Home » » Windows 7 - Notification Area Icons

Windows 7 - Notification Area Icons

How to Hide or Show System Icons and Notifications in Windows 7

အခုတလောအချိန်ရရင် ကွန်ပျူတာအကြောင်းလေးတွေပို့စ်အဖြစ်တင်တယ်။ တတ်လို့သိလို့တော့မဟုတ်။
ဒါပေမယ့် စာရေးတယ် စာဖတ်တယ်ဆိုတာ စိတ်အာရုံငြိမ်စေတာလဲပါတာပေါ့။ ကျနော်ကအားရင် ကွန်ပျူ
တာအကြောင်းတွေကို အဓိကထားဖတ်ဖြစ်တယ်။ မြန်မာဆိုက်ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်ဆိုက်ပဲဖြစ်ဖြစ် စိတ်ဝင်
တစားဖတ်ပါတယ်။ သူတို့ကို ကျနော် သင်တန်းကျောင်းလိုဘဘောထားပြီး လေ့လာဖတ်ရှုပါတယ်။
ဒါကြောင့် Window 7 Forum ကနေဖတ်ရင်း အခြခံလိုအပ်သောကျနော့်လိုပုဂ္ဂိုလ်များအတွက်ရှယ်လိုက်
အုံးမယ်။ သိရင်ကျော်သွားပေါ့ဗျာ...

အခုရေးမယ့်အကြောင်းကတော့...How to Hide or Show System Icons and Notifications in Windows
7...၀င်းဒိုး7 မှာရှိတဲ့ System Icons နဲ့ Notifications များကို ပေါ်စေချင်တာဖြစ်စေ၊ မပေါ်စေချင်တာဖြစ်စေ
လုပ်ဆောင်နည်းပဲဖြစ်ပါတယ်။ တကယ်တော့ System icon အသီးသီးဟာ (၁) show notifications, (၂)
Show iconand notifications, (၃) Hide icon and notifications, (၄) Always show all icons ဆိုပြီး
taskbar အပေါ်မှာ အားလုံးပြုလုပ်လို့ရပါတယ်။ အောက်ပါပုံသည် taskbar ပေါ် notifications area မှာ
ရှိတဲ့ System iconတွေပဲဖြစ်ပါတယ်။ taskbar/ notifications areaပေါ်မှာရှိတဲ့ arrow ကိုနှိပ်လိုက်ရင် Sy
stem iconတွေတွေ့နိုင်ပါတယ်။


Through Notification Area Icons Settings (Notification Area မှ Icon အတွက်ပြင်ဆင်ခြင်း)
taskbar/ notifications area မှ တြိဂံမျှားလေးကိုနှိပ်၊ ပြီးတော့ Customize ကိုနှိပ်


ဒါမှမဟုတ် Control Panel (All Items View)ကိုဖွင့် Notification Area Icons ကိုနှိပ်
Customize ဆက်နှိပ်ပါ


ဒါမှမဟုတ် taskbar ပေါ်မှာ Rightclick ကိုနှိပ် ဆက်ပြီး Properties ကိုနှိပ် ထိုနောက် Customize ဆက်နှိပ်ပါ။ အောက်ပါ Select whichicons and notificatins appear on the taskbar ဆိုတဲ့ screenshot ပေါ်လာတာတွေ့ရမှာဖြစ်ပတယ်။
Select which icons and notificatins appear on the taskbar

အထက်ပါပုံကိုကြည့်ပြီး အောက်အချက်အလက်များအားလုံးလိုသလိုပြုပြင်ရအောင်....
(၁) To Always Show All System Icons and Notifications
All System Icons နဲ့ Notifications အားလုံးပေါ်စေချင်လျှင် Always show all icons on the taskbar
box ကို တစ်ခြစ်လိုက်ပါ။

(၂) To Show a System Icon and it's Notifications
System Icon သူ့ရဲ့ Notificationကိုသာ ပေါ်စေချင်လျှင် Always show all icons on the taskbar
box တွင် အမှန်ခြစ်ကိုဖြုတ်လိုက်။ ထိုနောက် behavior dropdown အလိုက်လိုချင်တာကိုပြင်ပြီး Show
icon and notifications ကလစ်ခ်၊ Ok

(3) To Hide a System Icon and it's Notifications
System Icon သူ့ရဲ့ Notificationကို မပေါ်စေချင်လျှင် Always show all icons on the taskbar
box တွင် အမှန်ခြစ်ကိုဖြုတ်။ behavior dropdown အလိုက်ပြင်ပါ ထိုနောက် Hide icon and notifi
cations ကိုနှိပ်ပြီး OK

(၄)To Only Show a System Icon's Notifications
System Icon's Notifications လေးတွေ ပေါ်စေချင်လျှင် Always show all icons on the taskbar
box တွင် အမှန်ခြစ်ကိုဖြုတ်ပါ။ behavior dropdown အလိုက်ပြင်ပါ AOnly show notifications ရွေးပြီး
Ok

(၅) To Restore the Default System Icons Behaviors
System Icon နဲ့ Notification အရင်အတိုင်း ပြန်ပေါ်စေချင်လျှင် Restore default icon behaviors link
ကို ကလစ်ခ်နှိပ်ပြီး OK

တကယ်တော့ ကျနော်ရေးခဲ့တာတွေသည် ပိုပြီးရှုပ်ထွေးသွားနိုင်တယ်။ Select which icons and notifi
catins appear on the taskbar ရဲ့ screenshot ကိုကြည့်ပြီး လိုက်စမ်းမယ်ဆိုရင် ပိုပြီးတောင်အထောက်
အကူဖြစ်စေနိုင်ပါတယ်။ နောက်ဒီပို့စ်ကို့ပဲ System Icon နဲ့ Notificationအတွက် reg. file နဲ့ registry
တို့မှ ပြင်ဆင်ချက်တွေကိုဆက်လက်တင်အုံးမှာဖြစ်ပါတယ်ခင်ဗျား....

Original Link

အားလုံးပျော်ရွင်ပါစေ...

စောလင်းနက်စ်

0 comments:

Post a Comment