Home » , » ဆုံးနိမ့်ခြင်းသည် အောင်မြင်ခြင်းရဲ့ဒေါက်တိုင် (Failures are pillars of success)၊ အမှားတွေမှ လေ့လာသင်ယူပါ (Learning From Mistake)

ဆုံးနိမ့်ခြင်းသည် အောင်မြင်ခြင်းရဲ့ဒေါက်တိုင် (Failures are pillars of success)၊ အမှားတွေမှ လေ့လာသင်ယူပါ (Learning From Mistake)

လူတိုင်းအမှားတွေကို ပြုလုပ်တတ်ကြပြီး အမှားကိုပြုလုပ်ခြင်းသည် လူသားတိုရဲ့သဘာဝပင်ဖြစ်တယ်။ အမှားကိုဘယ်တော့မှ မပြုလုပ်မိတဲ့ ပုဂိုလ်ဟာ တစ်စုံတစ်ခုသောအသစ်အဆန်းကို ဘယ်တော့မှမတီထွင်မကြိုးစားသူရယ်လို့ သင်သဘောပေါက်နိုင်ပါတယ်။ သစ်လွင်သော (idea)သဘောတရားတွေကို ကြိုးပမ်းအားထုတ်ခြင်းသည်လည်း ရှက်စရာတစ်ခုမဟုတ်ပါ။ အမှားတွေကို လုပ်မိမှာ ကြောက်ရွံ့တဲ့အတွက် တစ်စုံတစ်ခုသောအသစ်အဆန်းများကိုကြိုးစားဖို့ဘယ်တော့မှ
မကြောက်ရွံ့သင့်ဘူး။

Penicillin ဆေးရဲ့ ရှာဖွေတွေ့ရှိချက်သည်လည်း အမှားရဲ့အကျိုးရလာဒ်ပါပဲ။ အကယ်၍ Thomas Editionနဲ့ Henry Ford နှစ်ယောက်တို့သည် အမှားတွေကိုကြောက်ခဲ့မယ်ဆိုရင် ငါတို့တစ်တွေ အခုခေတ် ကားတွေ၊ မီးတွေနဲ့ဇိမ်ခံနိုင်ကြမှာ မဟုတ်ပါ။ သူတို့ အမှားတွေမှ သင်ခန်းစာယူကြတယ်။ အောင်မြင်တဲ့သူတိုင်း သူတို့ရဲ့အမှားတွေကို အမြဲတန်းအာရုံစိုက်တယ်။ ပြီးတော့ အမှားတွေကို သုံးသပ်တယ်။ အဲဒီအချိန်မှ ပြဿနာအဖြေကို ရရှိလာကြတယ်။

စီးပွားရေးလောကမှာ အရမ်းအောင်မြင်တဲ့ Mr Thomas Monagham Dominoes Pizzaဟာ သူရဲ့အလုပ်သမားတွေကို အမှားပြုမိရုံနဲ့ ဘယ်တော့မှဆူပူကြိမ်းမောင်းခြင်းမရှိပါ (ဒါပေမယ့် လွန်လွန်ကျူးကျူးပြုလုပ်ခြင်းမျိုးကိုတော့ သူမအားပေးခဲ့ပါဘူး)။ သူတို့အမှားတွေမှ လေ့လာသင်ယူခိုင်းတယ်။ သူ့ရဲ့သီအိုရီကတော့ တစ်စုံတစ်ရာအမှားကို မပြုလုပ်မိဘဲနဲ့ မည်သည့်အောင်မြင်မှုမျိုးမှ ရရှိမှာနိုင်မှာမဟုတ်ပါ။ အောင်မြင်မှုဆိုတာ ကောင်းကောင်းခွဲခြားသိရှိမှု၊ သုံးသပ်မှု၊ မှန်ကန်တဲ့အဖြေတစ်ခုကို ရရှိဖို့ အမှားပြုလုပ်ခြင်းမှ သင်ယူမှုတွေအပေါ်မှီတည်နေပါတယ်။

တစ်စုံတစ်ယောက်က အမှားလုပ်မိမယ်ဆိုရင် မင်း သူကို စိတ်ပျက်အောင်မလုပ်စေနဲ့၊ အဲဒီအစား ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို ညွန်ပြပေးလိုက်ပါ။ ဒီလိုပြုမူဆောင်ရွက်ခြင်းဖြင့် သူ့ရဲ့အသစ်အဆန်းတီထွင်ကြံဆမှုကြိုးစားခြင်းမှ သူ့ကို တားမြစ်ရာမရောက်တော့ပါ။ မင်း သူ့ကို ဆူပူကြိမ်းမောင်းလိုက်မယ်ဆိုရင် သူ့ရဲ့အသစ်အဆန်းတီထွင်ကြံဆခြင်းမှ ရပ်တန့်သွားလိမ်းမည်။

နိဂုံးချုပ်အားဖြင့် အမှားတွေဟာ မှန်မှန်ကန်ကန်အသုံးပြုတဲ့အချိန်တွင် ကောင်းမွန်မှန်ကန်တဲ့ ရလာဒ် (Positive result)ပြောင်းသွားစေနိုင်ပါတယ်။

ဒါကြောင့် အမှားတွေမှ သင်ယူလေ့လာခြင်းဖြင့် `ဆုံးရှုံးခြင်းသည် အောင်မြင်ခြင်းရဲ့ဒေါက်တိုင်`ဟု ပညာရှင်များရဲ့ သီအိုရီပင်ဖြစ်ကြောင်း စာဖတ်သူအတွက်တင်ပြလိုက်ရပါသည်။

Saw Linux

0 comments:

Post a Comment