Home » » Mgy.exe Virus

Mgy.exe Virus

သူ့ ရဲ့ တိုက်ခိုက်ပုံကတော့ အရင် .vbs extension နဲ့ ၀င်လာတတ်တဲ့ အကောင်တွေလိုပါဘဲ အမျိုးအစားက Cloaked Malware အမျိုးအစားဖြစ်ပါတယ်။ PC User တွေကိုတော့ လုံးဝစိတ်ဆင်းရဲအောင် လုပ်တာပါ၊ regedit.exe တို့ ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ exe file extension အနေနဲ့ တော့ SMSS.exe, DCIM.exe, Recycler.exe,CSRSS.exe, Toprint.exe , VIDEO.exe ဆိုပြီးအယောင်ဆောင်လိုက်တယ် ပြီးတာနဲ့ PC ကို ပြသနာရှာပါလေရော။ သူ့ ရဲ့ FILE SIZE ကတော့ 16417245 bytes ဖြစ်ပါတယ်၊ သူ့ ရဲ့ မွေးရပ်ဇာတိကတော့ Singapore နဲ့ Myanmar နိုင်ငံကလို့ Detection စတင်တွေ့ ရှိတဲ့ Prevx ဆိုတဲ့ anti virus company က ဆိုပါတယ်ဗျာ။

သူ့ ကို removal လုပ်ဖို့ Tools ကတော့ Prevx ဆိုတဲ့ removal tool ကိုသုံးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီ malware က ဇန်န၀ါရီ ၂၀ ရက်နေ့ ကမွေးဖွားတာ ဖြစ်ပါတယ်။ဖြစ်ပုံက msconfig လည်း အလုပ်မလုပ်တော့ပါဘူး။ Registry Editor has been disabled by administrator လို့ ပြောပါလိမ့်မယ်ဗျာ။ C:\windows\system32 ထဲမှာလဲ ၀င်နေပြီဗျား၊ ဒါနဲ့ start menu,runထဲမှာREGaddHKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /t REG_DWORD /d 0 /f ရိုက်ထည့်ပြီး run လိုက်တော့ regedit ပြန်ပြီးအလုပ်လုပ် လာတယ်ဗျ၊ Floder Option အတွက်တော့ HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\ExplorerHKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer ကိုဖွင့်ပါ အဲဒီကိုရောက်ရင်တော့ Folder Option ထဲက Virus ရှိလျင်ဖေါ်ပြနေကြအတိုင်း right-side panel ထဲမှာ No Folder Option ဆိုတဲ့ DWORD Value Name ကိုတွေ့ ပါလိမ့်မယ်ဗျာ၊ အဲဒါကို Delete လုပ်ပြီးရင်တော့ Tool Menu ထဲမှာ Folder Option ပြန်ပေါ်လာပါတယ်။ ဘယ်လိုလုပ်ရမလဲလို့ လိုက်ရှာကြည့်လိုက်တော့ အောက်က software ကိုသွားတွေ့ တယ်ဗျာ။

အဲဒီ software ကိုသုံးပြီး scan စစ်ကြည့်လိုက်ရင်တော့ mgy.exe malware ကို detect ဖြစ်တယ်ဆိုတဲ့အကြောင်းသတင်း ပို့ ပါလိမ့်မယ်၊ removal လုပ်မယ်ဆိုရင်တော့ Activation key ကိုတောင်းပါလိမ့်မယ် သဘောကတော့ ၀ယ်ခိုင်းတာပါ။လက်ရှိကတော့ရှင်းလင်းနိုင်တာPrevxတစ်မျိုးထဲရှိတယ်လို့ဆိုပါတယ်။ ကျန်တဲ့ နောင်တော် Antivirus တွေဖြစ်တဲ့ Kaspersky တို့ Norton တို့ Mcafee , Avira အစရှိတဲ့ Antivirus တွေက Detect လုံးဝ မလုပ်နိုင်ပါဘူးခင်ဗျာ။ Prevx version 3.0 ကို တော့ PC World Magazine ရဲ့ Editor Choice လို့ ဆိုထားပါတယ်။ Key များအလကား ရမလားလို့ ကျွန်တော် ရှာကြည့်သေးတယ် မတွေ့ ပါဘူးဗျာ။ Key အလကားရှာတဲ့သူတွေကတော့ အများကြီးဘဲဗျ။

နောက်တော့ရှာရင်းဖွေရင်းကနေTrjsetup681.exeလေးကိုတွေ့တော့စမ်းကြည့် လိုက်တာသိပ်အခြေအနေမဆိုးသေးလို့လားမသိဘူးအဆင်တော့ပြေသွားပါတယ်ဗျာ။အပေါ်ကsoftwareကိုဝယ်သုံးရမှာဝယ်မသုံးချင်ဘူးဆိုရင်တော့trjsetupလေးနဲ့ စမ်းကြည့်လိုက်ပါ။Googleမှာရှာလိုက်ရင်လွယ်ပါတယ်linkတွေအများကြီးပါကြိုက်တဲ့ Link ကနေ download ချပြီးစမ်းကြည့်လိုက်ပါဗျား။

ref:http://www.icrawl.org/54638352678-mgy-exe-virus

0 comments:

Post a Comment