Home » » Driver Genius Professional Edition

Driver Genius Professional Edition

ကျနော် Driver Genius Professional Edition နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆိုက်တော်တော်များတင်ထားတာ
တွေ့ပါတယ်။ သို့သော် တစ်ချို့သူငယ်ချင်းများ လုပ်နည်းပါတင်ပေးဖို့ပြောလာတာကြောင့် Driver Genius Professional Edition ရဲ့ Back up လုပ်နည်းလေးပြောရအောင်။
Back up လုပ်တယ်ဆိုတာ လက်ရှိမိမိသုံးနေတဲ့ ၀င်းဒိုးရဲ့Driverတွေကိုမပျောက်ပျက်အောင်ထိန်းသိမ်းထားတဲ့
သဘောပါပဲ။ ဥပမာ...မိမိကွန်ပျူတာဟာ တစ်စုံတစ်ခုပြဿနာဖြစ်လို့ Window ပြန်တင်ဖို့လိုတယ်ဆိုပါစို့။ အဲဒီ
ကွန်ပျူတာက DriverCD လဲမရှိ၊ Driver fileလဲ အရန်သင့်ရှိမနေဘူးဆိုရင် ဒီDriver Genius Professional Edition နဲ့ဖြေရှင်းဖို့အကြံပေးချင်တယ်။ ၀င်းဒိုးမချခင် ဒီဆော့ဝဲလ်ကိုမောင်းပြီး Driver ကို Back up လုပ်ထားရုံ
ပါပဲ။ Backup နဲ့ Restore, Backup နဲ့ Recovery တို့သည် အမြဲယှဉ်တွဲနေပါတယ်။

Driver Genius Professional Edition ရဲ့ compatible ဖြစ်နိုင်သော OS များအောက်အတိုင်းပါပဲ...

Operating System: Windows 98/98SE/ME/2000/XP/2003/Vista/XP x64/Server 2003 x64/Vista x64/Windows 7/Windows 7 x64/Windows Server 2008/Windows server 2008 x64

Driver Genius Professional Edition ရဲ့ Back up လုပ်နည်း

(၁) ထုံးစံအတိုင်း အင်စတောထည့်သွင်းလိုက်ပါ။ မခက်ပါဘူး ဆော့ဝဲလ်ရဲ့ညွန်ပြမှုအတိုင်း Next တွေကို နှိပ်လိုက်ရုံပါပဲ။

(၂) အင်စတောထည့်သွင်းမှုပြီးတာနဲ့ အောက်ပါအတိုင်း Start Scan နဲ့အတူ Screenshot ပုံတွေ့ရမှာပါ။ Driverကို Scan လုပ်ချင်ရင်တော့ Start Scanကိုနှိပ်။ မလုပ်ချင်ရင် ကြက်ခြေခတ် close ပေးပါ။ Screenshot ရဲ့ဘယ်ဖက်ခြမ်းမှာ Home, Backup, Restore,Update, Uninstall စသည်တွေ့နိုင်ပါတယ်။


(၃)မိမိလက်ရှိဝင်းဒိုး Driverရဲ့ Back up လုပ်ချင်ရင် ဘယ်ဖက်မှာ Backup Driver ကိုနှိပ်။ Collecting
Driver Information ဘောက်စ်ပေါလာမှာဖြစ်တယ်။


(၄) နောက်တစ်ဆင့်က Select the Drivers you want to bankup, မိမိ Backup လုပ်ချင်တဲ့ Driver
တွေကို ရွေးဖို့။ အောက်မှာ Currently Used Driver, Original Window Driver, Disconnected
Device Driver သုံးမျိုးလုံးကိုပဲ ရွေးချယ်ပါ။ အောက်မှာလဲ စုစုပေါင်းရွေးချယ်ထားတဲ့ Driver အရေအတွက်ကိုလဲပြထားပါတယ်။ ပြီးရင် Next ကိုပေး။


(၅)Backup Type and Backup Location, Backup file လုပ်မည့်အမျိုးအစား၊ Backup file သိမ်း
မည့်နေရာရွေးချယ်ဖို့ပါ။ ကျနော်က D:မှာပဲသိမ်းထားလိုက်တယ်။ ၀င်းဒိုးကို ဖေါမက်တစ်ခုလုံးချမယ်ဆိုရင် အခြား Extarnal Hard disk တစ်ခုခုမှာသိမ်းထားစေချင်တယ်။


(၆) ဒီအဆင့်က Backing up your existing Windows Driver Installation, လက်ရှိအသုံးပြုနေတဲ့
ဝင်းဒိုး Driver တွေကို Backup လုပ်နေတာဖြစ်ပါတယ်။


(၇) ကဲ...ဒါတော့ Completing the Backup Task, Backup လုပ်ဆောင်တာပြီးသွားပြီ။


ကျနော်က D: Drive မှာထားတယ်ဆိုတော့ အောက်ပါပုံအတိုင်း Driver Backup 12-142010 22945 ဖိုင်တစ်
ခုရလာမှာဖြစ်တယ်။


ဒါကတော့ Driver ကို Backup လုပ်နည်းလေးဖြစ်ပါတယ်။

Backup file ကို Restore ပြန်လုပ်နည်း

တစ်ဆက်တည်းမှာပဲ Backup လုပ်ထားတဲ့ဖိုင်ကို Restore ပြန်လုပ်ချင်ရင် ကျနော်နည်းနည်းလေးပြောပြလိုက်မယ်။
ဝင်းဒိုးအသစ်တင်ထားရင် ဒီဆော့ဝဲလ်ကိုပြန်ထည့်သွင်းပါ။ ပြီးတော့ Restore Drivers ကိုနှိပ်။ အောက်ကပုံကို
ကြည့်ပါ...


(၁) Restore Drivers from Previous Backups
(2) Browse my computer for Drivers Backups နှစ်မျိုးတွေ့နိုင်ပါတယ်။

(၁) Restore Drivers from Previous Backups သဘောက မိမိဝင်းဒိုးကို ဖေါမက်မချခင်တုန်းက Backup
file ကို သိမ်းထားတဲ့နေရာမှာပဲ (Backup file ကို အခြားတစ်နေရာသို့ မပြောင်းရွေ့ပဲ)Restore ပြန်လုပ်မယ်ဆို
ရင် Restore Drivers from Previous Backups ရွေးရပါမယ်။

(2) Browse my computer for Drivers Backups, ဆိုတာ မိမိ Backup File ကို အခြားတစ်နေရာ
သို့ပြောင်းရွေ့လိုက်မယ်၊ သဘောက D: ကနေ သိမ်းထားတဲ့ Backup File ကို အခြား Drive တစ်ခုကနေပြောင်း
ရွေ့လိုက်မယ်ဆိုရင် Restore ပြန်လုပ်လိုက်တဲ့အခါ Browse my computer for Drivers Backups ကို
ရွေးဖို့လိုပါလိမ့်မယ်။

ကျန်တဲ့အစိတ်အပိုင်းလွယ်သွားပြီးလေ ကိုယ့်ကိုပဲဆက်လုပ်ကြပါ။

+ဒေါင်းလုဒ်+

Driver Genius Professional Edition

အားလုံးဆင်ပြေပါစေ...

စောလင်းနက်စ်

0 comments:

Post a Comment