Home » » ကွန်ပျူတာဂျာနယ်ကပြောသော Multiply အကြောင်း (or) about Premium Account & Free Account..

ကွန်ပျူတာဂျာနယ်ကပြောသော Multiply အကြောင်း (or) about Premium Account & Free Account..

၂၀၀၉ ရဲ့ ဧပြီလထုတ် ကွန်ပျူတာဂျာနယ်မှာထဲက စာမျက်နှာ ၁၅၈ နဲ့ ၁၅၉ မှာ Multiply နဲ့ ပတ်သတ်ပြီး အမေးအဖြေလုပ်ထားတာတွေ့ရပါတယ်…

ကိုကျော်လင်းထွန်း(မန္တလေး) က မေးပြီး ကွန်ပျူတာဂျာနယ် က ဖြေထားတာလေးတွေပါ

မေး။ ။ http://www.multiply.com မှာ ပုံတွေ၊ စာတွေ တင်လေ့ရှိပါတယ်။ သုံးတာက Multiply Free Account နဲ့ပါ။ Multiply မှာ Premium Account ၀ယ်ချင်ပါတယ်။ ဘဏ်အကောင့် ကိုယ်ပိုင်ရှိမှ ၀ယ်လို့ရတာလား။

ဖြေ။ ။ Multiply မှာ Premium Account ၀ယ်ချင်ရင် ဘဏ် Account ရှိဖို့လိုပါတယ်။

မေး။ Multiply ရဲ့ Free Account မှာပဲ Theme ဒီဇိုင်းတွေ ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော်က Page တစ်ခုလုံးရဲ့ Theme ဒီဇိုင်းကို မပြောင်းလဲဘဲ Page ရဲ့ Header Title Image ကိုပဲ နှစ်သက်ရာပုံ ပြောင်းချင်ပါတယ်။ ဘယ်လိုပြောင်းရမလဲ။ Free Account မှာပြောင်းကြည့်ချင်တာပါ။ Premium Java Script နဲ့ ဖန်တီးထားတဲ့ လှုပ်ရှားမှုတွေကို ပေါင်းထည့်ချင်ပါတယ်။

ဖြေ။ ။ Multiply ရဲ့ Free Account မှာ ဒီဇိုင်းတွေ၊ နောက်ခံတွေ ပြောင်းဖို့မရနိုင်ပါ။ Premium Account သို့ ၀င်ရပါမယ်။ Code တွေနဲ့ ထည့်ချင်ရင်တော့ Header/Footer ချိန်းလို့ ရပါလိမ့်မယ်။



(၁) မှာဖြေထားတာကတော့ ဟုတ်ပါတယ်..။ Multiply မှာ Premium Account ၀ယ်ချင်ရင် ဘဏ် Account ရှိဖို့လိုအပ်ပါတယ်

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်လည်း ရေးမယ်လုပ်တိုင်း အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ဘူး...။ အခု ကွန်ပျူတာဂျာနယ်မှာ တွေ့တာနဲ့ မသိသေးသူတွေ သိရအောင် ကျနော် Post အနေနဲ့ ရေးလိုက်ပါတယ်ခင်ဗျာ..။

Multiply မှာ Free Account နဲ့ Premium Account ဘာတွေကွာခြားလည်းဆိုတာအားလုံးသိ
ဖို့ လိုမယ်လို့လည်း ကျနော်ထင်ပါတယ်

Multiply မှာ Premium Account အဖြစ် နေလိုရင်တော့ တစ်နှစ်ကို $19.95 ပေးဆောင်ရပါမယ်။ ပေးဆောင်ဖို့အတွက်တော့ Credit Card ရှိဖို့လိုပါတယ်..။ ပြည်တွင်းမှာဆိုရင်တော့ Credit Card ဖြင့် ၀န်ဆောင်မှုပေးသူများကို ရှာ၍ Multiply တွင် Premium Account ရယူနိုင်ပါတယ်….။ မြန်မာငွေဖြင့်တွက်သော် ကျပ် နှစ်သောင်းကျော်တာ ကုန်မှာဖြစ်ပါတယ်…။



Multiply မှာ Premium Account အဖြစ်ဝယ်လိုက်ရင်တော့ အောက်ပါ အကျိုးများကို ခံစားနိုင်မှာဖြစ်ပါတယ် …

(၁) photos နဲ့ videos တွေကို အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ခြင်း

(၂) မိမိ Upload သော photos နဲ့ videos အပြည့်အ၀ သိမ်းဆည်းပေးနိုင်ခြင်း

(၃) Mouse တစ်ချက်နိပ်ရုံဖြင့် photo album တစ်ခုလုံးကို downloads ယူနိုင်ခြင်း

(၄) အရည်အသွေးမြင့်သော Video တွေကို မိနစ် ၂၀ အတွင်းသွက်လက်စွာ Upload ပေးနိုင်ခြင်း

(၅) Multiply ရဲ့ Profile အောက်က ကြော်ငြာဘား(Ads)အားဖျောက်ပေးခြင်း၊ Photo နဲ့ Video များကို Sharing လုပ်ရာတွင် (Multiply Logo) Ads ဖျောက်ထားပေးခြင်း၊

အဲ့ဒါတွေပါပဲ...

မေးခွန်းနံပါတ်(၂)မှာ ကွန်ပျူတာဂျာနယ် ကဖြေထားတာတော့ (နည်းနည်း)လွဲနေပါတယ်...။ ဘာကိုလည်းဆိုရင် Multiply ရဲ့ Free Account မှာ ဒီဇိုင်းတွေ၊ နောက်ခံတွေ ပြောင်းဖို့မရနိုင်ပါ။ Premium Account သို့ ၀င်ရပါမယ်။ Code တွေနဲ့ ထည့်ချင်ရင်တော့ Header/Footer ချိန်းလို့ ရပါလိမ့်မယ်။http://multiplythemes.com/ မှာ Theme တွေ အများကြီးရယူနိုင်ပါတယ်...။ Free နဲ့ Premium ရဲ့ ကွာခြားချက်ကတော့ သွက်လက်မှုနဲ့အတိုင်းအတားမဲ့ ပြုလုပ်နိုင်ခြင်းပါပဲ...။


ကျနော့်အထင်နဲ့အမြင်ပြောရရင်တော ဆိုတာကတော့ တစ်ကယ်ဆိုရင် Free Account မှာပဲဖြစ်ဖြစ် Premium Account မှာပဲဖြစ်ဖြစ် CSS /HTML Code တွေကို နားလည်ရင် Theme ကို စိတ်တိုင်းကျလုပ်လို့ရပါတယ်..။ CSS /HTML Code အကြောင်းကို နားမလည်ရင်လည့်း  Free လည်း အတူတူလောက်ပါပဲ..။ လုပ်ငန်းပိုင်းသုံးဖို့ဆိုရင်တော့ ၀ယ်ထားတာ မမှားဘူးပေါ့...။ ဈေးလည်း ပြောသလောက်မကြီးပါဘူး ကျပ်နှစ်သောင်းကျော်ပါပဲ...။ ကျနော်လည်း တစ်နေ့နေ့တော့ ၀ယ်ချင်ပါသေးတယ်..။ ကျနော်ကတော့ ဘာပဲပြောပြော Multiply ကို တော်တော်ကြိုက်ပါတယ်...။ အဲ့ဒီအတွက်ကြောင့် Multiply ကိုရောက်ရှိလာတဲ့ သူငယ်ချင်းတို့လည်း Multiply ကို အသုံးပြုတတ်စေဖို့ ကျနော် အချိန်ရတိုင်း ကျနော် Post တင်သွားမှာပါ...။

နောက်တစ်ခုပြောလိုတာကတော့ သူငယ်ချင်းတို့လည်း Multiply မှာ ရှိတဲ့ သူငယ်ချင်းတွေကို ကူညီတဲ့အနေနဲ့ ကျနော်တို့ ပြုလုပ်ထားတဲ့ www.myanmarmultiply.co.cc ကို ကြော်ငြာပေးဖို့ ပြောချင်ပါတယ်ခင်ဗျာ...။ ကွန်ပျူတာဂျာနယ်မှာမေးတဲ့ သူငယ်ချင်းက ကျနော်တို့ လုပ်ထားတဲ့ အုပ်စုလေးကို မသိလို့ မေးတာဖြစ်မှာပါ..။ အဲ့ဒီအတွက်ကြောင့် အုပ်စုလေးကို အားလုံး သိရှိအောင်လို့ ၀ိုင်းဝန်းကူညီပေးစေလိုပါတယ်ခင်ဗျာ....။

source; Computer Journal
Written By; ...ဇောင်း

0 comments:

Post a Comment