Home » » Hot to Recover Grub2 {Linux}

Hot to Recover Grub2 {Linux}

စောလင်းနက်စ်

Window နဲ့ Linux {Dual Boot} နှစ်မျိုးတင်ထားတဲ့ ကွန်ပျူတာများ Window Installing
တင်ပြီးတဲ့နောက် Linux ဖက်က ပြန်မတက်လာတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကတော့
Grub ကြောင့်ဖြစ်ပါတယ်။ ကျနော်လဲ အဲဒီအတွက်နဲ့ လွယ်တယ်ဆိုပေမယ့် တော်တော်
အချိန်ပေးလိုက်ရတယ်။


အဲဒီ Grub ပြန်ပေါ်အောင် လုပ်နည်းလေးကတော့ live CD of Ubuntu Karmic (Lucid will
work too – or any other Linux distribution which uses Grub2) လိုအပ်မှာဖြစ်ပါတယ်။
သို့သော် ကျနော်က Linux Mint သုံးတယ်ဆိုတော့ သူ့ CDနဲ့ပဲ ပြန်ပြီး Grub ပေါ်အောင်
လုပ်တယ်။

လုပ်နည်း
(၁) Terminal ကိုဖွင့်ပါ
(၂) sudo fdisk -| ရိုက်ထည့်ပြီး Enter
(၃) sudo mount /dev/sda1 /mnt ရိုက်ထည့်ပြီး Enter (sda1 ဆိုတဲ့နေရာမှာ မိမိ Linuxရဲ့
Partition ရှိတဲ့နေရာကို ရွေးရမှာဖြစ်ပါတယ်။ ဥပမာ-sda2/ sda3/ sda4/ sda5/ sda6 စ
သည်ပေါ့။ ကျနော့်ကွန်ပျူတာက sad6 ဆိုတော့ သူနဲ့ကိုက်တဲ့ sda6 ကိုပဲရွေးလိုက်ပါတယ်။
(၄) sudo grub-install -–root-directory=/mnt/ /dev/sda ရိုက်ထည့်ပြီး Enter
(5)sudo update-grub

အဲဒါတွေအားလုံးပြီးရင် မိမိကွန်ပျူတာကို Shut Down လုပ်ပါ ပြီးတော့ ပြန်ဖွင့်...
Grubအတွက် အဆင်ပြေပါလိမ့်မယ်။
မူရင်းလင့်

0 comments:

Post a Comment