Home » » Network မှ တစ်ဆင့် Window တင်ခြင်း

Network မှ တစ်ဆင့် Window တင်ခြင်း


အောက်ပါပို့စ်သည် Networking နှင့် Windows Server 03 ကို အကျွမ်းတ၀င်ရှိသော Technician များ အတွက်သာ ဖြစ်ပါသည်။ စာရေးသူက မိမိအတွေ့အကြုံကို ပြောပြသည့်သဘောသာဖြစ်ပြီး How to မဟုတ်ပါ၊ Step by Step မဟုတ်ပါ။ Server 2k3 လေ့လာနေသော စာဖတ်သူများ တစ်ချိန်ချိန် အသုံးတည့်လိုတည့်ငြားဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။

သူငယ်ချင်းတစ်ယောက်က သူ့ Laptop လေး OS တင်လို့မရလို့ဆိုပြီး ကျွန်တော့်ဆီ သယ်လာတယ်။ ဘယ်လို ဖြစ်တာလဲလို့ မေးကြည့်တော့ Internel Drive က ပျက်သွားတယ်တဲ့။ အဲဒါကြောင့် External USB DVD Drive နဲ့ Boot တက်တာ ဘယ်လိုမှတက်လို့မရဘူးလို့ ပြောပါတယ်။ သူ့ Laptop က Dell Latitude လေးဆိုတော့ BIOS က နိမ့်တယ်လေ။ USB ကနေ Boot မလုပ်နိုင်ဘူး။

သူက ဘယ်လိုလုပ်ရင် ကောင်းမလဲလို့မေးပါတယ်။ စဉ်းစားကြည့်တဲ့အခါမှာ Windows က External Drive နဲ့လည်း တင်လို့မရဘူး။ Memory Stick နဲ့လည်း တင်လို့မရဘူးဆိုတော့ နည်းတစ်ခုကို ကျွန်တော် သွားသတိရပါတယ်။ MCSE Windows XP စာအုပ်ကြီး ဖတ်ခဲ့တုန်းက အဲဒီစာအုပ်ထဲမှာပါတဲ့ Network ကနေ Windows တင်တာကိုပါ။ ကျွန်တော်လည်း ဖတ်တာဖတ်ဖူးတာ။ တစ်ခါမှ မစမ်းဖူးဘူး။ အဲဒါနဲ့ သူ့ကို ကဲ ငါတို့ Network ကနေ မင်း Laptop ကို Windows လှမ်းတင်ရအောင်လို့ပြောပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော့် Desktop PC လေးမှာက Windows Server 2003 တင်ထားတာဆိုတော့ တစ်ခုတော့ အဆင်ပြေသွားပါတယ်။ သူ့ Laptop ကို Network ကနေ Boot လုပ်နိုင်၊မလုပ်နိုင် (PXE ROM ပါမပါ) စစ်ဆေးကြည့်တဲ့အခါမှာလည်း Network ကနေ Boot လုပ်နိုင်တာကို တွေ့ရပါတယ်။

ကျွန်တော့် Server ကို အရင် Configuration လုပ်ပါတယ်။ အခုလို Network ကနေ Windows တင်တာကို RIS (Remote Installation Service) လို့ သုံးနှုန်းပါတယ်။ ကျွန်တော်လည်း အဲဒါကိုပဲ ကြားဖူးပါတယ်။ RIS ကို ဘယ်လိုလုပ်ရမှန်း မသိဘူးလေ။ အဲဒါနဲ့ Help and Support ကိုဖွင့်ပြီး RIS လို့ ရိုက်ထည့်ရှာတယ်။ ပြီးတော့ ထွက်လာတဲ့ Result တွေကို ဖတ်ပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော်လုပ်လိုက်တဲ့ Configuration မှာ ပထမဆုံး Windows Server 2003 မှာ Role တွေ တင်ပါတယ်။ DHCP ရယ်၊ DNS ရယ်၊ AD ရယ်ပါ။ DHCP role တင်တဲ့အခါမှာ Gateway IP မထည့်ခဲ့ပါဘူး။ Role တွေတင်ပြီးတဲ့အခါမှာ Control Panel ထဲမှာပါတဲ့ Add/Remove Programs ထဲက Add/Remove Windows Component ကိုသုံးပြီး RIS ကို install လုပ်ပါတယ်။ install လုပ်လိုက်တဲ့အခါမှာ RIS Install Wizard ဟာ All Programs ထဲက Administrative Tools ထဲကို ရောက်သွားပါတယ်။ Drive ထဲမှာ Windows XP ခွေထည့်ပြီး အဲဒီ Wizard လေးနဲ့ Image ရိုက်ပါတယ်။ ၁၀ မိနစ်လောက်ကြာပါတယ်။

Server Configuration ကို အဲဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်။ ပြီးတော့ Laptop နဲ့ Server နဲ့ကို Switch နဲ့ Network ချိတ်ပါတယ်။ (Direct မဟုတ်ပါ) Laptop ရဲ့ Boot Sequence ထဲမှာ Network Boot ကို First ထားပါတယ်။ ပြီးတော့ Boot လုပ်ကြည့်ပါတယ်။ IP ပဲရပြီး Boot မလုပ်နိုင်ပါဘူး။ အဲဒါနဲ့ Server ရဲ့ Help ကိုဖွင့်ပြီး ထပ်ရှာကြည့်တဲ့ခါမှာ Configuration တစ်ခုကျန်တာကို တွေ့ရပါတယ်။ ဘာကျန်လဲဆိုတော့ AD Users and Computers ထဲမှာ Server က Windows တင်ပေးရမယ့် Computer ကို ထည့်ပေးဖို့ လိုပါတယ်။ အဲဒါနဲ့ Computer ထည့်ပါတယ်။ ထူးဆန်းတာက ကွန်ပျူတာထည့်တဲ့အခါမှာ Computer Name မတောင်းဘဲ GUID တောင်းတာပါ။ အဲဒီ GUID ကို ဘယ်ကယူရမယ်မှန်းမသိဘဲ ဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ Laptop ကို ဖွင့်ကြည့်တဲ့အခါမှာ သူက Network boot လုပ်နေတဲ့အခါမှာ GUID ဆိုပြီး ပြပါတယ်။ (GUID က Serial Number တွေနဲ့တူပါတယ်။ GUID တွေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့တောင် တစ်ခုနဲ့တစ်ခု မထပ်ဘူးလို့ Ebook တစ်ခုမှာ ဖတ်ခဲ့ဖူးတယ်။ Hardward ပစ္စည်းတွေမှာလည်း GUID သုံးသလို စာဖတ်သူ ကွန်ပျူတာထဲမှာ ရှိနေတဲ့ Program တွေမှာလည်း GUID ကိုယ်စီရှိပါတယ်။)

အဲဒါနဲ့ Laptop ရဲ့ GUID ကို Server မှာ ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ ရလောက်ပြီ အထင်နဲ့ Laptop ကို Network ကနေ Boot လုပ်ခိုင်းပါတယ်။ အဲဒီအခါမှာ Error က ဘယ်လိုတက်သလဲဆိုတော့ No Boot File Found ဆိုပြီး တက်ပါတယ်။ အဲဒါနဲ့ DHCP ထိုင်တိုင်း Boot File ဆိုတာလေးကို တွေ့ဖူးသလိုလိုရှိတာကို မှတ်မိပြီး Server စက်ရဲ့ DHCP ထဲ မွှေကြည့်တဲ့အခါမှာ Boot File ဆိုတာလေးကို တွေ့ပါတယ်။ သူ့ကို အမှန်ခြစ်လေးခြစ်ပြီး Value တစ်ခု ထည့်ပေးလိုက်ပါတယ်။ သူက String value မို့ xp ဆိုပြီး ပေးကြည့်ပါတယ်။

Laptop ကနေ Boot လုပ်လိုက်ပါပြီ။ ဟော အပြာရောင် Screen ကြီးနဲ့ Windows Setup ကြီး ပေါ်လာတဲ့အခါ မှာတော့ ကျွန်တော်တို့နှစ်ယောက် ထခုန်မတတ် ၀မ်းသာသွားခဲ့ကြပါကြောင်း....

IT Men + http://itmen.myanmarbloggers.org/

0 comments:

Post a Comment