Home » » Window XP ကို Recovery လုပ်ရအောင်

Window XP ကို Recovery လုပ်ရအောင်

ကျနော်အခုပြောချင်တာက Window XP ကို Recovery လုပ်ချင်သူများအတွက် လုပ်နိုင်တဲ့နည်းလမ်းလေးဖြစ်
ပါတယ်။ Acronis True Image Home Software ဆိုတာ အဲဒီWindow XP ကို Recovery နဲ့ ပြုလုပ်နိုင်တဲ့
ဆော့ဝဲလ်ဖြစ်ပါတယ်။ ၀င်းဒိုး 7 ကို လုပ်ချင်ရင်လဲ ရပါတယ်။ သို့သော် ၀င်းဒိုး 7 မှာ Back up and restore
ပါပြီးဖြစ်သည့်အတွက် ဆော့ဝဲလ်ကိုအသုံးပြုဖို့မလိုတော့ဘူးလေ။ ကျနော်ကတော့ Acronis True Image
Home Software ကို ၀င်းဒိုး xp အတွက်ပဲအသုံးပြုစေချင်တယ်။ အေ..ကြိုက်တယ်ဆိုရင် ၀င်းဒိုး 7အတွက်လဲ
အသုံးပြုလို့ရပါတယ်။

Window Recovery လုပ်တယ်ဆိုတာ ဘယ်ဟာမျိုးမဆို အရင်ဆုံးလက်ရှိဝင်းဒိုး image file, application
တွေအားလုံးကို Back up and restore လုပ်ထားရတာချည်းပဲ။ အဲဒါတွေကို လုပ်ထားတာရှိမှ (ပြီးမှ)သာ
Recovery ဆိုတာ လုပ်လို့ရတာကိုး။ တစ်ချို့မရင်းနှီးသေးသောပုဂ္ဂိုလ်များက Back up နဲ့ Recovery တစ်မျိုးစီ
ထင်နေကြတာ။ ဒါကြောင့် အခုဆော့ဝဲလ်လဲဒီအတိုင်းပါပဲ။ Window XP ကို Recovery လုပ်ရအောင်-ဆိုပြီး ခေါင်း
စဉ်တပ်ထားပေမယ့် Back up အရင်လုပ်ရတယ်ဆိုတာ နားလည်စေချင်တယ်။ နောက်မှလက်ရှိမိမိသုံးနေတဲ့ ၀င်းဒိုး
တစ်စုံတစ်ခုပြဿနာရှိလာရင် ဒီဆော့ဝဲလ်ကိုသုံးရင် ဒီဆော့ဝဲလ်နဲ့ပဲ ပြန်ပြီး Recovery tool နဲ့ ဖြေရှင်းရတယ်
ဆိုတာကို သဘောပေါက်ထားစေချင်တယ်။ Window vista, 7 တွေမှာ ဆော့ဝဲလ်မသုံးပဲ သူတို့ဝင်းဒိုးပါလာတဲ့
Back up and Restore Tool နဲ့ Recovery လုပ်ထားရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။



အသုံးပြုနည်း...

(၁) ဆော့ဝဲလ်ကို အင်စတာလုပ်ပြီးတာနဲ့ ဆော့ဝဲလ်ကိုဖွင့်လိုက်ပါ။ ပုံတွင်ပြထားသည့်
အတိုင်းပေါ် လာပါလိမ့်မယ်။ Backup ဆိုတာကိုရွေးလိုက်ပါ။


(၂) Next ပေးပါ။


(၃) Operation System ကို Backup လုပ်မှာဖြစ်တဲ့အတွက် C partition ကိုရွေးလိုက်တယ်။
ထိုနောက် Next ပေးပါ။


(၄) မိမိ Backup လုပ်ချင်သော အရာကိုရွေးပါ။ ကျွန်တော်က My Computer ကိုရွေးထားပါတယ်။
ပြီးလျှင် Next ပေးပါ။


(၅) Backup လုပ်မည့် ဖိုင်က tib အမျိုးအစားဖြစ်ပါတယ်။ Backup လုပ်မည့် ဖိုင်ကို မိမိသိမ်း
ချင်တဲ့ နေရာတစ်ခုခုမှာသိမ်းပါ ကျနော်က Drive D: ကိုပဲရွေးလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့
Recovery ပြန်လုပ်တဲ့အခါ ရှာရတာလွယ်လို့ပါပဲ။ ပြီးလျှင် Next ပေးပါ။


(၆)။ Create a new full backup archive အားရွေးချယ်ပြီး Next ပေးပါ။


(၇) Use default options ကို ရွေးချယ်၍ Next ပေးပါ။


(၉) Proceed ပေးပါ။


(၁၀) My Operation System ကို Backup လုပ်နေတာဖြစ်ပါတယ်။


(၁၁) Backup လုပ်တာအောင်မြင်သွားပါပြီ


Backup လုပ်ထားတဲ့ဖိုင်ကို မိမိ Save ထားသော Partition ထဲမှာ အောက်လူမျိုးရရှိလာမှာ
ဖြစ်ပါတယ်။


မိမိဝင်းဒိုးက တစ်ခုခုပြဿနာရှိလာလို့ Backup လုပ်ထားသော ဖိုင်ကို Recovery ပြန်လုပ်ချင်ရင် အဲဒီဆော့ဝဲလ်ထဲမှာ
ပါတဲ့ Recovery ကို ပြန်နှိပ်ပြီး ဆော့ဝဲလ်ရဲ့လုပ်ဆောင်ချက်အတိုင်းသာဆက်လုပ်လိုက်ပါ။ နောက်ဆုံးအနေဖြင့် သိချင်
ရင် စမ်းဖို့လိုတယ်။ စမ်းရင်းစမ်းရင်းနဲ့ သိလာတာချည်းပဲမဟုတ်လား။

++ ဒေါင်းလုဒ် ++
Acronis True Image Home Software

Acronis True Image Home

အဆင်ပြေပါစေ...

စောလင်းနက်စ်

0 comments:

Post a Comment