Home » » Back Slash “\” and Forward Slash “/” ‌လေးများအ‌ကြောင်း

Back Slash “\” and Forward Slash “/” ‌လေးများအ‌ကြောင်း

ကိုဇော် (ဒဂုံ)
  • http://kozaw.byethost7.com

  • FTP ဆိုတာ File Transfer Protocol ပါ
    ဖိုင်တွေကို တစ်နေရာကနေ တစ်နေရာကို ပေးပို့ တဲ့ စနစ်တစ်ခုပါ
    ဥပမာ အနေနဲ့ ပြောရရင်
    ဖိုင်တွေကို စက်တစ်စက်ကနေ share လုပ်ထားတယ်ဆိုပါတော့ဗျာ
    အဲဒီဖိုင်တွေကို ကိုယ်ကလိုချင်တယ်ဆိုရင် အဓိက ကိုယ်သိထားရမှာက

    - ဖိုင်တွေကို share ပေးထားတဲ့စက်က မိမိရဲ့ ရုံးတစ်ရုံးထဲက(Local Network) ဆိုရင်တော့ \\အဲဒီ share ပေးထားတဲ့စက်ရဲ့  IP အမှတ်ကို မိမိစက်ရဲ့ Runbox ထဲရိုက်ခေါ်ရုံနဲ့ ရပါတယ်

    - အဲ ဖိုင်တွေကို share ပေးထားတဲ့စက်က အခြားမြို့ တစ်မြို့ (သို့ )အခြားရုံးတစ်ရုံး(WAN Network)ဆိုရင်တော့ ftp://အဲဒီ share ပေးထားတဲ့စက်ရဲ့  IP အမှတ်ကို မိမိစက်ရဲ့ Runbox ထဲရိုက်ခေါ်ရတော့မှာပေါ့ဗျာ(သူကလဲ ရိုးရိုး share ရုံမဟုတ်ဘဲ အထက်ကကျနောတို့ ဆွေးနွေးခဲ့ကြသလို FTP Server လုပ်ထားတယ်ဆိုရင်ပေါ့ဗျာ)

    တစ်လက်စတည်း Runbox ထဲမှ ရိုက်ထြဲပီးခေါ်ကြတဲ့အခါမှာ UNC(Unversal Naming Convention) format ဖြစ်ဖို့ လိုပါတယ်
    - share ပေးထားတဲ့စက်ကို ခေါ်ကြမယ်ဆိုရင် အဲဒီစက်ဟာ Local Network ထဲမှာရှိတယ်ဆိုရင် \\(double back slash) ကို သုံးပါတယ်(ဥပမာ - \\IP No)


    - share ပေးထားတဲ့စက်ကို ခေါ်ကြမယ်ဆိုရင် အဲဒီစက်ဟာ WAN Network မှာရှိတယ်ဆိုရင် //(double forward slash)ကို သုံးပါတယ်(ဥပမာ -ftp://IP No (or)http://….)


    - မိမိစက်အတွင်းထဲက ဖိုင်တွေဆီကိုသာ သွားမယ်ဆိုရင် \(Single back slash)ကို သုံးပါတယ်(ဥပမာ- D:\Mydata\kozaw\person\mycase.doc)

    0 comments:

    Post a Comment