Home » » NTLDR - Boot.ini - Missing NTDETECT

NTLDR - Boot.ini - Missing NTDETECT

NTLDR is missing
NTLDR is missing. Press CTRL + ALT + DELETE to restart

NTLDR is missing ဆိုတဲ့ ပြဿနာဟာ ကွန်ပျူတာအသုံးပြုသူတိုင်း တွေ့ဖူးပြီးသားဖြစ်ပါ
လိမ့်မယ်။ ကျနော်လဲ မကြာခဏဆိုသလို ဒီပြဿနာလေးကိုဖြေရှင်းနေရပါတယ်။
NTLDR is missing အကြောင်းသည်လည်း ဆိုက်တော်တော်များတင်ပြီးသားပါ။ ကျနော်
အတွက် မှတ်စုအဖြစ်ကျန်ရအောင် ပို့စ်တင်ထားခြင်းသာဖြစ်ပါတယ်။ လိုအပ်မယ့် ပုဂ္ဂိုလ်
များရှိရင် အဆင်ပြေလွယ်ကူချောမွေ့စေရန်ရည်ရွယ်ပါတယ်။

NTLDR သည် Microsoft Windows NT, Windows XP and Windows Server
2003 တို့အတွက် ထည့်သွင်းပြုလုပ်ထားတဲ့ boot loader ဖြစ်ပါတယ်။ အကယ်၍ သူ့ဖိုင်
ပျက်သွားရင် အထက်ပါပြဿနာမျိုးကြုံရမှာဖြစ်ပါတယ်။

NTLDR is missing ဆိုတဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့အနေအထား (၄)မျိုးနဲ့ ကျနော်
ပြောပြချင်ပါတယ်။ အောက်ပါ Method (4) မျိုးနဲ့ဖြေရှင်းလို့ရပါတယ်။

(၁) Recovery Console
(၂) Repair XP
(၃) Recovery from the Windows CD
(၄) Prevention method
+/- အပြည့်အစုံသို့

အဲဒီ (၄)မျိုးတွင်
(၁) Recovery Console နဲ့ ဖြေရှင်းနည်း
အမှန်က ဒီလုပ်နည်းတွေဟာ ကွန်ပျူတာကို စကိုင်တဲ့ပုဂ္ဂိုလ်များအတွက် အဆင်ပြေဖို့
မလွယ်ပါဘူး။ နည်းလမ်းရဖို့သာပြောရတာပါ။ ဘာဖြစ်ကြိုးစားလုပ်ဆောင်သွားဖို့အဓိက
ပါ။

ထုံးစံအတိုင်း Window CD စက်ထဲထည့်ပြီး Boot တက်လိုက်ပါ။ (Boot) တက်နည်း
ကိုအသေးစိတ်မရေးပြတော့ပါ။ boot တက်တဲ့အချိန်မှာ F10 နှိပ်ထားပါ။
ပြီးရင် Command Prompt ပေါ်လာရင် fixboot C: ဆိုတဲ့စာသားကို ရိုက်ပြီး Res-
tart ချလိုက်ပါ။ ဒါကတစ်နည်းပေါ့ဗျာ။

(၂) Repair XP နဲ့ ဖြေရှင်းနည်း
ခုဏကအတိုင်းပဲ Window CD ကို Boot တက်လိုက်ပါ။ အောက်ပါပုံအတိုင်းရောက်ရင်
system repair လုပ်ဖို့အတွက် r ကိုနှိပ်ပါ။ ဒီနည်းကတော့ Window CD နဲ့ system
repair လုပ်ပြီး ဖြေရှင်းတဲ့နည်းလမ်းဖြစ်ပါတယ်။


(၃) Recovery from the Windows CD နဲ့ ဖြေရှင်းတဲ့နည်း
ထုံစမ်းအတိုင်း Window CD ကို စက်ထဲထည့်ပြီး Boot တက်လိုက်ပါ။
Boot တက်ရင်း r key ကို နှိပ်ပါ။ ပြီးတော့ command prompt ပေါ်လာလိမ့်မည်။
အဲဒီ command prompt တွင် အောက်ပါ command line များ အဆင့်ဆင့်ရိုက်သွား
ပါ။
X ( X ဆိုသည်မှာ CD_ROM ရှိတဲ့ Drive Letter ကိုရိုက်ပါ)
cd i386
copy ntldr c:
copy ntdetect.com c:
ပြီးရင် Restart ချပါ။

(၄) Prevention method နဲ့ ဖြေရှင်းနည်း
(NTLDR, boot.ini and NTDETECT files (၃)မျိုး ပါတဲ့) ၀င်းဒိုး CD ခွေကို စက်ထဲထည့်
လိုက်ပါ။
ထိုနောက် command prompt တွင် copy ntldr c: ဆိုတာကို ရိုက်ထည့်ပါ။ ပြီးတော့ Res
tart ပေါ့ဗျာ။


အဆင်ပြေပါစေ...

စောလင်းနက်စ်

0 comments:

Post a Comment