Home » » Windows 7 Installation ထည့်သွင်းနည်း

Windows 7 Installation ထည့်သွင်းနည်း



ဘာရယ်တော့မဟုတ်ပါဘူး။ အားတာနဲ့ မိမိသိထားတဲ့အကြောင်းအရာလေးတွေကိုလိုအပ်မည့်ပုဂ္ဂိုလ်တွေအတွက် ၀င်းဒိုး 7 အင်စတောထည့်သွင်းနည်းလေးရေးလိုက်အုံးမယ်။ Windows 7 Installation ထည့်သွင်းနည်းက အင်္ဂလိပ်လို
ရေးထားတဲ့ဆိုက်တွေအများကြီးပေါ့ဗျာ။ ဒါမေပယ့် မြန်မာလိုသိပ်မတွေ့သေးတာနဲ့ရေးလိုက်အုံးမယ်လေ။ မြန်မာလိုရေးပြီး
သားဆိုက်တွေလည်းရှိမှာပါ။ ကျနော်မတွေ့တာလဲဖြစ်မယ်။ ဘာဖြစ်လေ ရေးသားချင်းစတိုင်လ်သာမတူနေမှာသဘော
တရားကတော့ အတူတူပါပဲ။ ဒီနေရာမှာ အင်စတောထည့်သွင်းနေစဉ် ပါတေးရှင်းပိုင်းပုံလေးပါ အသေးစိတ်ထည့်သွင်း
ဖေါ်ပြပေးသွားမှာဖြစ်တယ်။ သိပြီးသား ပုဂ္ဂိုလ်များအတွက်မထူးပေမယ့် မသိသေးသောပုဂ္ဂိုလ်များအတွက်တော့အတိုင်း
တာတစ်ခုထိတော့ အကျိုးရှိလိမ့်မယ်မျှော်လင့်ပါတယ်။

Windows 7 Installation ထည့်သွင်းနည်းကိုသိရင် Window Vista Installation ထည့်သွင်းနည်း
ပါသိသွားတာပေါ့။

တကယ်တော့ဝင်ဒိုးအင်စတောလုပ်တယ်ဆိုတာ တစ်ချို့လုပ်နေကျမဟုတ်တော့ အတော်ခက်တယ်လို့ထင်ကြပါတယ်။
အဓိကအချက်က လက်တွေ့လုပ်ဆောင်ဖို့ပါပဲ။ တစ်ချို့နေရာမှာအခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ…Boot
Set up တက်ဖို့ နှိပ်ရမည့် ကီးဘုတ်ပေါ်က ကီးတွေဟာ စက်ရဲ့အမျိုးအစားလိုက်တစ်လုံးနဲ့တစ်လုံးမတူပါဘူး။
အများစုက F2, Delete ကီးတွေနှိပ်ရပါတယ်။ HP Compaq စက်တွေမှာ အများအားဖြင့် F10, နှိပ်ပြီး သူ့ရဲ့
Boot Priority ကိုရှာပြီး first boot device ကို ၀င်ချိန်းရပါတယ်။ ဒါကတော့ အ ကြမ်းဖျင်းအနေနဲ့
ပြောတာပါ။ အဓိကအားဖြင့် Boot Set up ၀င်ဖို့ရန် နှိပ်ရမည့်ကီးကိုသိချင်ရင် မိမိ စက်ဖွင့်ဖွင့်ချင်း ပေါ်လာတဲ့
screen မှာညွန်ပြလေ့ရှိပါတယ်။
အဲဒါကိုကြည့်ပြီး Boot Set up ကို ၀င်ရပါတယ်။ တစ်ချို့စက်တွေမှာ မိမိစက်ဖွင့်ဖွင့်ချင်းပေါ်လာတဲ့ screen မှာ
ဘယ်ကီးနှိပ်ရမလဲဆိုတာ တွေ့ဖို့အင်မတန်မျက်စိလည်စရာကောင်းပါတယ်။ အဲလိုဆိုရင် စက်ဖွင့်ဖွင့်ချင်း ဒါမှမဟုတ်
Restart ထပ်ခါလုပ်ပြီး F2, Delete, F10, စသည် တစ်ခုချင်းလိုက်စမ်းကြည့်ပါ။ တစ်ခုခုတော့ Boot Set
up menu ပေါ်လာပါလိမ့်မယ်။

ဥပမာ-
AMI - F1, Del, Ctrl+S
AST - Ctrl+Alt+Esc
Award - F1, F2, Del, Ctrl+Alt+Enter
Compaq- F10
Phoenix - F2, Ctrl+Alt+Esc, Ctrl+Alt+R, Ctrl+Alt+Ins, Ctrl+Alt+Q, Ctrl+Alt+F1, Ctrl+Alt+(+), Ctrl+Alt+(-)
IBM - PS1 Ctrl+Alt+I အစရှိသည်ဖြင့် ကွဲပြားနိုင်ပါတယ်။

ကဲ…ဒါဆို ( CD/DVD Drive နဲ့ အင်စတောထည့်သွင်းနည်းကို ) စကြရအောင်….
ဝင်းဒိုး 7 DVD ခွေကို ကွန်ပျူတာ CD/DVD Drive ထဲသို့ ထည့်လိုက်ပါ။
ပြီးတော့ စက်ကို Restart ချပါ။ စက်ပြန်တက်လာတာနဲ့ မိမိစက်မှာ Boot Set up ၀င်ရမည့် အထက်
ပါကီးတစ်ခုခုကိုနှိပ်ထားပါ။
Boot Sep up menuကို ၀င်လိုက်။ First Boot Device မှာ CD Room ကို ရွေးပါ။ ပြီးတော့
F10 ကို နှိပ်ပြီး Enter ခေါက်။ (ဒီနေရာမှာလည်း တစ်ချို့စက်က Y/N တို့ပေါ်လာတတ်ပါတယ် အခြေအနေ
ကြည့်ပြီး save ဖို့ Y ကိုသာနှိပ်)
ခဏကြာ Press Any Key…….ဆိုပြီးပေါ်လာပါလိမ့်မယ်။ ချက်ချင်း Enter ကိုခေါက်ပါ မနောက်ကျ
စေနဲ့ (နောက်ကျတာနဲ့ ၀င်းဒိုးဟောင်းတက်လာမယ်)


အဆင့် (၁)
ပထမအဆင့်တွေ့ရမယ့်ပုံက ၀င်းဒိုးဖိုင်တွေစတင်စစ်ဆေးပြီး ထည့်သွင်းမှုကိုလုပ်ဆောင်တဲ့ပုံဖြစ်ပါတယ်။
ထိုင်ကြည့်ရုံပါပဲ။အောက်ကပုံအတိုင်း...


အဆင့် (၂)
ဝင်းဒိုး 7 Starting sreen ပုံပေါ်လာတာတွေ့ရပါလိမ့်မယ်။ ဒါလဲ ထိုင်ကြည့်ရုံပါပဲ။
အောက်ကပုံအတိုင်း…


အဆင့် (၃)
မိနစ်အနည်းငယ်အကြာ ၀င်ဒိုးအင်စတောပြုလုပ်မည့် language စသည် ရွေးချယ်ရန် ၀င်းဒိုး Prompt ပေါ်လာမည်။ ရှိတဲ့အတိုင်းထားပြီး Next ကိုနှိပ်။
အောက်ကပုံအတိုင်း..


အဆင့် (၄)
နောက်ပြီး အင်စတောထည့်သွင်းဖို့ Install Screen ပေါ်လာလိမ့်မယ်။ Install ကိုသာ နှိပ်ပါ။
(အောက်က Repair your window ဆိုတာ မိမိက Recovery cd, System Restore Image,
Window cd တွေကို Restore ပြန်လုပ်ချင်တယ်ဆိုရင် အဲဒီ Repair your window
ဆိုတာကို နှိပ်ရပါမယ်။ ဒီနေရာမှာတော့ မလိုပါဘူး။ Install ကိုသာ နှိပ်ပါ။
အောက်ကပုံအတိုင်း…


အဆင့် (၅)
Accept the license terms, Screen ပါပဲ။ accept ကို တစ်ခြစ်ပြီး Next ကိုသာဆက်နှိပ်။
အောက်ကပုံ


အဆင့် (၆)
နောက်တစ်ဆင့်တွင် ၀င်းဒိုးအင်စတောထည့်သွင်းမည့် အမျိုးအစားကိုရွေးချယ်ဖို့ပါပဲ။ Upgrade နဲ့ Custom
နှစ်ခုတွင် Custom ကိုသာရွေးပါ။ ဘာဖြစ်လို့လဲဆိုတော့ HDD အသစ်ကိုပါတေးရှင်းခွဲမှာဖြစ်သည့်အတွက်
Custom ကိုသာရွေးပြီးနှိပ်ပါ။
အောက်ကပုံ…


အဆင့် (၇)
ဒီအဆင့်မှာ ဘယ်နေရာတွင်ဝင်းဒိုးအင်စတောလုပ်မလဲဆိုတဲ့ Screen ပေါ်လာမှာဖြစ်ပါတယ်။ အခုပြ
နေတဲ့ပုံက GB 40 ရှိတဲ့ HDD တစ်လုံပေါ့။ Unallocated Space ပြသောအားဖြင့် ပါတေးရှင်းမပိုင်းချင်ဘူးဆိုရင် Next ကို နှိပ်လိုက်တာနဲ့ Installation စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ဒီနေရာမှာ သိထားရမှာက အကယ်၍ ၀င်းဒိုးတင်ထားတဲ့ HDD တစ်လုံးဆိုရင် C/ D Drive တွေကို
(a)partition 1
(2)partition 2
(3)partition 3 စသည် ဆိုပြီး ပေါ်နေမှာဖြစ်ပါတယ်။ အဲလိုအနေအထားမျိုးမှာ (2)partition 2
(3)partition 3 ပါတေးရှင်းအသစ်ပြန်ပိုင်းချင်ရင် select တစ်ခုစီပေးပြီး Delete, New, Format အစဉ်အတိုင်းလုပ်ဆောင်ရတော့မည်ဖြစ်တယ်။

အခုက GB 40 ရှိတဲ့ Unallocated Space HDD ဆိုတော့ delete လုပ်စရာလိုမည်မဟုတ်ပါ။ ဒါဆို အောက်ကပုံမှာပါရှိတဲ့ Drive option (advance) ဆိုတာကို နှိပ်။


အဆင့် (၈)
ထိုနောက် function bottom အမျိုးမျိုးတွေ့ပါလိမ့်မယ်။ပါတေးရှင်းအသစ်ပိုင်းမှာဖြစ်သည့်
အတွက် New ကိုဆက်နှိပ်ပါ။ အောက်ကပုံအတိုင်း…


အဆင့် (၉)

နောက် screen တစ်ခုမှာ size ဘောက်စ်အတွင်းမှာ မိမိပိုင်းချင်တဲ့ပါတေးရှင်းကို MB အရေအတွက်
ရိုက်ထည့်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ GB နဲ့ MB အရေအတွက်ဆိုတာက 1GB ဆို MB 1000GB 20 ဆိုရင်
MB 20000 ပေါ့ဗျာ။ ဘယ်နှစ်ပိုင်း ပိုင်းချင်လဲ မိမိပေါ်မူတည်ပါတယ်။ ပိုင်းချင်တဲ့ပါတေးရှင်းအရေအတွက်ကို
ကိုယ့်မှာရှိတဲ့ ဟတ်ဒစ် MBနဲ့ စား လိုက်ပေါ့။ ဥပမာ…MB 40000 ကို 2 နဲ့စား
လိုက်ရင် ၂၀၀၀၀ ဆီ ဖြစ်သွားမယ်လေ။ ကဲ…ဒါဆို size အကွက်ထဲမှာ မိမိထည့်မယ့် HDD ရဲ့ MB ကိုရိုက်ထည့်။
ပြီတော့ apply ကိုနှိပ်။


အဆင့် (၁၀)
ထိုနောက် Window Features မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ရန် ၀င်းဒိုးက System file အတွက် additional partition တစ်ခု ဖန်တီးပေးမှာဖြစ်ကြောင်း Massage box တစ်ခုပေါ်လာမယ်။ အဲဒါက
Window 7 Reserved partition လို့လဲခေါ်ပါတယ်။ MB 100 လောက်ရှိပါတယ်။ OK ကိုနှိပ်။


အဆင့် (၁၁)
အခု အောက်ပါပုံအတိုင်း ပိုင်းပြီးသားပါတေးရှင်း (၃) ခုရှိတာ တွေ့ရမှာဖြစ်ပါတယ်။
(၁) Disk partition 1, reserved partition
(2) Disk partition 2, primary partition
(3) Disk partition 3, unallocated partition
ဒီနေရာမှာ အဓိကသိထားရာမှာက ၀င်းဒိုးတင်ရမည့် ပါတေးရှင်းပဲဖြစ်ပါတယ်။ Disk partition 2, primary partition မှာ ၀င်းဒိုးတင်ရမှာဖြစ်ပါတယ်။ Disk partition 2, primary partition ၀င်းဒိုး
ထည့်သွင်းရမှာဖြစ်သည့်အတွက် Disk partition 2, primary partition ရွေးပြီး Format ကိုနှိပ်ပါ။
Data တွေ ပျက်ဆီးနိုင်ကြောင်း သတိပေးမက်စေ့ဂ်ျဘောက်စ်ပြားပေါ်လာမည်။ OK နှိပ်။

နောက်ပြီး (3) Disk partition 3, unallocated partition ကိုလည်း ဒီနေရာမှာ Format တစ်ခါတည်းချင်ရင် Disk partition 3, unallocated partition ကိုရွေးပြီး Format ကိုနှိပ်ပါ။
မက်စေ့ဂ်ျဘောက်စ်ပြားပေါ်လာရင် OK ကိုသာနှိပ်။

အားလုံးပြီးလျှင် ၀င်းဒိုးကို Disk partition 2, primary partition မှာတင်မှာဖြစ်သည့်အတွက် Disk partition 2, primary partition ကို ပြန်ရွေးပြီး Next ကိုဆက်နှိပ်ပါ။


အဆင့် (၁၂)
Next ကိုနှိပ်ပြီးတာနဲ့ ၀င်းဒိုး 7 ထည့်သွင်းမှုကို စတင်ပါလိမ့်မယ်။ ၀င်းဒိုး DVD ကနေ HDD ထဲကို ၀င်းဒိုး မီဒီယာဖိုင်စတင်ထည့်သွင်းမှုကိုစတင်နေပါပြီ….ဒီအချိန်ကပြီး ဘာမှလုပ်စရာမလိုတော့ပဲအေးဆေးအနားယူလို့ရပြီ။


အဆင့် (၁၃)
ကွန်ပျူတာရဲ့ Operation System အတွက် လိုအပ်တဲ့ Update တွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါလဲ ဘာမှလုပ်စရာမလိုပါဘူး။ ကြည့်နေရုံပါပဲ။


အဆင့် (၁၄)
ပြီးတော့ ဒီအဆင့်မှာ ကွန်ပျူတာက Automatic Reboot အလိုလို Restart ချပါလိမ့်မယ်။ ပြန်တက် ရင် Press any key …..ဆိုတာကို ဘာမှမနှိပ်ပါနဲ့။ နှိပ်မိရင် အစကနေပြန်စပေတော့။
ဒီအတိုင်းပဲကြည့်နေပါ….



အဆင့် (၁၅)
အချိန်နည်းနည်းကြာပြီး ၀င်းဒိုးက Reboot နောက်တစ်ကြိမ်ထပ်ပြီး အလိုလို Restart ချပါလိမ့်မယ်။

အဆင့် (၁၆)
အောက်ပါပုံအတိုင်း ၀င်းဒိုး screen တက်လာမှာဖြစ်ပြီး ထိုနောက် username and the computer's name ရိုက်ထည့်ဖို့ screen ထပ်ပေါ်လာမှာဖြစ်ပါတယ်။ User name, Computer name တို့ကို ရိုက်
ထည့်လိုက်ပြီး Next ကိုဆက်နှိပ်



အဆင့် (၁၇)
မိမိကွန်ပျူတာရဲ့ password ထားချင်ရင် ရိုက်ထည့်ပေါ့။ မထားချင်ရင် ဘာမှမရိုက်ပဲ Next ကိုပဲနှိပ်။


အဆင့် (၁၈)
ဝင်းဒိုး CD Key ကိုထည့်ရမယ်။ မိမိ ၀င်းဒိုး စီဒီက Genuine ဖြစ်ရင်တော့ ကီးထည့်ပေါ့။ ကော်ပီ ၀င်းဒိုးဆိုရင် ဘာမှမရိုက်ထည့်ပါနဲ့ automatically active when I m online လေးထောင့်ကွက်
လေးကို တစ်ခြစ်ထားကို ဖြုတ်ပြီး Next ကိုဆက်နှိပ်။


အဆင့် (၁၉)
နောက်တစ်ဆင့်က use recommended setting ကိုသာရွေးပြီး နှိပ်ပါ။


အဆင့် (၂၀)
ဒါကတော့ Date, time zone တွေကို ရွေးဖို့ဖြစ်ပါတယ်။ မိမိနေထိုင်ရာနိုင်ငံရဲ့နေရာ၊ အချိန်တွေကို ရွေးပြီး Next ပေါ့။


အဆင့် (၂၁)
နောက်တစ်ဆင့်က မိမိအသုံးပြုတဲ့အင်တာနက် location ကိုရွေးဖို့။ တစ်ခုခုကိုရွေးလိုက်ပါ။ ကျနော်က Home Network ကို ရွေးလိုက်တယ်။


အဆင့် (၂၂)
ကဲ…အားလုံးပြီးပါပြီခင်ဗျာ….အောက်ကပုံတွေကတော့ ၀င်းဒိုးရဲ့နောက်ဆုံးထည့်သွင်းမှုနဲ့ ၀င်းဒိုး
7 Desktop ပုံတွေ စတင်ပေါ်လာပါပြီ ၀င်းဒိုး 7 အင်စတောထည့်သွင်းမှုတွေဒီမှာတင် အားလုံးအပြီး
သို့တိုင် ရောက်ခဲ့ပါပြီ။ ။





(၀င်းဒိုး စီဒီခွေကိုထုတ်ပြီး Driver CD ထည့်ပြီးတော့ မောင်းပေးတော့၊ မ၇ှရင် အင်တာနက်မှာရှာပြီး
ဒေါင်းလုဒ်၊ အင်စတောပေါ့။)

မှတ်ချက်...တစ်စုံတစ်ခုမှားယွင်းမှုရှိခဲ့သော် ကျနော့ရဲ့ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပါတယ်ခင်ဗျာ...

အားလုံးပျော်ရွင်ပါစေ….

စောလင်းနက်စ်

0 comments:

Post a Comment