ကျနော် ကျန်းမာရေးနဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် စာမရေးဖြစ်တာကြာသွားပါတယ်။ အဲဒါတောင်မှ ခဏခဏ လာကြည့်ပေးကြတဲ့ အမျိုးတွေကို ကျေးဇူးတင်ပါတယ်။ အခု Vista HP ကို သုံးနေတယ်ဗျ။ အဲဒီမှာ ပါလာတဲ့ Right-click menu လေးက ရိုးရိုး(မပြုပြင်ထားသော) Vista တွေမှာ မပါဘူးဗျ။ windows 7 သုံးလာပြီးတော့ Vista ပြန်သုံးတာ ဆိုတော့ သူ့မှာပါတာလေးတွေ Vista မှာ လုပ်ကြည့်လို့ရမလားလို့ စမ်းကြည့်လိုက်တာပါ။ ကဲပါ ... စမ်းကြည့်ရအောင် ...

အခု ပြထားတဲ့ ပုံကတော့ Desktop မှာ Right-Click လုပ်လိုက်ရင် ပေါ်လာမယ့်ပုံဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင်တော့ အရမ်းများသွားမှာပေါ့။ ကျနော်က Personalize မှာ ပါတာတွေ အားလုံးကို Right-click menu မှာ ပေါ်လာအောင် ထုတ်ပြထားလိုက်တာပါ။ မိမိသုံးချင်တာလေးပဲ ယူသုံးပေါ့။ (ဥပမာ- Desktop Background ပြောင်းတာပဲ ထည့်ချင်ရင် Change Wallpaper ကိုပဲ ယူထားပေါ့ ) ။ အသုံးတည့်မှာပါနော် .. ဆက်ကြည့်ပေးပါဦး။
Appearance ...

အရင်ဆုံး Appearance ထည့်တာကို လုပ်ပြပါ့မယ်။
Winkey+R ကို နှိပ်ပြီး Run ကို ခေါ်ပါတယ်။ regedit လို့ run မှာ ရိုက်ထည့်ပြီး Registry Editor ကို ခေါ်လိုက်ပါတယ်။ အောက်ပါ Directory အတိုင်း သွားပေးပါ။
HKEY_CLASSES_ROOT\Directory\Background\shell
Shell မှာ Right-click ထောက်ပြီး New - Key ကို နှိပ်ပါတယ်။

Appearance လို့ နာမည်ပေးလိုက်ပါတယ်။

Appearance မှာ Right-click ထောက်ပြီး New - Key ကို နှိပ်ပါတယ်။

command လို့ နာမည်ပေးလိုက်ပါတယ်။

command ကို နှိပ်လိုက်ရင် သူ့ရဲ့ညာဘက်မှာ Default ဆိုတဲ့ item လေး တွေ့ပါလိမ့်မယ်။ အဲဒါကို Double-click နှိပ်လိုက်ပါ။

ပေါ်လာတဲ့ သူ့ရဲ့ Value Modify မှာ Value ကို
control desk.cpl,,2 ဆိုတာလေး ထည့်ပေးလိုက်ပါတယ်။

အောက်ပါအတိုင်း Desktop right-click menu မှာ Appearance ဆိုတာ ပေါ်လာပါပြီ ။

ကျန်တာတွေကလည်း တူတူပါပဲ ။ Shell အောက်မှာခွဲတဲ့ sub folder name ရယ် Command အောက် Value တွေပဲ ပြောင်းတဲ့အတွက် ဒီအတိုင်းပဲ ဆက်လုပ်သွားပြီး value လေးတွေ သူ့နေရာနဲ့ သူလိုက်ထည့်ပေးလိုက်ပါ။ (ဥပမာ- Change Wallpaper ကို ထည့်ဖို့အတွက် Appearance နာမည်ပေးတဲ့နေရာမှာ Change Wallpaper ကို ထည့်ပေးလိုက်မယ်။ Value ထည့်တဲ့နေရာမှာ Change Wallpaper မှာပေးထားတဲ့ တန်ဖိုး ထည့်ပေးမယ်လေ။ အောက်မှာ တစ်ခုချင်းစီရဲ့ တန်ဖိုးတွေပဲ တန်းစီရေးပေးလိုက်ပါ့မယ်။ နားလည်မယ်ထင်ပါတယ်)
Change Screen Saver ...
Folder name ---
Change Screen Saver
Value ---
control desk.cpl,,1
Change Theme ...
Folder name ---
Change Theme
Value ---
control desk.cpl,,@themes
Change Wallpaper ...
Folder name ---
Change Wallpaper
Value ---
control desk.cpl,,@desktop
Desktop Icons Settings ...
Folder name ---
Desktop Icons Settings
Value ---
control desk.cpl,,0
Display Settings ...
Folder name ---
Display Settings
Value ---
control desk.cpl,,@display
DPI Scaling ...
Folder name ---
DPI Scaling
Value ---
dpiscaling
Gadgets ...
Folder name ---
Gadgets
Value ---
C:\\program files\\windows sidebar\\sidebar.exe /showgadgets
အခုပေးထားတာကတော့ C:\ မှာ Windows တင်ထားတဲ့လူတွေအတွက်ပါ။ သဘောပေါက်မှာပါ။
Window Colorization ...
Folder name ---
Window Colorization
Value ---
explorer shell:::{26EE0668-A00A-44D7-9371-BEB064C98683}\\1\\::{ED834ED6-4B5A-4bfe-8F11-A626DCB6A921}\\pageColorization
အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။ အဲဒါတွေအားလုံးကို လုပ်လို့အဆင်မပြေတာ၊ ဒါမှမဟုတ် အချိန်မပေးပဲ လုပ်ပြီးသားပဲ လိုချင်တယ်ဆိုရင် ကျနော် လုပ်ထားပြီးသားအတိုင်း အောက်မှာ .reg ဖိုင်နဲ့ ဖြစ်ပါတယ်။ Run ပေးလိုက်ရုံပါပဲ။
Windows 7 R-Click Menu in Vista
အဆင်ပြေမယ်ထင်ပါတယ်။ တကယ်လို့ မကြိုက်တာ ပြန်ဖြုတ်ချင်တာဆိုရင်တော့ (တစ်ခုခြင်းပဲ ဖြစ်ဖြစ်၊ အားလုံးပဲ ဖြစ်ဖြစ်ပေါ့)ခုနက လုပ်ခဲ့တဲ့ နေရာမှာပဲ ပြန်ပြီး Delete ပေးလိုက်ရုံပါပဲ။


အဆင်ပြေစွာ အသုံးတည့်ကြပါစေဗျာ ...
Registry, Vista Trick, Windows Vista
0 comments:
Post a Comment