Home » , » အသံပိုင်းဆိုင်ရာ တည်းဖြတ်နိုင်တဲ့ Audacity

အသံပိုင်းဆိုင်ရာ တည်းဖြတ်နိုင်တဲ့ Audacity


အသံပိုင်း ဆိုင်ရာ တည်းဖြတ်မှု(edit) တွေလုပ်ဖို့ဘယ်ဆော့ဖ်ဝဲကိုသုံးရမလဲ ဆိုတာ
စဉ်းစားလို့မရရင် Audacity ကို စမ်းသုံးကြည့်ဖို့အကြံပေးပါရစေ။ သီချင်းတွေ၊ အပျော်
တမ်းဖမ်းထားတဲ့ အသံတွေကစလို့ ရေဒီယိုလုပ်ငန်း ဆိုင်ရာအသံတွေထိ တည်းဖြတ်
နိုင်တဲ့ Audacity ဟာ အသံပိုင်းဆိုင်ရာ အတွေ့အကြုံနုတဲ့ သာမန် userတွေ
အတွက်တောင်မှ အသုံးပြုရတာ လွယ်ကူရိုးရှင်းလှ ပါတယ်။

3 MB အရွယ်ရှိတဲ့ အဲ့ဒီဆော့ဖ်ဝဲနဲ့ အသံထပ်ခြင်း၊ နောက်ခံအသံထည့်ခြင်း၊ ရှုပ်ထွေး
နေသည့် အသံများကို ကြည်လင်ပြတ်သားအောင် ပြုလုပ်ခြင်း၊ မလိုချင်သည့် အသံများ
ကို ဖျက်ထုတ်ခြင်း စတာတွေကို စိတ်ကျေနပ် လောက်အောင် တည်းဖြတ်(edit)
နိုင်တာ တွေ့ရပါတယ်။ တည်းဖြတ်ပြီး သွားရင်လည်း mp 3/ wave/ mono/
stereo စတဲ့ စိတ်ကြိုက် ဖိုင်အမျိုးအစားနဲ့ save လုပ်နိုင်တဲ့အချက်ဟာ သုံးစွဲသူ
အတွက် အဆင်ပြေ ချောမွေ့စေမှာပါ။

+/- အပြည့်အစုံသို့

ဒေါင်းလုဒ်လင့်...
Audacity
Audacity Tutorial

Ref: ITJournal

0 comments:

Post a Comment