Home » » window 7 အတွက် Driver မလိုပါ

window 7 အတွက် Driver မလိုပါ

ညီနေမင်း


မေးတာလဲ လူတိုင်းနီးပါးပါပဲ . ကျွန်တော်လဲ မထူးဘူးဆိုပြီး ပို့စ်တင်လိုက်ပါတယ် . window 7 ရဲ့ အားသာချက် တစ်ခုထဲမှာ driver အတွက် တင်စရာမလိုလို့ပါပဲ . ဘယ် PC ပဲဖြစ်ဖြစ် VGA driver, sound driver, motherboard driver နဲ့ အခြားအခြားသော driver များကို မလိုအပ်ပါဘူး . driver ပျောက်ဆုံးနေတဲ့သူများ . driver cd မရှိသူများ . လက်ရှိရှိနေတဲ့ driver cd များကို အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်လို့ရပါပြီ. window 7 ဟာ driver auto detact ပါ . တစ်ကယ့်ကို ဆရာကျတယ်ဗျာ . လူတိုင်းနီးပါ crazy ဖြစ်ကြတဲ့အထဲမှာ driver မလိုအပ်တဲ့ အချက်ကလဲ တစ်ချက်ပါတယ် . ပြီးတော့ သူ့ရဲ့အပြင်အဆင်ကလဲ တစ်ကယ်ကို လှပတယ် . ပေါ့ပါးလာတယ် . အင်တာနက်သုံးတာ ပိုပြီးမြန်ဆန်လာတယ် . အင်တာနက် အသုံးပြုတဲ့အချိန် မြန်ဆန်မှုထဲမှာ browser ကလဲ တစ်ခန်းတကဏ္ဍပါဝင်ပါတယ် . 7 သုံးတဲ့သူများတွေဟာ အခုဆိုရင် ကမ္ဘာမှာ ခဏလေးနဲ့ကို လူတိုင်း နီးပါးဟာ window xp ရဲ့ အားနည်းချက်နဲ့ vista ရဲ့ အဆမတန်နေရာ ယူမှုတွေကို စွန့်လွှတ်ပြီး window 7 ကို ဖက်ကို လုံးဝကို ခုန်ကူးလာကြတာဟာ window 7 ရဲ့ စွဲဆောင်မှုအားကောင်းတဲ့ အချက်တွေကြောင့်ဆိုရင်လဲ မမှားပါဘူး .

0 comments:

Post a Comment