Home » » Disable Autorun For All Drives

Disable Autorun For All Drives

မူပိုင် = သံလုံးငယ်

Registry ကို မလှည့်ဖြစ်တာကြာပြီ .. ။ တစ်ခုလောက်ပြန်ရေးလိုက်ဦးမယ်နော် .. ။ Virus အများဆုံး ကူးစက်မှုက Removeable drive (USB drive တွေပေါ့ဗျာ .. ) တွေက ကူးစက်မှုအများဆုံးနဲ့ အလွယ်ကူ
ဆုံးပါပဲ ။ ဘာအတွက်ပဲ ဖြစ်ဖြစ် ကျနော်ကတော့ Autorun ကိုပိတ်ထားလိုက်တယ်။ CD တစ်ချပ်ထည့်လိုက်တာနဲ့ loading အရမ်းကြာနေတာတွေ .. removeable drive တပ်လိုက်တာနဲ့ Alert box ပေါ်တာတွေက တစ်ခါတစ်လေ စိတ်ရှုပ်တယ်ဗျ ။ တကယ်လို့ Autorun ပျောက်လို့ ပြန်လုပ်ချင်တယ်ဆိုလည်း ဒီနည်းအတိုင်း ပြောင်းပြန်လေးပေါ့ဗျာ။ လေတွေရှည်သွားပြီဗျာ ... Drive တွေ အားလုံး Autorun ဖြုတ်ထားကြည့်ကြရအောင်။ နည်းမျိုးစုံရှိတယ်ဗျ .. ။

ပထမဆုံး CD Drive ဖြုတ်ထားကြည့်မယ်။ ဒါက Autorun ပြန်လိုချင်ရင် ဒီနည်းနဲ့ ပြန်လုပ်လို့ ရတယ်ပေါ့ဗျာ ။
Start - Run မှာ regedit လို့ရိုက်ထည့်ပြီး Ok နှိပ်လိုက်ဗျာ ။ (Vista မှာ Run မပါဘူးလို့ လာပြောနေလို့ ...

XP မှာ window ကီး ကို R နဲ့ တွဲနှိပ်လိုက်ရင် Run ပေါ်တယ်ဗျ။ Vista မှာ ကျတော့ Window ကီး ကို နှိပ်လိုက်တာနဲ့ Search မှာ cursor ချပြီးသားဗျ .. ။ Run အတွက် comment ကို စရေးရုံပဲ။ a နဲ့ စရိုက်လိုက်ပြီ ဆိုတာနဲ့ ကွန်ပျူတာထဲ ရှိသမျှ a နဲ့စတဲ့ ဖိုင်တွေ ပြပေးနိုင်တာက Vista ရဲ့ အားသာချက် တစ်ခုပါ)။


Registry Editor ပေါ်လာရင် အောက်ပါ D-Tree အတိုင်းလေး သွားလိုက်ပါ။
HKEY_LOCAL_MACHINE / SYSTEM / CurrentControlSet / Services / Cdrom
Cdrom ကို နှိပ်လိုက်ရင် အောက်ပါအတိုင်းပေါ်လိမ့်မယ်။

ညာဘက်က ၀ိုင်းပြထားတဲ့ AutoRun ဆိုတာကို D-Click နှိပ်ပြီး Value ကို 0 ပေးလိုက်။ ( 1 က Autorun ကို ဖွင့်တာပေါ့ဗျာ။ Aurtorun ပျောက်လို့ ပြန်ဖော်မယ်ဆို ဒီနည်းအတိုင်းပဲပေါ့။


USB Drives တွေနဲ့ Drive တွေ အားလုံးကို AutoRun ဖြုတ်ထားဖို့ပါ။ ဒီတစ်ခါ Group Policy ထဲ ၀င်မွှေ ကြည့်လိုက်ရအောင် နော် ....
Run မှာ gpedit.msc ကို ထည့်ရိုက်လိုက်ဗျာ ... ။ Group Policy ပေါ်လာလိမ့်မယ်။ အောက် အတိုင်း ရှာလိုက်ပါဦး။
Local Computer Policy / Administrative Templates / System
System ကိုနှိပ်ပြီး ညာဘက်မှာ Turn off Autoplay ကို ရှာလိုက်ပါ။

Turn off Autoplay ကို D-Click ပေးပြီး အောက်ပါအတိုင်း All Drives ကို ရွေးပြီး Enable ပေးလိုက်ပါ။


အဆင်ပြေကြပါစေဗျာ .. ။ ကျနော်လည်း ပျင်းရိနေတာနဲ့ စာမရေးဖြစ်တာ အခုတစ်ခါလည်း date out နေတဲ့ post တစ်ခုနဲ့ နှိပ်စက်မိပြန်ပြီ .. ။ :)

0 comments:

Post a Comment