Home » , » ဘယ်တော့မှ အရှုံးမပေးခြင်း (Never say die)၊ မဆုတ်မနစ်သော ဇွဲလုံ့လရဲ့သဘောတရား (Attitude persistence)

ဘယ်တော့မှ အရှုံးမပေးခြင်း (Never say die)၊ မဆုတ်မနစ်သော ဇွဲလုံ့လရဲ့သဘောတရား (Attitude persistence)

ကျွန်တော်ကတော့ ဒီတလော ဗဟုသုတရစရာ English ဆောင်းပါးအတိုအထွာလေးကိုပဲ တတ်နိုင်သလောက်ဘာသာပြန်လေ့ကျင့်ရေးနဲ့ စာဖတ်သူအတွက် အထူးသဖြင့် Generation ကရင်မျိုးဆက်များအတွက် အကျိုးများနိုင်မယ်ထင်ရတဲ့ အကြောင်းအရာများကို ရွေးချယ်ပြီး ပို့စ်အဖြစ်တင်ပေးပါတယ်။

အခြား ရွေကရင်အကြောင်းများလဲ အချိန်ရရင်ရေးဖို့စိတ်ကူးထားပါတယ်။ (စာအုပ်ထဲမှ ရွေးထုပ်ခြင်းအပါအ၀င်ပေါ့ဗျာ)

မဆုပ်မနစ်သော ဇွဲလုံးလသည် အနှောင့်အယှက်ပြဿနာများရှိခဲ့သော်လည်း မိမိရဲ့ပန်းတိုင်ကိုရောက်ရှိသည့်အထိ ဆက်လက်လုပ်ဆောင်သူများအတွက် တွန်းအားတစ်ခုပါပဲ။

အောင်မြင်သူတိုင်းဟာ အရှုံးမပေးတတ်ကြပါ။ ဒါလဲ အောင်မြင်မှုအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ခိုင်မာသေချာစွာ
တည်ဆောက်ထားတဲ့ပန်းတိုင်နဲ့ ဂရုတစိုက်တွေးခေါ်တဲ့ Idea များဟာ မဆုပ်မနစ်ဆုပ်ကိုင်ထားမယ်ဆိုရင် အောင်မြင်ခြင်းရဲ့ လမ်းကြောင်းများဖြစ်ပါတယ်။ သူတို့ရဲ့မဆုပ်မနစ်တဲ့ အနေထားပေါ်မူပြီး လူတွေဟာ အောက်ပါ Level အလိုက် ကွဲပြားသွားပါတယ်။

ဘယ်တော့မှ စပြီးမလုပ်ဆောင်သောပုဂိုလ် ( Those who never start )

အချို့သောလူတတွေဟာ ideasတွေ ရှိကြပါတယ် နောက်ပြီး အဲဒီ idea နဲ့ပတ်သက်တဲ့အကြောင်းများကို
လည်း ပြောဆိုဆွေးနွေးကြတယ်။ ဒါပေမယ့် သူတို့ အကောင်အထည်မဖေါ်ကြပါဘူး အကြောင်းကတော့
ကိုယ့်ကိုယုံကြည်မှုမရှိလို့ပါပဲ။ တွေးတောခြင်း၊ ပြောဆိုဆွေးနွေးခြင်းနဲ့ပဲ အချိန်ကုန်လွန်စေတယ်။ ဒီလိုပုဂိုလ်
မျိုးသည် အကြောက်တရားကိုကျော်လွန်ခြင်း၊ တစ်စုံတရာကို မစတင်ခဲ့သည့်အတွက်ကြောင့် အောင်မြင်မှုမ
ရရှိနိုင်ပါ။

အလုပ်ကိုစတင်လုပ်ဆောင်ပါသည် (သို့သော်) ပြီးစီးအောင်မဆောင်ရွက်သောပုဂိုလ် (Those who start but never finish)

အချို့သောလူတွေကျတော့ ideaကောင်းလေးတွေလည်းရှိကြပါတယ် ပြီးတော့ စတင်လုပ်ဆောင်ဖို့လည်း
ကြောက်ရွံ့ခြင်းမရှိပါ။ သူတို့ အရမ်းစိတ်လုပ်ရှားတက်ကြွပါတယ်။ ဒါပေမယ့် အနှောင့်အယှက်ပြဿနာများ
တွေ့ကြုံရင်ဆိုင်လိုက်ရတဲ့အချိန်မှာ အဲဒီပြဿနာကိုရင်ဆိုင်ရမယ့်အစား သူတို့ရှောင်ထွက်သွားကြပါတယ်။
စိန်ခေါ်လာမည့်ပြဿနာများကိုလည်း ဘယ်တော့မှ ကြိုတင်ပြင်ဆင်မှုမစဉ်းစာခဲ့ပါဘူးး။
ဘ၀ဆိုတာ အခက်အခဲပြဿနာများမရှိခဲ့ဘူးဆိုရင် ပျင်းရိစရာလည်းအရမ်းကောင်းမှာပါ။ အခက်အခဲမရင်ဆိုင်
ရတဲ့ ပုဂိုလ်ဟာလည်း အောင်မြင်မှုဆိုတာ ဘယ်တော့မှရရှိမှာမဟုတ်ပါဘူး။ ဒီအချက်သည် စီးပွားရေးနယ်ပယ်၊
အိမ်ထောင်သည်များနယ်ပယ်မှာ အရမ်းမှန်ကန်ပါတယ်။ ဒီဒုတိယသုတ်ပုဂိုလ်မျိုးဟာ မဆုပ်မနစ်ဇွဲလုံးလမရှိ
တဲ့သူ၊ တိကျခိုင်မာတဲ့ ပန်းတိုင်မရှိတဲ့သူရယ်လို့မှတ်ယူရပါလိမ့်မယ်။

အလုပ်ကိုစလဲစတင်ခဲ့တယ် ပြီးတော့ ပြီးစီးအောင်လဲဆောင်ရွက်တဲ့ ပုဂိုလ် (Those who start and finish)

ဒီတတိယအုပ်စုပုဂိုလ်သည် အကောင်အထည်ဖေါ်ဖို့ idea ကောင်းလဲရှိတယ်။ ပြီးတော့ idea များကိုလည်း
မဆုပ်မနစ်ပြုလုပ်ဆောင်ရွက်ကြတယ်။ သူတို့ရဲ့ပန်းတိုင်များဟာလည်း ခိုင်ခိုင်မာမာရှိတယ်။ သူတို့ရဲ့လုပ်
ဆောင်ချက်များနဲ့ပတ်သက်ပြီး ကောင်းကျိုးရှိတဲ့ရလာဒ်မျိုးကိုပဲ ပြုလုပ်ဆောင်ရွက်ကြတယ်။ သူတို့ဟာ
အဖြေရလာတဲ့အထိ အခွင့်အရေးကောင်းတစ်ခုအနေနဲ့ ပြဿနာများကို ရှုမြင်သုံးသပ်ကြတယ်။ အခက်
အခဲများကို တွေ့ကြုံရင်ဆိုင်ရတာနဲ့ ထိုအခက်အခဲများကို ပြေလည်ဖို့ ဆထက်တပိုးကြိုးစားအားထုတ်
ကြတယ်။ အနှေးနဲ့အမြန်ဆိုသလို အခက်အခဲများကို ဖြေရှင်းနိုင်ကြပြီး အခက်အခဲများရင်ဆိုင်ဖြေရှင်း
မှုနဲ့အတူ အောင်မြင်မှုများရရှိခံစားလာကြတယ်။ အောင်မြင်တဲ့ပုဂိုလ်ဟာ ပြဿနာများမဖြေရှင်းနိုင်သေး
သရွေ့၊ ပန်းတိုင်ကိုမရောက်ရှိသရွေ့ ဘယ်တော့မှလက်မြောက်အရှုံးပေးရိုးထုံးစံမရှိပါ။
လူတွေဟာလဲ မဆုပ်မနစ်ဇွဲလုံးလရှိတဲ့သူကို လေးစားကြည်ညိုကြပြီး ဒါတွေဟာလဲ အောင်မြင်မှုရဲ့ပင်မသော့
ချက်ဖြစ်ပါတယ်။
ကဲစာဖတ်သူများလဲ တတိယအုပ်စုပုဂိုလ်မျိုးကိုပဲ အတုယူပြီး အောင်မြင်မှုရယူနိုင်ကြပါစေ…..

စောလင်းနက်စ်

0 comments:

Post a Comment