Home » » Desktop ပေါ်က ပုံတွေ ၊ ဖိုဒါတွေကို ဖျောက်နည်း...

Desktop ပေါ်က ပုံတွေ ၊ ဖိုဒါတွေကို ဖျောက်နည်း...

ကိုဇော် (Multiply)

အသုံးပြု သူ အနေနဲ့ အကယ်၍များ Desktop ပေါ်က ဓါတ်ပုံ ( သို့မဟုတ်) ဖိုဒါတွေကိုဖျောက်ချင်တယ် ဆိုရင် Run box မှာ cmd လို့ရိုက်ထဲလိုက်ပါ ...။
ပြီးရင်တော့ cd (space bar) လေးခံပြီး desktop လို့ရိုက်ထည့်လိုက်ပါ...။
အဲဒါဆိုရင်......

အဲဒီပုံလေး အတိုင်းပေါ်လာမှာ ဖြစ်ပါတယ် ...။

ပြီးသွားရင်တော့ ဆက်ပြီးနောက်ကနေ attrib +s +h လို့ရိုက်ပြီး ဓါတ်ပုံတစ်ပုံချင်း ရဲ့ နာမည် သို့မဟုတ် ဖိုဒါတစ်ခုလုံးရဲ့ နာမည်ကိုရိုက်ပေးလိုက်ပါ ...။
ပျောက်သွားပါလိမ့်မယ် ...။
ပြန်ဖေါ်မယ်ဆိုရင်တော့ -s -h ပါ...။
ပုံလေးကတော့ ဒီလိုလေးပါ....။

ကျွန်တော်တို့ ဖိုဒါကို ကုတ်တွေထည့်ပြီး rename ပေးဖျောက်မယ်ဆိုရင် refresh လုပ်တဲ့ အခါ မှာ အဲဒီဖိုဒါနေရာကို ပြနေပါလိမ့်မယ်...။
ဒါကြောင့် ဖိုဒါရှိနေတယ် မရှိနေဘူးဆိုတာကိုသိပါတယ်...။
အဲဒီနေရာကလည်း လွတ်နေပါလိမ့်မယ်...... ။
ဖိုဒါကို alt+0160 လို့ rename ပေးပြီး ဖိုဒါicon ကို အောက်ပါအတိုင်းပြောင်းပေးလိုက်ရင် လည်းပျောက်ပါတယ်...။
ဖိုဒါတစ်ခုရဲ့ properties >customize> change icon ထဲမှာ အောက်ပါပုံလေး အတိုင်းလွတ်နေတဲ့နေရာမှာ left click ထောက်ပြီး ok ပေးလိုက်ပါ......။ ပျောက်သွားပါလိမ့်မယ်.....။


ပြန်ဖေါ်မယ်ဆိုရင်တော့ ရှိတဲ့ အိုင်ကွန်နေရာကို ပဲ ပေးလိုက်ပါ....။
ပြန်ပေါ်လာပါလိမ့် မယ် .....။

0 comments:

Post a Comment