Home » » သြစတျေးလျနိုင်ငံတွင် ကရင်ဘုန်းတော်ကြီကျောင်းစတင်ဖွင့်လှစ်ခြင်းနဲ့ ကျွတော့်ဆန္ဒ

သြစတျေးလျနိုင်ငံတွင် ကရင်ဘုန်းတော်ကြီကျောင်းစတင်ဖွင့်လှစ်ခြင်းနဲ့ ကျွတော့်ဆန္ဒ

သြစတျေးလျနိုင်ငံတွင် ကရင်ဘုန်းတော်ကြီကျောင်းစတင်ဖွင့်လှစ်ကြောင်းသတင်းကို အဲခေါင်သောင့်ဘလော့မှ ဖတ်ရှုခွင့်ရပါသည်။
ဗုဒ္ဒဘာသာကရင်အမျိုးသားများအတွက် သတင်းကောင်းတစ်ခုလည်းဖြစ်ပါသည်။ သို့သော် ခရစ်ယာန်ဘာသာဝင်ကရင်များ
အနေဖြင့်လဲ အမြင်တစ်မျိုးမရှိစေချင်ပါ။ ကျွန်တော်သည် ဗုဒ္ဒဘာသာကရင်တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးအစွန်းရောက်ခြင်း
မျိုးဘယ်တော့မှ အားပေးမည်မဟုတ်ပါ။ နည်းမှန်လမ်းကျကိုးကွယ်ယုံကြည်မှုမျိုးကိုသာ တနည်းအားဖြင့် စည်းလုံးညီညွတ်သော community, society မျိုးကိုသာ မိမိကိုးကွယ်သောဘာသာရေးနဲ့ တည်ဆောက်စေချင်ပါတယ်။


သြစတျေးလျနိုင်ငံတွင် ကရင်ဘုန်းတော်ကြီကျောင်းစတင်ဖွင့်လှစ်ခြင်းဓာတ်ပုံ

ကျွန်တော်အဓိကဆိုလိုသည်မှာ သြစတျေးလျနိုင်ငံတွင် ကရင်ဘုန်းတော်ကြီကျောင်းစတင်ဖွင့်လှစ်ခြင်းအားဖြင့် နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ ခရစ်ယာန်၊ ဗုဒ္ဒဘာသာကရင်အမျိုးသား၊ အမျိုးသမီးများအားလုံး တစ်ဦးနဲ့တစ်ဦးစိတ်ထဲမှာ တစ်မျိုးမရှိစေခြင်ပါ။

`နေရာ`ဆိုသည်မှာ ခိုနားစရာအတွက်သာဖြစ်ပြီး ကိုယ်သေသွားတဲ့အခါကိုယ့်နောက်လိုက်ပါနိုင်သောအရာမဟုတ်ပါ။ လူတိုင်းအပေါ်မှာ မိမိစိတ်ကောင်းထားခြင်း၊ သူတစ်ပါးအကျိုးရိုင်းပင်းကူညီခြင်းဖြင့်သာလျှင်ကိုယ့်နောက်ပါသွားနိုင်သော အရာများဖြစ်ပါသည်။ ဒါကြောင့် သြစတျေးလျနိုင်ငံတွင် ကရင်ဘုန်းတော်ကြီကျောင်းစတင်ဖွင့်လှစ်နိုင်ခြင်းဖြင့် ဗုဒ္ဒဘာသာကရင်အမျိုးသားများအနေနဲ့ဝမ်းသာအားရမှုဖြစ်ခဲ့သလိုခရစ်ယာန်ကရင်အမျိုးသား၊ အမျိုးသမီးများအတွက်လဲ အခက်အခဲများရှိသောအခါ ခိုကိုးရာနေရာတစ်ခုဖြစ်ပါစေကြောင်း ကျွန်တော်ဆန္ဒပြုခဲ့ပါတယ်။

စောလင်းနက်စ်

0 comments:

Post a Comment