Home » , » Windwo XP အတုကို အစစ်ဖြစ်အောင်လုပ်မယ်

Windwo XP အတုကို အစစ်ဖြစ်အောင်လုပ်မယ်

သတင်းဘက်ကို အာရုံရောက်သွားတဲ့အတွက် ပို့စ်တွေမတင်ဖြစ်တော့ဘူးဗျာ။ အခုအချိန်
ရတာနဲ့ ၀င်းဒိုးXP အတုကနေအစစ်ဖြစ်အောင်လုပ်တဲ့နည်းလမ်းလေးကို ဝေငှခြင်ပါတယ်။
ဝင်းဒိုးသုံးနေရင်းနဲ့ ဒက်စတော့ Background colorအမဲရောင်ဖြစ်သွားပြီး Task bar ပေါ်
တွင်လည်း Copy Window is not genuine, Victim 30 days ဆိုပြီးဝင်းဒိုးအစစ်ကနေ အတုဖြစ်သွားတယ်ဆိုရင် Windows WGA Patcher Permanent Kit နဲ့ ပြန်ပြီးဖြေရှင်းတဲ့နည်းလမ်းလေးပါ။

ဒီ Windows WGA Patcher Permanent Kit, activator က ၀င်းဒိုး XP ကို genuine
ဖြစ်အောင်100%/% အာမခံတယ်လေ။ အခြား activator တွေတော့အများကြီးပါ။ ဒါပေ
မယ့် ၀င်းဒိုး XP ဆိုရင် ကျနော်ကတော့ဒါပဲကြိုက်တာ။ အထက်ပါ ၀င်းဒိုးxpအတွက် ပြဿ
နာကြုံလာလျှင် ၀င်းဒိုးပြန်ပြီးအင်စတောမလုပ်ရဘဲဒီဆော့ဝဲလ်လေးနဲ့သက်တောင့်သက်
သာ ၀င်းဒိုးXP Genuine ပြန်ပြီးရနိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ReadMe file ပါပြီိး
သား သို့သော် နာမလည်တဲ့ပုဂ္ဂိုလ်တွေအတွက် ကျနော်နားလည်သလောက်ရေးပြသွားမှာပါ။

လုပ်နည်းလေး...

အရင် zip ဖိုဒါကို ဖြည်လိုက်ပါ။ ၎င်းဖိုဒါထဲမှာ keyfinder, MGADiag, wga ifx, Windows XP keygen,
WP Readme. ဆိုပြီး ဖိုင် (၅) ခုရှိပါတယ်။

(၁)
Windows XP keygen ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။ Windows XP keygen ဘောက်စ်ပေါ်လာမည်။
အဲဒီမှာ product family အကွက်တွင် WIndows XP Pro. VLK ဆိုတာကိုရွေးပါ။ ပြီးတော့ product ID
range အကွက်တွေမှာ မိမိထုတ်ချင်တဲ့ နံပါတ်ကိုရိုက်ထည့်။ ထိုနောက် generate ကို နှိပ်။ အောက်အကွက်မှာ
KEY တွေပေါ်လာမည်။ ကော်ပီကူးထားလိုက်ပါ။

(၂)
Key Finder ကိုနှိပ်ပြီးဖွင့်ပါ။ Microsoft Window ကိုနှိပ်ပြီး Option ဆက်ကိုနှိပ်။ ပြီးတော့ change wind
ow key ကိုနှိပ် အပေါ်က ကော်ပီကူးထားတဲ့ ကီးကို ထည့်လိုက်ပါ။ OK

(၃)
wag-fix ကို Run လိုက်ပါ။ ပြီးတော့ yes နှိပ်။

(၄)
MGADiag (Microsoft Genuine Validtaion Diiagnostic Tool) ကိုနှိပ်။ နောက် continue
ကိုဆက်နှိပ်။ ခဏစောင့် ပြီးရင် OK

(5)
အကယ်၍ သင့်ကွန်ပျူတာမှာ LegitControlCheck.dll, crack ဖိုင်လုပ်ထားတာရှိရင် C:\Windows\
Sytem32 တွင် ၀င်ပြီး ၎င်း LegitControlCheck.dll ဖိုင်ကို ၀င်ဖျက်လိုက်ပါ။

ကဲ ကွန်ပျူတာကို Restart ပေါ့ဗျာ...

+ ဒေါင်းလုဒ် +

Windows WGA Patcher Permanent Kit

အဆင်ပြေပါစေ...
စောလင်းနက်စ်

နောက်ပြီးပိုစုံအောင် မြန်မာမိသားစုဖိုရမ်ကနေ ကိုရဲနောင်၊ ကိုပိုင်တို့ ၀င်းဒိုး XP
Genuine
လုပ်နည်းလေးတွေပါ ထပ်ဆောင်းတင်ပေးလိုက်တယ်။

Microsoft Window XP ကို အစစ်ဖြစ်အောင်လုပ်ကြမယ်

ခုကျွန်တော် ရှင်းပြမှာကတော့ Microsoft Window XP ကိုသုံးစွဲသူတွေ ယခုအခါ
microsoft မှနေပြီး သင့်ရဲ့ window ဟာ geniue မဖြစ်ဘူးလို့ ပြလာပြီး Window Update လုပ်လို့မရတာတွေ ၊ နောက်ဆုံးပေါ်လေးတွေဖြစ်တဲ့ Window Media Player 11 ,
Internet Explorer 7 စတာတွေကို တင်မရတာတွေ ဖြစ်နေပါတယ်။ ဒီလိုဖြစ်လာတဲ့
အခါ ဘယ်လို လုပ်ကြမလဲ ဆိုတာကို ကျွန်တော် လုပ်နေကြ ပုံစံလေးအတိုင်းရှင်းပြပါမယ်။
၁။ ရှင်းပြချက် အောက်ဆုံးနားမှာ ပေးထားတဲ့ လင့်ကနေ Crack geniue_remover
လေးတွေကို ဒေါင်းလုဒ် ချလိုက်ပါ။ သူ့ကို WinRAR နဲ့ ပြန်ဖြည်လိုက်ပါ။ ပြီးရင် အဲဒီ့
Patcher လေးနှစ်ခုကို ကော်ပီယူပါ။ ကော်ပီယူပြီး C:\Windows\System 32\ ထဲကိုသွားထည့်လိုက်ပါ။နမူနာကို အောက်က ပုံလေးမှာ ကြည့်လိုက်ပါ။


၂။ ပြီးရင် နာရီပုံလေးလိုဖြစ်နေတာလေးကို အရင် runပါမယ်။ သူ့ကို run တဲ့အခါ Apply
button ကိုနှိပ်လိုက်တဲ့ အခါ Cracking Complete( ပုံမှာပြထားသလို ) ဆိုတဲ့စာလေးပေါ်
လာပါမယ်။ ဒါပေမယ့် ချက်ချင်းမပိတ် လိုက်ပါနဲ့။ ၅ စက္ကန့်လောက် စောင့်နေလိုက်ပါ


၃။ ပြီးမှ MSN အိုင်ကွန်လေးလို ဖြစ်နေတာကို run ပါ။ သူ့ကို run ပြီးတာနဲ့ ချက်ချင်း
restart ပေးဖို့မမေ့ပါနဲ့။ ဒါဆိုရင် သင် Microsoft ကနေ ကြိုက်တာအားလုံး update ,
download အကုန် လုပ်လို့ရပါပြီ။ အကောင်းဆုံးကတော့ ဒီ Patcher လေးနှစ်ခုကို
Window XP စတင်ပြီးတာနဲ့ ချက်ချင်းလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။


၎။ ခုလို လုပ်ကြည့်လို့ မှ အဆင်မပြေဘူးလား ။ ကျန်ပါသေးတယ်။ နောက်တမျိုးကတော့
Magic Registration Key လို့ခေါ်ပါတယ်။ Registration Key ကိုဒေါင်းလုဒ် ချလိုက်ပါ ၊
ဖြည်လိုက်ပါ။ ပြီးရင် run လိုက်ပါ။ run တာကလွယ်ပါတယ်။ Double Click ပေးလိုက်ရုံ
ပါပဲ။ အဲလိုပေးလို့မှ မရဘူးဆိုရင်တော့ Start Menu ---> Run မှာ regedit ဆိုပြီး ရိုက်
လိုက်ပါ။ Registry Editor Window ပေါ်လာပါမယ်။ File Menu အောက်က Import
ကိုနှိပ်ပြီး ခုန ဒေါင်းလုဒ်ချထားတဲ့ magic registration key လေးရှိတဲ့နေရာကို Browse
window ကနေသွားပြီး Open ပေးလိုက်ပါ။ Message Box တက်လာရင် Ok ပေးလိုက်
ပါ။ ဒါဆို registry key ကိုသွင်းပြီးသွားပါပြီ။ ပြီးတာနဲ့ Microsoft ကနေကြိုက်တာ ဒေါင်း
လုဒ်ချလို့ရပါပြီ။ ဒါပေမယ့် သူက ကွန်ပျူတာကို restart မပေးခင်ပဲရတာပါ။ ဒါကြောင့်
နောက်တကြိမ် Microsoft ကနေဒေါင်းလုဒ် ချချင်ရင် ၊ update လုပ်ချင်ရင် နောက်တ
ကြိမ်ပြန် run ရပါမယ်။ အားလုံး အဆင်ပြေကြပါစေ။

Download Link...
http://www.4shared.com/file/GTyc-auk...e_remover.html

ကိုရဲနောင်

Microsoft Window XP ကို အစစ်ဖြစ်အောင်လုပ်ကြမယ်

ကျနော်လုပ်နေကျ နည်းလေးတစ်နည်းကိုလည်း ဝေမျှပါရစေ။ အောက်က RAR ဖိုင်ကို အရင်ဒေါင်းလုတ်ချလိုက်ပါဦး။

Download Link...
Make_Genuine_WinXP.rar (299.44 KB)
(or)
Make_Genuine_WinXP.rar (299.44 KB)

ပြီးရင်ကြိုက်တဲ့နေရာမှာ ပြန်ဖြည်ချလိုက်ပါ။ အဲဒီဖိုလ်ဒါထဲမှာ ဖိုင်သုံးဖိုင်တွေ့ရပါမယ်။ အဲဒီထဲက
Make Genuine.reg ဆိုတဲ့ registry ဖိုင်ကို double-click လုပ်ပါ။ တစ်ချို့စက်တွေမှာ registry
file တွေကို တန်းဖွင့်လို့မရဘဲ error window တွေတက်လာတတ်တယ်။ အဲဒီအခါကျရင် Regist
ry Editor ကိုဖွင့်ပြီး ကိုယ်ထည့်ချင်တဲ့ registry file ကို import လုပ်ပေးရပါမယ်။ ဒီလိုလုပ်ပါ။

- Start -> Run ကိုဖွင့်ပါ။ (Windows Key + R)
- regedit လို့ရိုက်ပြီး OK ပြောပါ။
- ပေါ်လာတဲ့ Registry Editor ၀င်းဒိုးမှာ File -> Import... အဆင့်ဆင့်သွားပါ။
- Import Registry File မှာ ကိုယ်ထည့်ချင်တဲ့ ဖိုင်ကိုရွေးပြီး Open ပြောပါ။ ဒါဆိုရင် ဖိုင်ထည့်လို့အောင်မြင်ကြောင်း box တစ်ခုတက်လာပါမယ်။ OK ပြောပါ။

ဒါဆိုရင်ကျနော်တို့ရဲ့ Windows ဟာ အစစ်အမှန်ဖြစ်သွားပါပြီ။ တကယ်ဖြစ်မဖြစ် Tool တစ်ခုနဲ့စစ်ကြည့်ရအောင်။ ခုနက ဖိုင်သုံးဖိုင်ထဲက Microsoft Genuine Advantage Diagnostic Tool ဆိုတဲ့ဖိုင်ကို run ပါ။ ခဏစောင့်ပြီးရင် ၀င်းဒိုးတစ်ခုတက်လာပါမယ်။ အဲဒီမှာ Genuine validation status မှာ Genuine ဆိုတဲ့ အစိမ်းရောင်စာသားကိုမြင်ရပါမယ်။ (တကယ်လို့ registry ဖိုင်ကို import မလုပ်ခင် ဒီ tool နဲ့စမ်းခဲ့ရင် validation status မှာ Invalid ဆိုပြီးအနီရောင်စာသားကို မြင်ရပါမယ်။) ကဲ... ခုချိန်ကစပြီး ၀င်းဒိုးစ်အပ်ဒိတ်တွေ၊ MS Genuine Software တွေကို ဒေါင်းလုတ်ချနိုင်ပါပြီ။
Screenshots တွေကို ကြည့်လိုက်ပါဦး။



Import Method





Drag & Drop Method




ကိုပိုင်

0 comments:

Post a Comment