Home » » Gnome Partition Editor

Gnome Partition Editor

Sawlinux

Gnome Partition Editor သည် partition ပြန်ပိုင်းတဲ့နေရာမှာ အကောင်းဆုံး tool တစ်ခု
ဖြစ်ပါတယ်။ ဒါကြောင့် ၀င်းဒိုးရှိထားပြီး computer တစ်လုံးအတွက် Linux OS ထပ်တင်ခြင်တယ်ဆိုရင်
(Dual Boot) တင်ခြင်တယ်ဆိုရင် Linux OS အတွက် partition ကြိုတင်ပိုင်းထားရမယ်။ အဲလို
လုပ်မယ်ဆိုရင် Gnome Partition Editor နဲ့ သုံးဖို့ တိုက်တွန်းချင်ပါတယ်။

Linux OS အတွက် partition ပိုင်းပုံနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်။ မသိသေးသော
ပုဂ္ဂိုလ်မျှသာရည်ရွယ်ပါတယ်။ ဥပမာ...C/ D/ Drive နှစ်ခုရှိတယ်ပေါ့ဗျာ။ အဲဒါကို Linux OS တင်ချင်
တယ်။ အရင်ဆုံး Gnome Partition CD ကို ကွန်ပျူတာထဲထည့်ပြီး boot တက်လိုက်ပါ။ Gprat
ed Screen-shoot ပေါ်တဲ့အထိစောင့်ပါ။ Gprated Screen-shoot ပေါ်လာပြီးဆိုရင် ပါတေးရှင်း
အတွက်ပိုင်းဖို့အဆင့်သင့်ဖြစ်နေပါပြီး။

ဒါကတော့ Gprated Screenshot


ကျနော်အဓိက ပြောချင်တာ Window ထဲက C/ နဲ့ D Drive နှစ်ခုထဲမှာ C Drive ကို Resize
လုပ်စေချင်တယ်။ Resize လုပ်တယ်ဆိုတာ C Drive ထဲမှာ GB ခွဲယူလိုက်တာဖြစ်ပါတယ်။ ဥပမာ..
C Drive ထဲမှာ GB 80 ရှိတယ်ဆိုကြပါစို့။ GB 40 (MB 40000)New Size=မှာ ရိုက်ထည့်လိုက်ပါ။
အဲဒါဆို C Drive ထဲမှာ GB 40 သာကျန်တော့မှာဖြစ်တယ်။ ကျန်တဲ့ ဒါမှမဟုတ် ရရှိလာတဲ့ GB 40မှာ
partition အနေနဲ့ primary partition.
Format အနေနဲ့ Linux OS အတွက် ext3 ကိုရွေးစေချင်ပါတယ်။

နောက်တစ်ခုက linux-swap အတွက်လဲ တစ်ခုထားပေးရမယ်။ အဲဒါဆို Linux OS-ext3 partition
ထဲက Gparted နဲ့ပဲ Resize ထပ်လုပ်ပေးလိုက်ပါ။ သူက မိမိကွန်ပျူတာ Ram ပမာဏထက် ၂ဆ များရ
မယ်ဆိုတော့ Rum က 500 MB ရှိရင် 1GB (1000 MB)ထားပေးလိုက်ပေါ့။ သူလဲ primary partition/
Format ကတော့ linux-swap ရွေးလိုက်ရုံပဲ။

အားလုံးပြီးလျှင် menuပေါ်က apply ကိုနှိပ်။ ခဏစောင့်၊ အိုကေပါလိမ့်မယ်။

အားလုံးချုံးကြည့်လျှင်...C/ Linux ext3/ linux-swap/ D ဆိုပြီး သဘောတရား-၄-ခုပေါ့ဗျာ။
ဒါပေမယ့် တကယ်တွေ့ရမှာက SATA အတွက် sda1/ sda2/ sda3/ sda4 စသည် ၊
IDE အတွက် hda1/ hda2/ hda3/ hda4 စသည်

Gnome Partition Editor အတွက် ဒေါင်းလုဒ်
Dawnload

Gnome Partition Editor လုပ်ဆောင်ချက်များ ကြည့်ရှုရန်
Gnome Partition Editor လုပ်ဆောင်ချက်များ ကြည့်ရှုရန်

Gnome Partition Editor ရဲ့ Screenshot (partition-ခွဲပုံများ)
Screenshot (partition-ခွဲပုံများ)

0 comments:

Post a Comment