Home » » Toucan နဲ့ ဖိုင်၊ ဖိုလ်ဒါများကို ကာကွယ်မယ်

Toucan နဲ့ ဖိုင်၊ ဖိုလ်ဒါများကို ကာကွယ်မယ်

ပို့စ်မတင်ဖြစ်တာကြာပါပြီး ဟိုလုပ်ဒီလုပ်ပေါ့ဗျာ။ အခု ကျနော် Toucan Program ဆော့ဝ်လ်နဲ့မိတ်ဆက်
ပေးချင်ပါတယ်။ ဒီဆော့ဝဲလ်လေးက မိမိရဲ့ USB drive, Memory stick, Thumb drive, MP3/
MP4 player ထဲမှဖိုင်များကို လုံခြုံစိတ်ချစွာ တခြားမဆိုင်သူ မဖတ်စေချင်ရင် အကောင်းဆုံးကာကွယ်မှုပြု
နိုင်တဲ့ဆော့်ဝဲလေးပါပဲ။ ၀င်းဒိုး 7မှာ ဒီ Encrypt or Decrypt နဲ့ ဖိုင်၊ ဖိုလ်ဒါတွေပိတ်ထားလို့ရပေမယ့်
ကျနော်က ဒီဆော့ဝဲလ်လေးနဲ့ ကာကွယ်တာပိုကြိုက်တယ်။ ဒါကြောင့် မိမိဒေတာစသည် အခြားသူများမမြင်
စေလိုသောသူများအတွက် ဒီဆော့ဝဲလ်လေးအသုံးဖို့တိုက်တွန်းချင်ပါတယ်။

Toucan Screenshot


အသုံးပြုနည်း...

ထုံးစံအတိုင်းဒေါင်းပြီးရင် အင်စတောမောင်းလိုက်ပေါ့...

(၁)Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။

(၂) ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုနှိပ်..။

(၃) ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။
ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။

(၄) တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက်သွားမှာပါ။
တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပါ ဝှက်စာ လုပ်လို့ရပါတယ်၊ ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်။
ဖိုင်တွေကိုရွေးပြီးရင် function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီး ဝှက်စာ ကနေပြန်ဖော်မယ်ဆို Decrypt ကိုရွေးပါ။

(၅) ပြီးရင် Encrypt ဘေးနားက Run ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။
password ကို ရှည်နိုင်သမျှရှည်ရှည် ပေးတာပိုကောင်းပါတယ်။
ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိမှဖြစ်မယ်နော်။

(၆) ပြီးတာနဲ့ OK ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်သွားပြီး ဖွဲ့ထားတဲ့ဖိုင်ဖိုင်ကိုရပါလိမ့်မယ် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဖွဲ့စာဖိုင် ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။

Encrypt ပြုလုပ်သွားပြီးနောက် ဘယ်အင်တာနက် cafe မဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြီ။
တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။
ကိုယ့်ရဲ့ password ကိုလက်ခံရရှိသူကသိဖို့လိုပါလိမ့်မယ်။

ဒေါင်းလုဒ် Toucan ပရိုဂရမ်...
Download Mediafire

အောက်ပါလင့်ကိုသွားပြီး ဒေါင်းလုဒ်လို့လဲရပါတယ်...
http://portableapps.com/apps/utilities/toucan


အဆင်ပြေပါစေ...

စောလင်းနက်စ်

0 comments:

Post a Comment