Home » » Drive ကို Icon ပြောင်းမယ်

Drive ကို Icon ပြောင်းမယ်

မူပိုင် = သံလုံးငယ်

Drive ကို Software မပါပဲ icon ပြောင်းရအောင်.... ။ Run - regedit နဲ့ registry ကို ၀င်လိုက်ပါတယ် အောက်ပါအတိုင်း သွားပါတယ်။
HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows\ CurrentVersion\ Explorer\ DriveIcons\C\ DefaultIcon
(ကျနော် ကြည့်မိသလောက် Window XP Votex 2008 second generation တစ်ခုပဲ အဲလိုပါပါတယ်။ ကျန်တဲ့ window တွေမှာ Explorer ရဲ့ အောက်မှာ DriveIcons ဆိုတာ မရှိတော့ပါဘူး။) မရှိခဲ့ရင် အောက်ပါအတိုင်းလုပ်ပေးပါ။ Explorer မှာ R-Click - New - Key ကို နှိပ်ပါတယ်။ name ကို DriveIcons လို့ပေးလိုက်ပါတယ်။

DriveIcons ကို R-Click - New - Key ကို နှိပ်ပါတယ်။ name ကို C လို့ပေးလိုက်ပါတယ်။


Image Hosted by ImageShack.us

(C လို့ပေးတာက မိမိပြောင်းချင်တဲ့ Drive ကိုပြောတာပါ။ D ကိုပြောင်းချင်ရင် D လို့ထည့်ရပါတယ်။ C ကိုရော အခြား drive တွေကို အားလုံးကို ပြောင်းမယ်ဆိုရင်လည်း၊ Drive တစ်ခု စီ အတွက် လုပ်ပေးရမှာ ဖြစ်ပါတယ်။



C ကို R-Click - New - Key ကို နှိပ်ပါတယ်။ name ကို DefaultIcon လို့ပေးလိုက်ပါတယ်။



ပြီးရင် DefaultIcon ကို click လို့ ညာဘက်မှာ ပေါ်လာတဲ့ Default ကို D-Click ပေးပြီး မိမိ ပေါ်စေချင်တဲ့ icon ရဲ့ နေရာကို ညွှန်းရပါတယ်။ .ico လို့ထည့်ပေးပါ။ (ဥပမာ- ကျနော် ယူတဲ့ icon ရဲ့ Directory ပါ။ H:\For use\Photoshop\ICOn\RSS_feed_png_icons\blue.ico )




ပြီးရင် Registry Editor ကိုပိတ်ပြီး re-initialize (သို့) restart လုပ်ပေးပါ။ ပြောင်းလိုက်တဲ့ Drive ကို အခုလို မြင်ရပါမယ်။




လွယ်ပါတယ် အားလုံး အဆင်ပြေကြပါစေ ....... ဝေဖန်မှုများကို ကြိုဆိုလျှက်ပါဗျာ။

0 comments:

Post a Comment