Home » » How to Back up Blog and Import /Export

How to Back up Blog and Import /Export

ကျနော်အခုတလောတွေ့နေရတယ်။ ဘလော့တွေကိုဘန်းမယ်ဆိုလား။ ဟက်မယ်ဆိုလား။
ဘန်စမ်းပါစေဗျာ။ ဘလော့အသစ်တစ်ခုဟာ မိနစ်သုံးဆယ်အတွင်းဖန်တီးလို့ရပါတယ်။
ဘယ်လောက်အထိဘန်းနိုင်မလဲ ဘန်းစမ်းပါစေ။ ဟက်စမ်းပါစေ။ ဘလော့ကိုပြောတာ
နော်။ စက်ကိုပြောတာမဟုတ်ဘူး။ စက်ကတန်ရာတန်ကြေးရှိတာကိုး။ ဘလော့က ဖရီး
ဆိုတော့ လာစမ်းပါ။


ကိုယ်က ကြိုတင်ပြင်ထားရမှာက တင်ထားတဲ့ပို့စ်အဟောင်းတွေပြန်ရနိုင်ဖို့ပါပဲ။ အဲဒါ
Back up လုပ်ထားလိုက်ရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ ဒါမှမဟုတ် တင်ပ
လိတ်အသစ်တစ်ခုသို့ ပို့စ်အဟောင်းတွေတစ်ခါတည်းအမြန်တင်ပေးနိုင်တဲ့ Import/
Export tool နဲ့လုပ်လိုက်မယ်ဆိုရင် ဘန်းခံရတဲ့ပြဿနာတွေအလွယ်တကူကျော်
လွားသွားနိုင်ပါတယ်။
+/- အပြည့်အစုံသို့


Blog ကို Back up လုပ်နည်း

(၁) http://www.blogger.com/ ကနေ Dashboard သို့ဝင်လိုက်ပါ။

(၂) Design > Edit HTML > Download Full Template ကိုနှိပ်


(၃) အောက်က ဘောက်စ်အတိုင်းပေါ်လာရင် OK


Back up လုပ်တာ ဒါပါပဲ။ Back up ဖိုင် သိမ်းထားတဲ့နေရာကိုတော့ သိအောင်
လုပ်ထားပေါဗျာ။ မိမိဘလော့က တစ်စုံတစ်ခုပြဿနာပေါ်လာခဲ့ရင် Design >
Edit HTML ကိုနှိပ်ပြီး Browse ကနေ သိမ်းထားတဲ့ Back up ဖိုင်ကို ပြန်ပြီး
Upload တင်လိုက်ရုံပါပဲ။


Blog Post တွေကို Export လုပ်နည်း

(၁) http://www.blogger.com/ ကနေ Dashboard သို့ဝင်လိုက်ပါ။

(၂) Setting ကိုနှိပ်။ အောက်က Export ကိုနှိပ်


(၃) နောက်ပေါ်လာတဲ့ဘောက်စ်တွင် Download ကိုနှိပ်


(၄) နောက်ဘောက်စ်တွင် OK (မိမိသိမ်းထားတဲ့ xml ဖိုင်ရဲ့နေရာကိုမှတ်ထားပါ)



သိမ်းထားတဲ့ Blog Post တွေကို Import ထည့်သွင်းနည်း

(၁) http://www.blogger.com/ ကနေ Dashboard သို့ဝင်လိုက်ပါ။

(၂) Setting ကိုနှိပ်။ အောက်က Import ကိုနှိပ်


(၃) Browse အကွက်တွင် မိမိသိမ်းထားတဲ့ Blog post. xml ဖိုင်ကို ရွေးပါ။
ပြီးတော့ အောက်ကအကွက်မှာ Character code အက္ခရာတွေကို မှန်အောင်ရိုက်
လေးထောင့်ကွက် အမှန်ခြစ်Import Blog ကိုနှိပ်။


ပို့စ်အနည်းအများပေါ်မူတည်ပြီး အနည်းငယ်ကြာပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ ပြီးရင်
Finish ပေါ့ဗျာ။

ကဲ...ဘလော့ဘန်းခံရပြီး ပို့စ်ဟောင်းတွေပျောက်သွားတဲ့ ဒုက္ခများမှာ ကင်းလွတ်နိုင်ကြ
ပါစေ...

အဆင်ပြေပါစေ

စောလင်းနက်စ်

0 comments:

Post a Comment