Home » , » Reset Windows PW from Ubuntu Live CD

Reset Windows PW from Ubuntu Live CD

အရင်တစ်ခါက Window 7 password ကို Linux နဲ့ ဖြုတ်မယ်ဆိုတာ ရေးခဲ့ပါတယ်။ အခုတစ်ခါ ကျန်တဲ့ဝင်းဒိုး
password ကို Linux Ubuntu ဖြုတ်တဲ့နည်းကိုထပ်ပြီးဖေါ်ပြလိုက်ပါတယ်။
ဒီပို့စ်သည်မြန်မာမိသားစုဖိုရမ်မှ ကိုကျောက်ဖြူ pdf ဖိုင်နဲ့ တင်ထားတဲ့ပါတယ်။ မြန်မာမိသားစုဖိုရမ်မှာ ကိုကျောက်ဖြူ၊ ကိုKzntတို့ ရေးတဲ့ Linux Ubuntu အကြောင်းတွေကို ကျနော်အမြဲဖတ်ဖြစ်ပါတယ်။ ဒီ pdf ဖိုင်ဟာ convert လုပ်တာအဆင်မပြေတာနဲ့ ကိုယ့်ကိုပြန်ပြီးEdit လုပ်ထားလိုက်တယ်။ အင်မတန်အကျိုးများတဲ့ topic တစ်ပုဒ်ဖြစ်ပါ
တယ်။ Linux အကြောင်းတွေကို သိချင်ရင် ဒီဆရာတို့နဲ့ကင်းလို့မရပါဘူး။ ကဲ…လုပ်ကြည့်ရအောင်…

ကျနော်တို့မှာ Ubuntu Desktop Edition ခွေတစ်ခွေရှိတယ်ဆိုကြပါစို့။ ဒါမှမဟုတ်ရင်လဲFlash Drive တစ်ခုရှိတယ်ဆိုကြပါစို့။ ဒါဆိုရင် Window password ကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးချတတ်ဖို့ program
(package) တစ်ခုလိုပါလိမ့်မယ်။ အဲဒါကတော့ chntpw လို့ခေါ်ပါတယ်။ 32-bit/ 64-bit နှစ်ခုလုံးမှာ
install လုပ်တာ ကွဲပြားမှုတွေရှိတဲ့အတွက် တစ်ခုချင်းစီခွဲပြီး ပြုလုပ်ကြရအောင်…

Installation 32-bit

Ubuntu Desktop Edition ခွေကို Drive ထဲထည့်လိုက်ပြီး boot တက်လိုက်ပါ။ ခဏစောင့် ကျနောတို့က
Live အနေဖြင့် သုံးမှာမို့လို့ Try it ကို နှိပ်လိုက်ပါ။ ဒါဆို အောက်မှာပြထားသ လိုမျိုး Live ထားတဲ့ Gnome
Desktop ကိုမြင်ရပါ့မယ်။ အဲဒီမှာ…

System>Administration> Synaptic Package Manager ဆိုပြီး သွားပါမယ်။



Synaptic Package Manager ကိုရောက်ရင် Settings > Repositories ကိုနှိပ်ပါ၊၊


အောက်ကပုံလိုမျိုး Community-maintained Open Source software (universe) ဆိုဒါကို check
ပေး Select ပေးပြီး close လုပ်ပါ ၊၊


ပြီးရင် ကျနော်တို့ Synaptic Package Manager မှာ ဘယ်ဘက်က Reload ကိုပေးလိုက်ပါ။



အင်တာနက်ရလျှင် အောက်ပါလိုမျိုးအလိုအလျှောက် ဒေါင်းလုဒ်ချသွားမှာဖြစ်ပါတယ်။



အင်တာနက်မရှိလျှင် 32-bit အတွက် အောက်ပါ (Deb package) ကို ဒေါင်းလုဒ်ရယူထား နိုင်ပါတယ်။
Double Click နှိပ် သွင်းလိုက်ရုံပါပဲ။

http://packages.debian.org/sid/i386/chntpw/download

တနည်းနည်းနဲ့ ရယူသွားပြီးဆိုလျှင် Synaptic Package Manager ရဲ့ Quick Search မှာ chntpw
ဆိုပြီးရှာလိုက်ပါ၊၊


အောက်ကပုံမှာလိုမျိုး chntpw ရဲ့ ဘေးက checkbox ကို Right click ထောက်လိုက်ရင် Mark for Installation ဆိုဒါကိုရွေးလိုက်ပါ။


Install လုပ်မှာသေချာလို့ apply ပေးပါ့မယ်။


Accept the changes လုပ်မှာလားဆိုတဲ့အတွက် ထပ်ပြီး apply လုပ်ပါ့မယ်။

ဒါဆိုအထက်ပါအတိုင်းလုပ်ဆောင်ဒါပြီးသွားပြီးဆိုရင် ပြည့်စုံပါပြီ သက်ရောက်မှုရှိပါပြီဆိုပြီး အောက်ကလိုမျိုး close ပေးလိုက်ပါ။




Chntpw ကို install လုပ်တာပြီးသွားလို့ Synaptic Package Manager ကိုပိတ်လိုက်ပါ၊၊ ပြီးရင် Using
chntpw to reset your password လုပ်ရအောင်။ ဒါကတော့ 32-bit အတွက်ပါ။ နောက်တစ်ခုကျန်တဲ့
64-bit အတွက် ဆက်လုပ်ကြရအောင်။ အားလုံးပြီးမှပဲ အသုံးချနည်းကို ဆက်ဆွေးနွေးကြတာပေါ့။

Installation: 64-bit
32-bit မှာလိုမျိုး Ubuntu’ universe repository ကနေ chntpw ကို 64-bit မှာအလုပ်မ
လုပ်အတွက် Download ရယူရပါမယ်။် Ubuntu Live CD environment ကနေ Mozilla Browser
ဖွင့်ပါ့မယ်။



ပြီးရင် အောက်ဖေါ်ပြပါ နေရာကိုသွားပြီး ဒေါင်းလိုက်ပါ..
http://packages.debian.org/sid/amd64/chntpw/download




မိမိနေရာဒေသအလိုက် ကြိုက်ရာ ftp လင့်ကိုနှိပ်ပြီး ( Deb Package) ဒေါင်းလုဒ်ရယူလိုက်ပါ။
(အင်တာနက်မရှိရင် ရှိတဲ့နေရာ ကြိုပြီးဒေါင်းယူထားပါ)




ဒေါင်းလုဒ်ရယူပြီးလျှင် Double Click နဲ့ သွင်းလိုက်ရုံပါပဲ။ လင်းနက်စ်သုံးနေတာလေ command လေးနဲ့မှ
ဆိုရင်လဲ Applications> Accessories> Terminal ဆိုပြီး သွားလိုက်ပါ

Terminal Window အပေါ်မှာ…

cd Downloads
sudo dpkg –i chntpw*



ဒါဆိုရင် ပြီးသွားပြီပေါ့ဗျာ။ Download ဆိုတာ မိမိရဲ့ deb တည်ရှိတဲ့နေရာပေါ့ဗျာ။ 32/64-bit machine နှစ်မျိုးလုံးပေါ်မှာ chntpw ကို ကျနော်တို့သွင်းပြီးပါပြီ။ လိုချင်တယ်ဆိုရင် deb ကို 32/64-bit အတွက်ဒေါင်းထားပေါ့။

Using chntpw to reset your password

Chntpw ကို install မောင်းပြီးတဲ့နောက် Window folder ကို mount လုပ်ပါ့မယ်။ Command လေးနဲ့
mount မနေပါနဲ့တော့ ရှည်နေပါ့မယ်။ ဘယ်ဘက်ထိပ်ပေါ်က Place ဆိုတဲ့ နေရာလေးကို cursor ထိုးလိုက်ရင် ခုလိုမျိုးမြင်နေရပါ့မယ်။ မိမိဝင်းဒိုးတင်ထားတဲ့ နေရာပေါ့။


Click နှိပ်ပြီးဖွင့်လိုက်ရင် Computer ဆိုတဲ့နေရာကို ခုလိုမျိုးမှန်၊ မမှန် စစ်ဆေးလိုက်ပေါ့ဗျာ။



ဝင်းဒိုးတင်ထားတဲ့နေရာမှန်ကန်တယ်ဆိုရင် Click နှစ်ချက်ပေးပြီးဖွင့်လိုက်ပေါ့ဗျာ။ Windows Folder ကို mount လုပ်ပြီးသားခုလိုတွေ့ရမှာဖြစ်ပါတယ်။



Mount လုပ်ပြီးသားဖြစ်လို့ Terminal ကို သုံး၍ chntpw ကို အသုံးချရအောင်။
Applications > Accessories > Terminal.



Terminal Window ပေါ်မှာ အောက်ပါ command အတိုင်း တစ်ဆင့်ချင်းသွားပါ…

cd /media
ls
cd {hard drive lable}
({hard drive lable} ဆိုတာ ကျနော် အပေါ်မှာပြောခဲ့တဲ့ ၀င်းဒိုး 7 folder ကို mount လုပ်ထားတဲ့
များပြာလှတဲ့ စာလုံးတွေကို ပြောတာပါ။ အောက်ကပုံကြည့်ရင် ရှင်းသွားပါလိမ့်မယ်။)


ခုဆိုရင် ကျနော်တို့ HDD ထဲက Window တင်ထားတဲ့ နေရာကိုရောက်နေပါပြီ။ အောက်က command လေးနဲ့ဆက်သွယ်လိုက်ပါ။

cd WINDOWS/system32/config/

ပုံ (၁၈)


change or reset the administrator password လုပ်မှာဖြစ်သည့်အတွက် အောက်က command
လေးနဲ့ ဆက်သွယ်လိုက်ပါ။

sudo chntpw SAM

ကျနော်တို့ SAM ဆိုတဲ့ file မှာ Window Registry ပါဝင်နေပါတယ်။ ကျနော်တို့ Window ရဲ့ user system
ကို အောက်ကလိုမျိုး တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြင်ဆင်လို့လဲ ရနေပါပြီ။
ပုံ (၁၉)


အပေါ်ပုံက အောက်မှာနည်းနည်းဆွဲချလိုက်ရင် user edit menu ကို အောက်ကပုံလိုမျိုး တွေ့ပါ့မယ်။ ကျနော်က password ကို clear လုပ်မှာဖြစ်သည့်အတွက် 1 ကိုရွေးပြီး y ကို ဆက်နှိပ်လိုက်ပါတယ်။



ခုဆိုရင် password clear ဖြစ်သွားပါပြီ။ ကျနော်တို့ နံပါတ် 2 ကို ရွေးခဲ့မယ်ဆိုရင် password instead
လုပ်ပြီး change မှာဖြစ်ပါတယ်။ မိမိကြိုက်ရာကို စမ်းကြည့်ပါ။



Clear ဘဲလုပ်လုပ် change ဘဲလုပ်လုပ် စိတ်ကြိုက်ဖြစ်သွားဆိုရင် အောက်က command လေးနဲ့ ဆက်သွယ်
လိုက်ပါ။

sudo chntpw –u {user name} SAM

( user name ဆိုတဲ့နေရာမှာ မိမိ ယူစားနိမ်းပေါ့ ကျနော်က kyaukphu စသည်ဖြင့်ပေါ့။ Guest ကိုသွားမယ်
ဆိုရင်လည်း အောက်ကလို ထပ်သွားလိုက်ပါ။
ပုံ (၂၂)


ဒီမှာလဲ User edit menu ပါလာမယ်။ 1 ကိုရွေးရင် clear reset ဖြစ်သွားပြီ blank ဖြစ်သွားမယ်။ 2
ကိုရွေးရင် change ဖြစ်သွားမယ်လေ။


ကဲ..ခုဆိုရင် Administrator ရော Guest ပါ ချိန်းတတ် ပြောင်းတတ်ပါပြီ။ ရှင်းပြရခဲ့တဲ့နေရာတွေမှာ ပုံကိုအား
ကိုးပြီး စမ်းစေချင်တယ်။

အားလုံးအဆင်ပြေပါစေ…

0 comments:

Post a Comment