ့ဗျာ .. ဖွင့်ထားသမျှ window အားလုံး ပိတ်သွားမှာဖြစ်ပါတယ် .. )

Registry ကို re-initialize လုပ်ဖို့အတွက် task Manager ကိုခေါ်ပါတယ် .. ။ (သိကြပါတယ်နော် .. ) Process ဆိုတဲ့ Tab ကို click ပြီး explorer.exe ဆိုတာကို ရှာပါတယ် ။ R-Click နိုပ်ပြီး End Process ပေးလိုက်ပါတယ် ။ အဲဒါဆိုရင် ဖွင့်ထားသမျှ window အားလုံးပိတ်သွားပါမယ် .. ။ task bar က အစ ပျောက်သွားမှာ ပါ ။
ပြီးရင် Task Manager ရဲ့ menu bar က File -- New Task (Run...) ဆိုတာ ကို click ပြီး ပေါ်လာတဲ့ box မှာ explorer လို့ ရေးပြီး ok ပေးလိုက်ပါ .. ။ icon တွေ task bar တွေ ပြန်ပေါ်လာပါမယ် ။ ကျနော်တို့ လုပ်နေတဲ့ Registry re-initialize အောင်မြင်စွာပြီးသွားပါပြီ .. ။

0 comments:

Post a Comment