Home » » Install Windows 7 with USB Drive

Install Windows 7 with USB Drive



Install Windows 7 with USB Drive



ဒီနည်းလေးက ကျွန်တော်တွေ့ထားတာတော့ ကြာပါပြီ ဒါပေမယ့် သေသေချာချာ မဖတ်ဖြစ်ခဲ့ပါဘူး.... အခု အသုံးလိုမယ် သူရှိတော့ ကျွန်တော်လည်း စမ်းကြည့်လိုက်တယ် ... အဆင်ပြေပါတယ်... Internet ထဲမှာတော့ ရေးထားတာ နည်းတော်တော် စုံပါတယ်... အဲဒီအထဲက ကျွန်တော် လုပ်လို့ အဆင်ပြေတဲ့ နည်းလေးကို ပြောပြပါမယ်....ဒီလိုတင်ဖို့ အတွက် အနည်းဆုံး 4 Gigabyte ရှိတဲ့ USB Drive တစ်ခု ရယ် UltraIso software လိုမှာ ဖြစ်ပါတယ်...UltraISO ကို ဒီမှာ(zshare 3.38M) ဒေါင်းပါဗျာ...




၁။ USB Drive ကို Computer မှာ တပ်ပြီးတော့ Run မှ cmd ရိုက်၍ Command Prompt ကိုခေါ်ပါ...




၂။ Command Prompt မှာ DISKPART လို့ရိုက်ပါ...



၃။ DISKPART> လို့ပေါ်လာရင် list disk ကိုရိုက်ပါ...(DISKPART> list disk) အဲဒါဆိုရင် Computer မှာ တပ်ဆင်ထားတဲ့ HDD နဲ့ USB Drive တွေရဲ့ List ပေါ်လာမှာ ဖြစ်ပါတယ်...




This image has been resized. Click this bar to view the full image. The original image is sized 651x98.




၎။ ကျွန်တော်တို့ တပ်ထားတဲ့ USB Drive ကို List ထဲမှာ ကြည့်ပါ... size ကိုကြည့်ပြီးတော့ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်...အဲဒီ Drive ကို ကျွန်တော်တို့ သုံးမှာ ဖြစ်တဲ့ အတွက် select disk 2 လို့ရေးပြီးတော့ select လုပ်ပါမယ်...(ကျွန်တော်က HDD နှစ်လုံးတပ်ထားလို့ disk နံပါတ် 2 ဖြစ်သွားတာပါ... Disk ရွေးတာ မမှားဖို့ အရေးကြီးပါတယ်... အောက်ကပုံလေးနဲ့ အပေါ်က ပုံလေးကို သေချာကြည့်ပြီးတော့ ရွေးချယ်ပါ... )








၅။ ရွေးချယ်ထားတဲ့ Disk ကို clean လုပ်ဖို့ အတွက် DISKPART မှာ clean ရိုက် enter ခေါက်ပါ...(DISKPART> clean)







၆။ Primary partition တစ်ခုလုပ်ဖို့ အတွက် create partition primary ရိုက် enter ခေါက်ပါ...(DISKPART> create partition primary )...




This image has been resized. Click this bar to view the full image. The original image is sized 496x50.




၇။ အဲဒီ partition ကို select လုပ်ဖို့အတွက် select partition 1 ရိုက် enter ခေါက်ပါ...(DISKPART> select partition 1)...








၈။ active ဖြစ်အောင်လုပ်ဖို့ အတွက် active ရိုက် enter ခေါက်ပါ...(DISKPART>active )...








၉။ Drive ကို FAT32 အဖြစ် Format ချပါဖို့အတွက် format fs=fat32 ရိုက် enter ခေါက်ပါ...(DISKPART> format fs=fat32 )...100% complete ဖြစ်တဲ့ အထိစောင့်ပါ...




This image has been resized. Click this bar to view the full image. The original image is sized 677x73.




၁၀။ Drive ကို Drive Letter တစ်ခုရအောင်လုပ်ဖို့ အတွက် assign လုပ်ပါမယ်... assign ရိုက် enter ခေါက်ပါ...(DISKPART> assign )... ပြီးတဲ့ အခါ exit လို့ရိုက်လိုက်ပါ...




This image has been resized. Click this bar to view the full image. The original image is sized 569x85.




အခုအခါ ကျွန်တော်တို့ Windows 7 ရဲ့ ISO file ကို ထည့်ဖို့ အတွက် အသင့်ဖြစ်နေတဲ့ USB Drive ကိုရနေပါပြီ...



၁၁။ ကျွန်တော်က UltraIso ကို install လုပ်ပြီးတော့ Windows 7 ရဲ့ ISO file ကို right-click လုပ်ပြီးတော့ UltraISO --> Extract to လုပ်ပြီးတော့ USB Drive ထဲကို Extract လုပ်ခိုင်းလိုက်ပါတယ်...




This image has been resized. Click this bar to view the full image. The original image is sized 815x360.




၁၂။ အဲဒါပြီးရင် Windows 7 ရဲ့ ISO file ကို Right-Click ပြီးတော့ Mount to Dirve : လုပ်လိုက်ပါ... ဒါဆိုရင် Windows 7 ရဲ့ ISO ဖိုင်က UltraISO ရဲ့ Virtual Drive ထဲမှာ ရောက်နေပါပြီ...အဲဒီ အခါ ခုနက command prompt ကို ပိတ်ထားရင် ပြန်ဖွင့်လိုက်ပါဦး...




၁၃။ N:\boot\bootsect.exe /nt60 J: လို့ ရိုက်ပါ... (N: နေရာတွင် UltraISO ၏ Virtual Drive နာမည် နှင့် J: နေရာတွင် USB Drive ၏ နာမည် ဖြစ်ရပါမယ်...[Virtual ROM]:\BOOT\BOOTSECT.EXE /NT60 [USB FLASH DRIVE]...)



This image has been resized. Click this bar to view the full image. The original image is sized 677x238.





၁၄။ command prompt ကိုပိတ်လိုက်ပါ... Windows တင်ဖို့ အသင့်ဖြစ်နေတဲ့ USB Drive ကို ရရှိပြီဖြစ်ပါတယ်...



Click this bar to view the full image.




၁၅။ Computer ကို Restart ပေးပြီးတော့ Delete (for Desktop) နှိပ်ပြီးတော့ BIOS setup ထဲကိုဝင်ပါ... Boot မှာ Hard Disk Drive ကို USB Drive ကိုပြောင်းပေးပြီးတော့ F10 နှိပ်ပြီး save and exit လုပ်လိုက်ပါ... restart ဖြစ်သွားပြီးတော့ Windows 7 ကို တခါတည်း တင်ပေးသွားမှာ ဖြစ်ပါတယ်...




Windows 7 ကို အဆင်ပြေစွာ သုံးနိုင်ပါစေဗျာ...

မင်းသီဟထွန်း (မြန်မာမိသားစုဖိုရမ်)

0 comments:

Post a Comment