Home » » Linux OS in Myanamr

Linux OS in Myanamr

Sawlinux

ကျနော်က Linux OS အကြောင်းမြန်မာလိုရေးထားတဲ့စာအုပ်လေးကိုလိုက်ရှာတာအတော်ကြာခဲ့ပါပြီး။ အခုတော့တွေ့ပါပြီးဗျာ…

မြန်မာအွန်လိုင်းစာကြည့်တိုက်မှာ
ဒါပေမယ့်ရေးသားသူနာမည်ကိုရှာကြည့်တော့မတွေ့မိဘူး။ဒါကြောင့်အခုကျနော်ကူးယူ
ခဲ့တဲ့ဆိုက်နာမည်ကိုပဲဖေါ်ပြီးရေးသားသူနာမည်မဖေါ်ပြနိုင်တာကိုနားလည်စေချင်တယ်။ကျနော်ကကွန်ပျူတာနည်းပညာဆိုင်ရာ
ကျွမ်းကျင်သူမဟုတ်လေတော့သူများရေးထားတာလေးတွေကိုစုဆောင်းပြီးကျနော့်လိုပဲနည်းပညာပိုင်းဆိုင်ရာအားနည်းသူတွေ
အတွက် တစ်ဆင့်ပြန်လည် ဝေငှချင်ပါတယ်။

ဒါကြောင့် ကျနော်ဘလော့တွင် ကွန်ပျူတာဗဟုသုတ-ဆိုတဲ့ကဏ္ဍမှာ အင်တာနက်စာမျက်နှာပေါ်မှာ နည်းပညာတွေရေးသားတဲ့ နည်းပညာဆိုင်ရာဆိုက်များမှကောင်းနိုးရာရာလေးတွေကို ပြန်လည်စုစည်းထားပါတယ်။ ဒါကလဲ သူတို့ကို ခွင့်တော့ပြီးမှ (ဒါမှမဟုတ်)သူတို့ရဲ့ဆိုက်သူတို့ရဲ့နာမည်အပြည့်အစုံညွန်းပြီးမှ ကျနော်ဘလော့ထဲမှာ ဖေါ်ပြခြင်းဖြစ်ပါတယ်။

တစ်ခါတစ်လေအကြောင်းမတိုက်ဆိုင်လို့ သူတို့တွေက ကျနော့်ကို မတင်စေချင်လေးတွေရှိခဲ့ရင်လည်း ကျနော်အသာတကြည် နားလည်ပေးခဲ့ပါတယ်။ သူတို့ဘယ်လောက်အချိန်ပေးပြီး ပို့စ်တစ်ပုဒ်ကို ကြိုးစားရေးခဲ့ရတယ်ဆိုတာ ပို့စ်ကိုယ်ပိုင် ရေးသူတိုင်း တန်ဖိုးထားနားလည်ကြလိမ့်မယ်ထင်တယ်။ နည်းပညာရှင်တွေက ကျနော့်ကို ဘာပဲပြောပြော ကျနော်လက်ခံနိုင်တယ်၊ သူတို့တစ်တွေဟာ ကျနော့်ရဲ့လမ်းညွန်ဖြစ်နေလို့ ပါပဲ။ တစ်နည်းအားဖြင့်သူတို့တွေဟာ ကျနော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဖြစ်ပါတယ်။


သူများဆီက ပညာလိုချင်ရင် ကိုယ့်မာန် (မာန)ကို ချိုးနှိမ်ထားရမယ် လို့ ဆရာသမားတွေဆုံးမခဲ့ဘူးတယ်လေ။ ကိုယ့်ကဘာမှ မသိပဲ သူများတွေနဲ့ယှဉ်ပြီး ပညာသင်လို့ကတော့ဘယ်သောအခါမှ သူများဆီကနေ ပညာတွေရမယ်မထင်။

ကဲ…ပြောချင်တာက အခု Linux OSမြန်မာပြန်လေးဟာ Linux အကြောင်းသိချင်သူကျနော်လိုပုဂ္ဂိုလ်များအတွက်
အင်မတန်ကျေးဇူးများပါတယ်။ အောက်ပါ Scribdမှာ တင်ထားတဲ့ pdf fileနဲ့ဖတ်ရှုနိုင်သလို အဆင်မပြေခဲ့ရင်လည်း အောက်ပါလင့်အတိုင်း ဒေါင်းယူနိုင်ပါကြောင်း …..

Linux OS Myanmar

ဒေါင်းလုဒ် pdf

0 comments:

Post a Comment