Home » » Desktop Right Click Menu ထဲမှာ Application လေးတွေ ကိုယ်တိုင် ထည့်ကြမလား

Desktop Right Click Menu ထဲမှာ Application လေးတွေ ကိုယ်တိုင် ထည့်ကြမလား

အသုံးများတဲ့ application လေးတွေကို Desktop right click menu ထဲမှာထည့်လို့ရပါတယ် ၊ Application ကို အမြန်ခေါ်သုံးလို့လဲရတယ် ၊ Desktop ပေါ်မှာဖြစ်စေ Taskbar မှာဖြစ်စေ Shortcut icon တွေလည်းရှုပ်မနေတော့ဘူးပေါ့ ၊ ဒီလိုလေးပါ ...

၁. Run မှာဖြစ်စေ Start Menu Search Box မှာဖြစ်စေ regedit လို့ရိုက် ၊ Enter ခေါက်ပြီး registry editor ကိုဖွင့်လိုက်ပါ ။ ပြီးရင်

၂. ဒီအတိုင်း အစဉ်လိုက် ဖြည်းဖြည်းချင်း ဆက်ဖွင့်သွားပါ (အများကြီးထဲက သေချာမှန်အောင်ရှာဖွင့်ပါ ၊ မမှားပါစေနဲ့ )

HKEY_CLASSES_ROOT \ Directory \ Background \ shell

၃. Shell ကိုရောက်သွားတဲ့အခါ right click နှိပ်ပြီး New ပေါ်ကို cursor တင်လိုက်တာနဲ့ menu အသေးလေး တစ်ခုပေါ်လာမယ် ၊ Key ပေါ်ကို ရွှေ့ပြီး click လုပ်ပါ ။ shell > New > Key ...

ဒီမှာနှိပ်ပြီး ပုံကိုကြည့်ပါ

+/- အပြည့်အစုံသို့


၎. နာမည်ဖြည့်ရမယ့် ကွက်လပ်ကလေးပေါ်မှာ ကိုယ်ထည့်မယ့် application name ကို ဖြည့်လိုက်ပါ ။ ဒီမှာတော့ ကျနော်က Notepad လို့ထည့်လိုက်ပါတယ် ။ Notepad ကို right click menu ထဲထည့်မှာမို့ပါ ။

ဒီအထိက desktop ပေါ်က right click menu မှာ application name ပေါ်ဖို့ထိပဲ ရှိသေးတယ် ၊ click လုပ်လိုက်တဲ့အခါ အဲဒီ menu ပေါ်က command ကနေ အထဲက program ကို သွားဖွင့်ပေးဖို့ လမ်းကြောင်းလေး ချိတ်ပေးရဦးမယ် ။

၅. အဲဒီဖြည့်လိုက်တဲ့ Notepad ဆိုတဲ့ key လေးပေါ်မှာနောက်ထပ် right click လုပ်ပြီး New > Key ဆိုပြီးနှိပ်ပါ ။ အဲဒီ Key ကိုတော့ command လို့ စာလုံးသေး ( small letter ) နဲ့ ဖြည့်လိုက်ပါ ။

ဒီမှာကြည့်ပါ


၆. အသစ်ပေးလိုက်တဲ့ command ဆိုတဲ့ key လေးပေါ် click တစ်ချက် နှိပ်လိုက်ရင် ညာဖက်မှာ ( Default ) လို့ မြင်ရတဲ့ key တစ်ခုတွေ့ရမယ် ၊ (Default) ပေါ်ကို double click လုပ်ပါ ။

၇. Edit String ဆိုတဲ့ window သေးသေးလေးပေါ်လာမယ် ၊ Value data ဆိုတဲ့ နေရာမှာ ကွက်လပ်ကလေး ဖြစ်နေလိမ့်မယ် ၊ အဲဒီကွက်လပ်ကလေးမှာ အောက်ကပေးထားတဲ့ path ( လမ်းကြောင်း) လေးကို အားလုံး copy ကူးပြီး ဖြည့်လိုက်ပါ ။

"C:\Windows\System32\notepad.exe"

(ဒါလေးကိုပဲ ရှည်အောင်ပြောချင်ရင် C drive ထဲကိုဝင် ၊ Windows ကိုဖွင့် ၊ System 32 ထဲကိုထပ်ဝင် ၊ notepad.exe program ကိုရှာ တွေ့ရင် Shift နဲ့ right click ကိုတွဲနှိပ် ၊ ပေါ်လာတဲ့ menu ထဲကနေ copy as path ကို click လုပ် ၊ အခု Value data နေရာကျမှ paste လုပ်ပါ .. ဒီလိုလဲရတယ်ပေါ့ )

ဒီမှာကြည့်


ပြီးရင်ပိတ်လိုက်ပါ ။ desktop ပေါ်မှာသွားပြီး right click ထောက်ကြည့်လိုက်ပါ ၊ Notepad လေးကို တွေ့ရမှာပါ ၊ ဖွင့်ချင်ရင် အလွယ်ဖွင့်လို့ရပြီပေါ့ ။ မသိသေးတဲ့သူတွေကိုလည်း ပြောပြလို့ရပါပြီ ။

ဒီလိုမြင်ရမယ်


အထက်မှာနမူနာ လုပ်ခဲ့တာက Windows ထဲကပါတဲ့ application ပါ ။ ကျနော်တို့ install လုပ်တဲ့ ပြင်ပ application တစ်ခုခုကို ထပ်လုပ်ကြည့်ရအောင် ၊ ဥပမာ Google crome browser ကို လုပ်ကြည့်မယ် ၊ Internet ကို Right click ထဲကနေဖွင့်လို့ရအောင်ပေါ့ ။

အမှတ်စဉ် ၁ ၊ ၂ ၊ ၃ အထိက အတူတူပါပဲ ၊ အမှတ်စဉ် ၄ မှာတော့ crome လို့ရေးလိုက်မယ် ၊ (ဒီနေရာမှာက ကြိုက်ရာရေးလို့ရတယ် ၊ အရေးမကြီးဘူး ၊ အရေးကြီးတာက path နဲ့ exe program ပဲ )

၅. Crome > New > Key > command

၆. Command ကို click > (Default) ကို double click

၇. Value data မှာ အောက်က path လေးကူးဖြည့်လိုက်ပါ

"C:\Program Files\Google\Chrome\Application\chrome.exe"

Windows ရဲ့ပြင်ပက program ဖြစ်တဲ့အတွက် system 32 ထဲမှာ မရှိပဲ Program Files ဆိုတဲ့ folder ထဲမှာ သွားရှာရတာဖြစ်ပါတယ် ၊ ဒါလောက်ဆို ရလောက်ပြီထင်ပါတယ် ။

သူတို့ဘေးမှာ icon လေးတွေပါထည့်လို့ရသေးတယ် ၊ သိပ်ရှည်ပြီး မမှတ်မိတော့မှာစိုးလို့ နောက်မှထပ်ရေးဖို့စိတ်ကူးထားတယ် ။ ကျွမ်းကျင်မှုတွေ ရကြပါစေ ။ J

Ref: http://vodaegu.org/index.php/2010-05-25-15-57-37/2010-05-27-10-54-21/423

0 comments:

Post a Comment