Home » » Grub Rescue ဖြေရှင်းနည်း

Grub Rescue ဖြေရှင်းနည်း

ဒီ grug rescue ပြဿနာကို Window , Linux Dual Boot တွဲသုံးတဲ့ပုဂ္ဂိုလ်
မှ သိနိုင်မှာပါ။ ဒီပြဿနာကို ခဏခဏကြုံရတော့ အလွယ်တကူဖြေရှင်းနိုင်အောင်ဆိုပြီး
စုစည်းလိုက်တာပါ။ ဒီပို့စ်သည် မြန်မာမိသားစုဖိုရမ်မှာ ကိုကျောက်ဖြူရေးထားတဲ့ Ubun
tu အမေး အဖြေကဏ္ဍာတွင် ကိုkznt ရဲ့လက်ရာလေးပါပဲ။ ကျနော့်အတွက်လိုအပ်လို့
တင်လိုက်တာ။ အခြားလိုအပ်မယ်ပုဂ္ဂိုလ်များရှိရင်လည်း လွယ်လင့်တကူဖြစ်သွားတာပေါ့
ဗျာ...

Windows XP bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ကျွန်တော်တို့ အရင်ဆုံး Windows XP installation CD လိုအပ်ပါတယ်။ ရပြီဆိုရင်
ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

အဲလို Boot တက်လိုက်ရင် Windows XP CD ကနေပြီး repair ဒါမှမဟုတ် recov
er လုပ်မှာလား ဆိုပြီး မေးတဲ့ အပိုင်းကို တွေ့ပါလိမ့်မယ်။ အဲတာကိုလုပ်ဆောင်ဖို့
"r" ကိုနှိပ်ပါ။
+/- အပြည့်အစုံသို့


Windows XP administrator password ပေးထားတယ်ဆိုရင် သူက ထည့်ပေး
ဖို့ တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ။ အဲတာပြီးတာနဲ့ သူက ကျွန်တော်တို့ကို
command line ရှိရာဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ဒီ့နေရာမှာ အောက်ဖော်ပြပါ
commands ကို ရိုက်ထည့်ပြီး Enter ပေးပါ -

fixboot

fixmbr

ပြီးသွားရင် ဒါကို ရိုက်ပါ။

exit

ပြီးသွားရင် Windows XP CD ကို ထုတ်ပြီး Restart ပေးလိုက်ပါ။ အားလုံး အဆင်
ပြေတယ်ဆိုရင် XP bootloader ပြန်အလုပ်လုပ်ပြီး Windows XP ထဲ ပြန်ဝင်လို့
ရပါလိမ့်မယ်။

Windows Vista ဒါမှမဟုတ် 7 bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အရင်ဆုံး Windows Vista/7 instal
lation DVD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

တကယ်လို့ recovery disk တွေရှိရင် ပုံစံတူ သဘောတရားတူ လုပ်ဆောင်လုပ်လို့
ရပါတယ်။ Windows Vista နဲ့ 7 အတွက် Recovery Disc ကို ဒီနေရာကနေရယူနိုင်
ပါတယ်။


အဲကနေ Boot တက်လိုက်လို့ Regional settings ကိုရောက်ပြီ ဆိုရင် Location/
Keyboard setting ကို ရွေးပေးပြီး next ကိုသွားပါ။ နောက်စာမျက်နှာမှာ "Repair
your computer." ကို နှိပ်ရပါမယ်။


အဲကနေ နောက်စာမျက်နှာမှာ အောက်ဖော်ပြပါအတိုင်း Windows Vista/7
installation တစ်ခုခုကို တွေ့ပါလိမ့်မယ်။ ဘာကိုမှာ မရွေးပဲ Next ကို ဆက်သွားပါ။


အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ "Command prompt"
ကို click ပေးပါ။ နောက်ပြီးရင် အောက်ဖော်ပြပါ command တွေကို ရိုက်ပေးပြီး
Enter ခေါက်ပါ။


bootrec /fixmbr

bootrec /fixboot

bootrec /rebuildbcd

ပြီးရင် Windows တွေအားလုံးကို ပိတ်ပြီး "Restart" ပေးပါ။

ထည့်ထားတဲ့ Vista/7 DVD ပြန်ထုတ်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင်
Windows Vista/7 Bootloader ပြန်အလုပ်လုပ်ပြီး Windows Vista/7
ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။


KznT.

0 comments:

Post a Comment