ဧည့်သည်: ကိုသံလုံရေ run box မှာ လိုချင်တာလေးတွေရိုက်ပြီး သုံးထားတယ်။ သူက သုံးထားတာတွေကို run box မှာပြန်မြင်နေရတယ်။ မမြင်စေချင်ဘူးဗျ။ ဘယ်လိုလုပ်ရမလဲ။ ပြောပြပါအုံး။

ဟုတ်ကဲ့ recent command တွေကို ဖျတ်ဖို့က နှစ်နည်း ရှိပါတယ်။ Registry က ဖျတ်တဲ့နည်းရယ်၊ Customize Start Menu က ဖျတ်တဲ့နည်းရယ်ပါ။ နှစ်နည်းလုံး ပြောပြပါ့မယ်။
1: Clear Recent Command In Registry
ထုံးစံအတိုင်း Run မှာ regedit လို့ ရိုက်ထည့်ပြီး Registry Editor ကို ၀င်ပါတယ်။ အောက်ပါ အတိုင်း သွားပါတယ်။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU
RunMRU ကို နှိပ်ကြည့်လိုက်ရင် အောက်ပါ အတိုင်း သုံးခဲ့ ဘူးတဲ့ အက္ခရာ အစတွေအလိုက် အရေအတွက်ပေါ်ပါတယ်။ အဲဒီ အက္ခရာတွေ ဖျတ်ပေးပါ။ (ကျနော်အောက်မှာ ၀ိုင်းပြထားပါတယ်)

2: Completely Clear Recent Run Dialog The Easier Way
ဒါကနောက်တစ်နည်းပေါ့။ Task bar မှာ Right-Click လုပ်ပြီး Properties ကို နှိပ်။ Start menu ဆိုတဲ့ Tab မှာ Classic Start Menu ကို ရွေးပြီး Customize ကို နှိပ်လိုက်ပါ။

အောက်မှာ ပြထားတဲ့ အတိုင်း Recycle Bin ဘေးက Clear ကိုနှိပ်ပေးလိုက်ပါ။ ခဏစောင့်ရပါတယ်။

ပြီးရင်တော့ Ok နှိပ်၊ Task bar and Start Menu Properties ကို Cancel ပေးလိုက်ရင် recent command များကို clear လုပ်ပြီးဖြစ်သွားပါပြီ။ ကျေးဇူးပါဗျာ ။ အဆင်ပြေပါစေ ......
0 comments:
Post a Comment