Home » » စောကညောရဲ့ ရင်ဖွင့်သံ

စောကညောရဲ့ ရင်ဖွင့်သံ

စောကညောရဲ့ ရင်ဖွင့်သံ-သည် ဇွဲကပင် ဂျာနယ် (ဂျပန်)မှ ကူယူခြင်းဖြစ်ပါသည်။ စောကညောရဲ့ ရင်ဖွင့်သံ-ဆိုတဲ့ခေါင်းစည်းသည်လည်း မိမိသာနာမည်တစ်မျိုးနဲ့မှည့်ခြင်းဖြစ်ပြီး ကရင်မျိုးနွယ်စုတို့အတွက်အကျိုးများမည်ထင်လို့ ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။

သယ်ငယ်ချင်းတို့ မင်းတို့ဟာ ကရင်လူမျိုးဖြစ်တယ်ဆိုရင် ကိုယ်လူမျိုးအတွက်အကိုယ် အကောင်းဆုံးဘက်ကပေးစပ်ပါ။
မြန်မာနိုင်ငံမှာနေသူများအဖို အစိုးရကို ဆန့်ကျင်ခိုင်းသည်မဟုတ်ပါ ကိုယ်လူမျိုး ရိုးရာ ဓလေ့မပြောက်ပျက်အောင် ထိန်းသိမ်းဖို့အတွက်သာရည်ညွှန်းခြင်းဖြစ်ပါသည်။ သင့်လူမျိုးများသည် ကမ္ဘာအရပ်ရပ်တွင်ပြန့်ပွားလျှက်ရှိပါသည် သို့ပါ၍ ကိုယ့်ဘာသာ စကားများပျောက်ပျက်မသွားစေရန် သင့်မှစ၍ ကရင်လူမျိုးများဖြစ်သော ကရင် အမျိုးသားများအားတွေသည့်အခါတွင် ကရင်စကားသာပြောကြစေလိုပါသည်။ ဥပမာအနေအားဖြင် အမေရိကန်၊ဟော်လန်၊ ဆွီဒင်၊ ကနေဒါ .....အစရှိသောနိုင်ငံများသို့ရောက်ရှိနေသော ကရင်လူမျိုးများသည် ယခုအချိန်တွင် ကရင်စကားကိုပြောတတ်ပါသော်ညားလဲ နောက်မျိုးဆက်များအနေဖြင့်

ကရင်စကားများ မပြောတတ်မည်ကို ကျွန်တော်အနေအားဖြင့် အထူးစိုးရိမ်မိပါသည်။ ကျွန်တော်အနေအားဖြင့်မြန်မာလို ရေရသည်မှာ ကျွန်တော်သည် စကောကရင် ဖြစ်ပါသည် သို့သော်လဲ စကောကရင်ဘာသာဖြင့် ကျွန်တော်ရေးလျှင် အရှေ့ပိုး၊အနောက်ပိုး၊အစရှိသောကရင်လူမျိုးများ
မနားလည်မည်ကို စိုးရွံသောကြောင့် မြန်မာလိုရေးခြင်းဖြစ်ပါသည်။ သင်သည် အရှေ့ပိုးကရင်ဖြစ်လျှင် သင့်စကားမပျောက်ပါစေနှင့် ထို့အတူ အနောက်ပိုး၊ စကော၊ ကရင်ဖြူ၊ ဂယ်ခို ဂယ်ပါး၊ .......အစရှိသောကရင်လူမျိုးများသည်လည်း မိမိ ဘာသာ မပျောက်ပျက်အောင် မည်သည့်နေရာရောက်ရောက် မိမိ စကားကို အမြဲ ပြောဆိုခြင်းဖြင့် မိမိ တို့ အမျိုး ဘာသာ စကားကို ထိန်းသိမ်းကျပါစို့...

သူငယ်ချင်းအားလုံးကို လေးစားလျှက်
စောကညော

0 comments:

Post a Comment