ဒီတစ်ခုကတော့ DLL Archive လို့ခေါ်ပါတယ်ဗျာ...သူရဲ့လုပ်ဆောင်ချက်ကတော့ Window မှာရှိတဲ့ အသုံးမပြုတော့
တဲ့ Programတွေကို အထောက်အကူမပြုတော့တဲ့ DLL Files များကို လိုက်ရှာပြီး ဖျက်တဲ့ဆော့ဝဲဖြစ်ပါတယ်။ မိမိကွန်
ပျူတာမှာ ဆော့ဝဲတွေတင်ပြီး မကြိုက်တဲ့အခါပဲဖြစ်ဖြစ် တစ်ခုနဲတစ်ခုအဆင်မပြေတာပဲဖြစ်ဖြစ် ပြန်ပြီး remove ကြ
တယ်လေ။ အဲလို removeလုပ်သော်လည်း အဲဒီဆော့ဝဲလ်ရဲ့ DLL file များ မပျက်ဘဲ စက်ထဲမှာကျနေတတ်ပါတယ်။
အဲဒီအတွက် ကျနော် ဒီ DLL Archive ကို ညွန်းချင်ပါတယ်။ သူလဲ ဖရီး ယူတီးလတီဖြစ်သည့်အတွက် သုံးရတာ ဘာ
မှစိုးရိမ်စရာမရှိပါ။ နောက်ပြီး ၀င်းဒိုးဗာရှင်းအားလုံးနဲ့လည်းအဆင်ပြေတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော် DLL Files ဆိုတာ ပရိုဂရမ်အတွက်အရေးပါတဲ့ ဖိုင်တွေဖြစ်တယ်။ မမှန်မကန်ဖျက်မိရင်တော့ ၀င်းဒိုးကို သွားပြီးထိခိုက်နိုင်သည့်အတွက် သတိထားစေလိုပါတယ်။
အသုံးပြုနည်း...

(၁) အထက်ပါပုံအတိုင်း မိမိရှာလိုသော DLL Files များကို Search Buttun ကိုနှိပ်
(၂) ရှာပြီး ဖျက်ချင်တဲ့ DLL Files စာရင်းတွေ ရွေးပြီး Archive Selected ကိုနှိပ် ဒါမှမဟုတ် အားလုံးကို ဖျက်ချင်ရင်
Archive All ကိုနှိပ်
ဒါကတော့ သူရဲ့ configuration

DLL file များ Restore ပြန်ထားပုံ

Download Software
အဆင်ပြေပါစေ...
စောလင်းနက်စ်
0 comments:
Post a Comment