Home » » Windows Installation (Overview)

Windows Installation (Overview)

ကိုဇော် (ဒဂုံ)

မိမိ Computer ကို ဝင်းဒိုး အသစ်တင်တော့မယ်ဆိုရင် မိမိ Computer ရဲ့ ယခင်သုံးစွဲနေတဲ့ Driver တွေ / Application တွေကို အရင် မှတ်သား ထားသင့်ပါတယ်၊ဒါမှ Windows အသစ် တင်ပြီးသွားတဲ့အခါမှာ အချိုDriver တွေဟာ Detect တြော့ဖစ်ပြီး Support မလုပ်ဘူးဖြစ် တက်ပါတယ် ( ဝင်းဒိုးတင်ပြီးတဲ့အခါမှာ Device Manager ထဲဝင်ကြည့်ရင် အဝါရောင် Quation Mark နဲြ့ပတဲ့အရာတွေဟာ Support မလုပ်တဲ့ Driver တွေဘာ) အဲဒီိလို့  ဖြစ်တဲ့ Driver တွေဆိုရင် update လုပ်ဖို့  လိုအပ်ပါတယ်အခုပြောမှာက Windows တင်နည်းကို overview အနေနဲ့ ပြောမှာပါ အသေးစိတ်ကိုတော့ပြီးမှာ ဆက်လက်ပြောမှာ ဖြစ်ပါတယ်
ပထမဦးဆုံး Windows တင်နည်းမပြောခင် Computer တစ်လုံးရဲ့  Process Procedure ကို ကျနော်နားလည်သလို အရင်ပြောပါရစေဗျာ-

Computer တစ်လုံးကို စပြီး power on လိုက်ပြီဆိုတာနဲ့ 
(၁)- POST (power on self test )ကို စတင်လုပ်ပါတယ်
(အလွယ်ပြောရရင် System Unit ထဲမှာရှိတဲ့ Hard Disk/ CD Rom တို့  စတဲ့ Hardware တွေ , Firmware တွေ , Chip Set တွေကို စစ်ဆေးတာပါ)
(၂)- Loading( boot တက်စေမဲ့ လိုအပ်တဲ့ဖိုင်တွေကို ဆွဲတင်တာပါ)
(၃)- Log on (ဝင်းဒိုးထဲသို့ ဝင်ရောက်ရန် ခွင်ြ့ပုထားသူများ ဝင်ရောက်ခြင်းပါ)


POST လုပ်ငန်းစဉ်
- Power Supply မှ ပါဝါရပြီဆိုတာနဲ့ CPU , BIOS , CMOS, I/O bus တို့ ကို လိုက်စစ်ပါတယ်
BIOS ဆိုတဲ့ program တွေ ပေါင်းစုထားတဲ့ ChipSet ထဲက Boot Sequence ဆိုတဲ့အခန်းမှာ ကျနော်တို့ ပထမဦးဆုံး Boot လုပ်စေချင်တဲ့ Device ကို
” ပထမဦးစားပေး ” အနေနဲ့ ရွေးပေးရပါတယ် (ဆိုလိုတာက-
- Hard Disk ကိုပထမ ရွေးထားရင် Hard Disk ကိုစပြီး Boot လုပ်ပါတယ်
- CD Rom ကိုပထမ ရွေးထားရင် CD Rom ကိုစပြီး Boot လုပ်ပါတယ်
- Floppy ကိုပထမ ရွေးထားရင် Floppy ကိုစပြီး Boot လုပ်ပါတယ် )

Loading လုပ်ငန်းစဉ်
- အထက်က ပြောခဲ့သလို လိုအပ်တဲ့စစ်ဆေးမှုတွေ ပြီးသွားတာနဲ့ 
ပထမဦးစားပေးထားတဲ့ Device ထဲက လိုအပ်တဲ့ ဖိုင်တွေကို ဆွဲတင်ပါတယ်

Log on လုပ်ငန်းစဉ်
- လိုအပ်တဲ့ System ဖိုင်တွေကို ဆွဲတင်ပြီးပြီ ဖြစ်တဲ့အတွက် ဝင်ရောက် အသုံးပြု
ရန်သာ ရှိပါတော့တယ်၊ အဲဒီလို ဝင်ရောက်ဖို့ မူလတည်းက User Name တို့ 
Password တို့ ပေးထားခဲ့မယ်ဆိုရင်တော့ Authenticate box ကျလာမှာပါ
အဲဒါဆိုရင်တော့ user name/password ရိုက်ထည်ြ့ပီး ဝင်ရောက်ရမှာပါ

ဝင်းဒိုးတင်နည်း လေးကို ပြန်ဆက်လိုက်ရအောင်ဗျာ

၁- CD Rom ထဲကို မိမိတင်မဲ့  boot CD ကို ထည့်ထားပါ
၂- BIOS ထဲကိုဝင်ပြီး Boot Sequence ထဲမှာ CD Rom ကို ပထမဦးစားပေးရွေးပေးပါ
၃- BIOS ထဲကနေ Save and exit နဲ့ ထွက်လိုက်တာနဲ့ restart တစ်ခါဖြစ်ပါလိမ့်မယ်
၎- ပြန်တက်လာတဲ့အခါမှာ CD မှ Boot တက်ရန်အတွက် key တစ်ခုခု နိုပ်ခိုင်းပါတယ် ဒါဆိုရင် CD ထဲက လိုအပ်တဲ့ System ဖိုင်တွေကို copy ကူးယူဆွဲတင်ပါတယ် အားလုံးဆွဲတင်ပြီးသွားတာနဲ့  မူလရှိတဲ့ partition များကို ပြပါလိမ့်မယ်မိမိ မလိုချင်တဲ့ partition တွေကို Delete လုပ်ပြီး မိမိစိတ်ကြိုက် partition တွေကို Create လုပ်ရမှာ ပါ ပြီးသွားရင် ယခင်ရှိတဲ့ partition တွေကို format လုပ်ပါလိမ့်မယ်ပြီးရင် Restart တစ်ကြိမ်ဖြစ်ပြီး Install စပြီးလုပ်ပါပြီး
၅- Installation ပြီးသွားရင် Windows တက်လာပါလိမ့်မယ်

(က) အရင်ဦးဆုံး Devices တွေကို စစ်သင့်ပါတယ်(Device Manager တွင် သွားစစ်ပါ) လိုအပ်ပါက update လုပ်ပါ (သက်ဆိုင်ရာ CD ထည့်၍ Update လုပ်ပါ)

(ခ)Setup ပိုင်းများ ဆောင်ရွက်ပါ
(i) Connection (TCP/IP Configuration လုပ်ပါ)
(ii) IE Setup ( လိုအပ်ပါက Proxy ထည့်သွင်းပါ)
(iii) Network Setup (Workgroup တွင် ပါဝင်နိုင်စေရန် )

(ဂ) လိုအပ်သည့် Application များ ဆက်လက် Install လုပ်ရုံပါဘဲဗျာ

0 comments:

Post a Comment