Home » » Shift+Del မနိုပ်ရပဲ ဖြတ်သမျှ recycle bin ထဲ မ၀င်အောင်

Shift+Del မနိုပ်ရပဲ ဖြတ်သမျှ recycle bin ထဲ မ၀င်အောင်

မူပိုင် = သံလုံးငယ်

ကျနော် တို့ တော်တော်များများပေါ့ ... delete မနှိပ်ကြပဲ .. Shift + Delete ပဲ သုံးကြတယ် ။ Recycle bin မှာ သွားဖြတ်နေစရာ မလိုအောင်တဲ့..။ အကျင့်တောင် ပါနေကြပြီ။ ဒါဆို shift+del မနှိပ်ရပဲ .. အမြဲတမ်း ဖြတ်လိုက်သမျှ recycle bin ထဲ မရောက်အောင် လုပ်ထားရင် ပို အဆင်ပြေ ပါလိမ့်မယ်။ ထုံးစံ အတိုင်း registry နဲ့ပဲပေါ့။
Run - regedit နဲ့ registry editor ကို ခေါ်လိုက်ပါ။ ပြီးရင် အောက်ပါ DTree အတိုင်း သွားပေးပါ။

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer

Explorer ကို နှိပ်လိုက်။ ညာဘက်က ပေါ်လာတဲ့ အကွက်ရဲ့ နေရာလွတ်မှာ R-Click - New - DWORD Value ကို နှိပ်ပြီး name ကို NoRecycleFiles လို့ပေးလိုက်ပါ။

Image Hosting by Picoodle.com


ပြီးရင် အဲဒီ item လေးကို D-Click ပေးပြီး တန်ဖိုး ကို 1 လို့ ပေးလိုက်ပါ။ အဲဒါဆိုရင် ဖြတ်လိုက်သမျှ recycle bin ထဲ မရောက်တော့ပါဘူး။ (အဲဒီတန်ဖိုး ပြောင်းပြီးတာနဲ့ ချက်ချင်း စမ်းလို့ ရပါတယ်၊ reinitialize လုပ်စရာမလိုပါ)

Image Hosting by Picoodle.com

NoRecycleFiles ဆိုတာကို click ပေး delete key နှိပ်ပြီး ဖြတ်ရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်ပါတယ်။


User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
Value Name: NoRecycleFiles
Data Type: REG_DWORD (DWORD Value)
Value Data: (1 = enabled restriction)

(ကွန်ပျူတာကို ကောင်းကောင်း ကျွမ်းကျင် နေသူများအတွက်တော့ ကျနော် ရေးသမျှ အဆင့်တွေ များပြီး ရှည်ချင်ရှည်နေပါလိမ့်မယ်။ ကျနော်က ခုမှ ကွန်ပျူတာ စသုံးတဲ့ လူတွေပါ လိုက်လုပ်နိုင်အောင် ရေးခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ)

0 comments:

Post a Comment