Home » , » Create a CON folder in windows

Create a CON folder in windows

ကျွန်တော်တို့ ကွန်ပျုတာတွေမှာ ဖိုဒါတွေ ဆောက်ရင် အမည်ပေးကြတာ အားလုံး သိမှာပါ။ အခု အဲဒီလို နာမည်ပေးတဲ့ နေရာမှာ ပေးလို့မရတဲ့ နာမည်တွေ ရှိပါတယ်။ မယုံရင် ဖိုဒါအသစ်တစ်ခု တည်ဆောက်ပြီး CON ဆိုတဲ့ အမည်လေးပေးကြည့်ပါ။ ပေးလို့ မရတာကို တွေ့ပါလိမ့်မယ်။ အခု ကျွန်တော် ဥပမာ ပြထားတာက CON ဆိုတဲ့ ဖိုဒါအမည် တစ်ခုတည်းကိုပါ။ တခြား ပေးလို့ မရတဲ့ အမည်တွေလဲ ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့ -

CON, PRN, AUX, CLOCK$, NUL, COM1, COM2, COM3, COM4, COM5, COM6, COM7, COM8, COM9, LPT1, LPT2, LPT3, LPT4, LPT5, LPT6, LPT7, LPT8, LPT9 စသဖြင့်ပေါ့ ..ဒါက ကျွန်တော်သိသလောက် ရေးထားတာပါ။ နောက်ထပ်လဲ ရှိပါလိမ့်ဦးမယ်။

ဘာလို့ အဲဒီ ဖိုဒါတွေကို အမည်ပေးလို့ မရတာလဲဆိုတော့ - အကြောင်းပြချက်က ဒီလို - :D

The reason is that con, prn, lpt1..lpt9, etc are underlying devices from the time dos was written. so if u r allowed to create such folders, there will be an ambiguity in where to write data when the data is supposed to go to the specified devices. In other words, if i want to print something, internally what windows does is — it will write the data to the folder prn (virtually u can call it a folder, i mean prn, con, etc are virtual folders in device level). So if we are able to create con folder, windows will get confused where to write the data, to virtual con folder or real one.

ဘာသာပြန်ကောင်းတယ်နော် :D

အိုကေ ..အခု အဲဒီ ဖိုဒါအမည်တွေကို ရအောင် ပေးလို့ မရဘူးလားဆိုတော့ ။ ရပါတယ်။ ဘယ်လိုပေးမလဲဆိုတော့ -

Start - Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ပေါ်လာတဲ့ cmd box မှာ -

အသစ် တည်ဆောက်မယ်ဆိုရင် - md \\.\c:\con ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ပေါ့။
ပြန်ပြီး ဖျက်ချင် တယ်ဆိုရင် - rd \\.\c:\con ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ပေါ့။

md \\.\c:\con ဆိုတဲ့ နေရာမှာ -

* md က Make Directory ကို ဆိုလိုတာပါ ( ဖိုဒါ တစ်ခု တည်ဆောက်မယ်ဆိုတဲ့ သဘောပါ )
* c ကတော့ မိမိ Drive C ကို ဆိုလိုတာပါ။ ( မိမိ တည်ဆောက်ချင်တဲ့ Drive အမည်ကို ပေးလဲ ရပါတယ် )
* con ဆိုတာကတော့ ဖိုဒါ အမည်ပေါ့ ( အပေါ်မှာ ပေးလို့ မရတဲ့ အမည်တွေထဲက ကြိုက်တာ ပေးလို့ ရပါတယ် )

rd \\.\c:\con ဆိုတဲ့ နေရာမှာ -

* rd က Remove Directory ကို ဆိုလိုတာပါ ( ဖိုဒါ ကို ပြန်ဖျက်မယ်ဆိုတဲ့ သဘောပါ )
* c ကတော့ မိမိ Drive C ကို ဆိုလိုတာပါ။ ( မိမိ ဖျက်ချင်တဲ့ ဖိုဒါ တည်ဆောက်ထားတဲ့ Drive အမည်ကို ပေးရပါတယ် )
* con ဆိုတာကတော့ ဖိုဒါ အမည်ပေါ့ ( မိမိ ဖျက်ချင်တဲ့ ဖိုဒါ အမည်ကို ပေးရပါမယ် )

ရွှင်လန်းချမ်းမြေ့ပါစေ

ref: http://www.manawthar.com/2009/05/create-con-folder-in-windows.html

0 comments:

Post a Comment