Home » » Mozilla Firefox

Mozilla Firefox

စောကျော်ခရော့စ်

မိုဇီလာ ဖိုင်းယားဖောက်စ်က ဒီနေ့ အင်တာနက် ဘရောင်ဇာတွေထဲမှာ သုံးရတာ အဆင်အပြေဆုံးပါ။ (ကျနော်တယောက်ထဲအမြင် ဖြစ်ချင်လည်းဖြစ်မယ်။) မိတ်ဆွေအနေနဲ့ ဖိုင်းယားဖောက်စ်ကို အသုံးပြုရတာ နည်းနည်းလေးနေတယ်လို့ ထင်ပါသလား။

ဝဘ်စာမျက်နှာတွေ ဖွင့်ရတာ နည်းနည်းကြာလွန်းတယ်လို့ ထင်ပါသလား။

ဒါဆိုရင် ဒီလိုလုပ်ကြည့်ကြည့်ပါ။

1. Address Bar မှာ about:config လို့ထည့်ပြီး Enter ခေါက်ပါ။
2. browser.sessionhistory.max_entries ဆိုတာကို ရှာပါ။
3. Value နေရာမှာ 50 လို့ ဖော်ပြနေပါမယ်။ အဲဒီ 50 ကို Double Click လုပ်ပြီး 5 လို့ ပြောင်းလိုက်ပါ။

ဒါဆို ပြီးသွားပါပြီ။

အခုပြောင်းလိုက်တဲ့ browser.sessionhistory.max_entries ဆိုတာက ဘရောင်ဇာရဲ့ Go back / Go foward မှတ်သားပေးမယ့် အရေအတွက်ပါ။ ဖိုင်းယားဖောက်စ် မူလ default ကတော့ စာမျက်နှာ ၅၀ အထိ မှတ်သားပေးဖို့ လုပ်ထားပါတယ်။ ကျနော်တို့ အခု ပြောင်းပြီးသွားရင်တော့ ၅ မျက်နှာ အထိဘဲ မှတ်ထားပေးပါတော့မယ်။ ဒီနည်းနဲ့ ဖိုင်းယားဖောက်စ် ပိုမြန်သွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ပိုပြီးအသေးစိတ်သိချင်ရင်တော့ http://kb.mozillazine.org/About:config_entries ဒီစာမျက်နှာမှာ သွားဖတ်နိုင်ပါတယ်။

0 comments:

Post a Comment