Home » » Disable CD Burning in Window

Disable CD Burning in Window

မူပိုင် = သံလုံးငယ်

အောက်က ပို့စ် နဲ့ တစ်နေရာထဲ မှာ လုပ်ရမှာ ဖြစ်လို့ ဆက်တိုက်ပဲ ရေးလိုက်ပါတယ်..။ window မှာ cd ရိုက်ဖို့ အတွက် write to cd ဆိုတဲ့ function တစ်ခုပါတာ သိကြမှာပါ..။ သုံးရလည်း လွယ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှလည်း မကြိုက်ကြပါဘူး။ nero သုံးတတ်တဲ့ လူတွေအတွက် အဲဒါက အပိုပါပဲ။ folder တစ်ခုကို ဖွင့်တာနဲ့ window side bar မှာ အောက်ကပုံအတိုင်း ပေါ်ပါတယ်။
Image Hosting by Picoodle.com
file တစ်ခုကို select လုပ်လိုက်တာနဲ့ အောက်ကအတိုင်း ပေါ်ပါတယ်.။

Image Hosting by Picoodle.com

တစ်ခါတစ်လေ နှိပ်မိလို့ပဲ ဖြစ်ဖြစ် send to ကို CD Drive လုပ်မိသွားရင်ပဲ ဖြစ်ဖြစ် save ထားလိုက်ပြီး temporary အဖြစ်ဝင်သွားပါတယ်..။ (CD Drive က R+W မှပေါ်တာပါ)
မသုံးမယ့် အတူတူ အဲဒါ မပေါ် စေချင်ဘူး ဆိုရင်တော့ အောက်ကအတိုင်း registry မှာ ပြင်လို့ ရပါတယ်။
Run မှာ regedit လို့ ရေး ပြီး Registry Editor ကို ၀င်လိုက်ပါ။ အောက်မှာ ပြထားတဲ့ DTree အတိုင်း သွားပေးပါ..။


HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer (အောက်က ပို့စ်ကို လုပ်ပြီးသား ဆိုရင်တော့ regedit လို့ ရေးလိုက်တာနဲ့ ဒီနေရာ တန်းရောက်ပါတယ်)

Explorer ကို နိုပ်လိုက်။ ညာဘက်က ပေါ်လာတဲ့ အကွက်ရဲ့ နေရာလွတ်မှာ R-Click - New - DWORD Value ကို နိုပ်ပြီး name ကို NoCDBurning လို့ပေးလိုက်ပါ။

Image Hosting by Picoodle.com

အဲဒါလေးကို D-Click နိုပ်ပြီး တန်ဖိုးကို 1 ပေးလိုက်ပါ။ ပြီးရင် restart လုပ်လိုက်(re-initialize လုပ်ရုံနဲ့လည်း ရပါတယ်)

Image Hosting by Picoodle.com

ပြန်ပြီး အရင်တိုင်းထားချင်တယ် ဆိုရင်တော့ တန်ဖိုးကို 0 ပေါ့။ လွယ်လွယ်လေးပါနော် .. ။


User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
System Key: [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
Value Name: NoCDBurning
Data Type: REG_DWORD (DWORD Value)
Value Data: (0 = Allow CDR, 1 = Disable CDR)

0 comments:

Post a Comment